တခါတလေမှာ လုပ်ငန်းခွင်ထဲကနေ အချစ်ဇာတ်လမ်းတွေ စတင်ဖို့ စိတ်ကူးမိတတ်ကြပါတယ်။ ဒါပေမဲ့ မစတင်ခင်မှာ ဒီကိစ္စရဲ့ နောက်ဆက်တွဲ ဂုဏ်သိက္ခာပိုင်းနဲ့ အလုပ်အကိုင်အပေါ် သက်ရောက်နိုင်တဲ့ အန္တရာယ်တွေကို သေချာစဉ်းစားဖို့ လိုပါတယ်။ စစ်တမ်းတွေအရ ဝန်ထမ်းအတော်များများဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချစ်ကြိုက်ဖူးကြပါတယ်။ အလုပ်မှာ အချိန်အကြာကြီး အတူတူရှိနေရတာ၊ အပြင်မှာ လူသစ်တွေနဲ့ဆုံဖို့ အချိန်မပေးနိုင်တာတွေကြောင့် လုပ်ငန်းခွင်ဟာ အချစ်ရှာဖို့ အကောင်းဆုံးနေရာ ဖြစ်လာတာပါ။ အထူးသဖြင့် အခုခေတ်မှာ Remote Working (အိမ်ကနေ အလုပ်လုပ်ခြင်း) ကြောင့် ပိုပြီး ရင်းနှီးပွင့်လင်းတဲ့ ဆက်သွယ်မှုတွေ ဖြစ်လာတယ်လို့လည်း ဆိုကြပါတယ်။
Zety ရဲ့ စစ်တမ်းအရ ၉၁ ရာခိုင်နှုန်းသော ဝန်ထမ်းတွေဟာ သူတို့ရဲ့ ရာထူးတက်ဖို့ ဒါမှမဟုတ် အလုပ်မှာ အခွင့်ထူးရဖို့အတွက် ဟန်ဆောင် ပိုးပန်းတာ မျိုးတွေ လုပ်ဖူးကြပါတယ်။ ပရောပရည်လုပ်နေတာဟာ တကယ်ချစ်လို့ မဟုတ်ဘဲ အလုပ်ကိစ္စအတွက် အသုံးချချင်တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ တစ်ဖက်လူရဲ့ ဖော်ရွေမှုကို အချစ်ရေးအရ စိတ်ဝင်စားတယ်လို့ အထင်မှားတတ်ကြပါတယ်။ အလုပ်သဘောအရ ရင်းနှီးတာလား၊ တကယ် စိတ်ပါဝင်စားတာလားဆိုတာ ခွဲခြားဖို့ ခက်ခဲတတ်ပါတယ်။
အထူးသတိထားသင့်တာက Teams ဒါမှမဟုတ် Slack လို ဆက်သွယ်ရေး App တွေကနေတဆင့် ကိုယ့်ချစ်သူဆီ ပို့မယ့်စာကို Group Chat ထဲ မှားပို့မိတာမျိုးကြောင့် ရုံးတွင်း အရှုပ်အထုပ်တွေ ဖြစ်သွားနိုင်တာကိုပါပဲ။ဒီလို လုပ်ငန်းခွင်အချ စ်ရေးတွေက အလုပ်အကိုင်အပေါ် သက်ရောက်မှုရှိနေပါတယ်။ လုပ်ငန်းခွင် အချစ်ဇာတ်လမ်းတွေကြောင့် အာရုံနောက်တာ၊ ရာထူးတက်ဖို့ အခွင့်အရေး လက်လွတ်ရတာတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် အထက်လူကြီးနဲ့ လက်အောက်ငယ်သား တွဲတာမျိုးဟာ ကုမ္ပဏီမူဝါဒနဲ့ ငြိစွန်းတတ်ပြီး အလုပ်ထုတ်ခံရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ သုတေသနတွေအရ ဝန်ထမ်း ၂၉ရာခိုင်နှုန်း ခန့်ဟာ အချစ်ရေးကြောင့် အလုပ်ကထွက်လိုက်ရပြီး ၂၂ရာခိုင်နှုန်း ခန့်ကတော့ အလုပ်ထုတ်ခံခဲ့ရပါတယ်။
တကယ်တော့ လုပ်ငန်းခွင်အချစ်ရေးတွေက ဝှက်ထားဖို့ မလွယ်ကူပါဘူး။ လူအများစုက သူတို့ရဲ့ ဆက်ဆံရေးကို ဖုံးကွယ်ထားနိုင်မယ်လို့ ထင်ကြပေမဲ့ တကယ်တမ်းမှာတော့ မလွယ်ပါဘူး။ မတော်တဆ စာမှားပို့မိတာ၊ တခြားသူတွေက စောင့်ကြည့်နေတာတွေကြောင့် အနှေးနဲ့အမြန် လူသိသွားတတ်ပါတယ်။ ဒီနေရာမှာ ရာထူးကြီးပေမဲ့ အကာအကွယ်မရှိဘူးဆိုတဲ့ သာဓကတွေလည်း အများကြီးရှိနေပါတယ်။ စီအီးအို (CEO) လို ရာထူးကြီးတဲ့သူတွေတောင် လုပ်ငန်းခွင် အချစ်ရေးကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ကုမ္ပဏီတွေဟာ ငွေကြေးအမှားထက် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အမှားတွေကို ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူတတ်ကြပါတယ်။
ဒါကြောင့်လုပ်ဖော်ကိုင်ဖက်အဆင့်ကနေ ချစ်သူအဆင့်ကို မပြောင်းလဲခင်မှာ ဝန်ထမ်းတွေအနေနဲ့ သတိထားဖို့လိုတာက ဒီလိုပတ်သက်မှုမျိုးဟာ ကိုယ့်ရဲ့အလုပ်အ ကိုင် တိုးတက်လမ်းကြောင်းအပေါ် ကြိုတင်ခန့်မှန်းရခက်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်သလို၊ တစ်ခါမှားသွားရင် ပြန်ပြင်ဖို့ အလွန်ခက်ခဲတတ်တာကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ကျော့ကေခိုင်
zawgyi
တခါတေလမွာ လုပ္ငန္းခြင္ထဲကေန အခ်စ္ဇာတ္လမ္းေတြ စတင္ဖို႔ စိတ္ကူးမိတတ္ၾကပါတယ္။ ဒါေပမဲ့ မစတင္ခင္မွာ ဒီကိစၥရဲ႕ ေနာက္ဆက္တြဲ ဂုဏ္သိကၡာပိုင္းနဲ႔ အလုပ္အကိုင္အေပၚ သက္ေရာက္ႏိုင္တဲ့ အႏၲရာယ္ေတြကို ေသခ်ာစဥ္းစားဖို႔ လိုပါတယ္။ စစ္တမ္းေတြအရ ဝန္ထမ္းအေတာ္မ်ားမ်ားဟာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ခ်စ္ႀကိဳက္ဖူးၾကပါတယ္။ အလုပ္မွာ အခ်ိန္အၾကာႀကီး အတူတူရွိေနရတာ၊ အျပင္မွာ လူသစ္ေတြနဲ႔ဆုံဖို႔ အခ်ိန္မေပးႏိုင္တာေတြေၾကာင့္ လုပ္ငန္းခြင္ဟာ အခ်စ္ရွာဖို႔ အေကာင္းဆုံးေနရာ ျဖစ္လာတာပါ။ အထူးသျဖင့္ အခုေခတ္မွာ Remote Working (အိမ္ကေန အလုပ္လုပ္ျခင္း) ေၾကာင့္ ပိုၿပီး ရင္းႏွီးပြင့္လင္းတဲ့ ဆက္သြယ္မႈေတြ ျဖစ္လာတယ္လို႔လည္း ဆိုၾကပါတယ္။
Zety ရဲ႕ စစ္တမ္းအရ ၉၁ ရာခိုင္ႏႈန္းေသာ ဝန္ထမ္းေတြဟာ သူတို႔ရဲ႕ ရာထူးတက္ဖို႔ ဒါမွမဟုတ္ အလုပ္မွာ အခြင့္ထူးရဖို႔အတြက္ ဟန္ေဆာင္ ပိုးပန္းတာ မ်ိဳးေတြ လုပ္ဖူးၾကပါတယ္။ ပေရာပရည္လုပ္ေနတာဟာ တကယ္ခ်စ္လို႔ မဟုတ္ဘဲ အလုပ္ကိစၥအတြက္ အသုံးခ်ခ်င္တာလည္း ျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ အမ်ိဳးသားေတြဟာ တစ္ဖက္လူရဲ႕ ေဖာ္ေ႐ြမႈကို အခ်စ္ေရးအရ စိတ္ဝင္စားတယ္လို႔ အထင္မွားတတ္ၾကပါတယ္။ အလုပ္သေဘာအရ ရင္းႏွီးတာလား၊ တကယ္ စိတ္ပါဝင္စားတာလားဆိုတာ ခြဲျခားဖို႔ ခက္ခဲတတ္ပါတယ္။
အထူးသတိထားသင့္တာက Teams ဒါမွမဟုတ္ Slack လို ဆက္သြယ္ေရး App ေတြကေနတဆင့္ ကိုယ့္ခ်စ္သူဆီ ပို႔မယ့္စာကို Group Chat ထဲ မွားပို႔မိတာမ်ိဳးေၾကာင့္ ႐ုံးတြင္း အရႈပ္အထုပ္ေတြ ျဖစ္သြားႏိုင္တာကိုပါပဲ။ဒီလို လုပ္ငန္းခြင္အခ် စ္ေရးေတြက အလုပ္အကိုင္အေပၚ သက္ေရာက္မႈရွိေနပါတယ္။ လုပ္ငန္းခြင္ အခ်စ္ဇာတ္လမ္းေတြေၾကာင့္ အာ႐ုံေနာက္တာ၊ ရာထူးတက္ဖို႔ အခြင့္အေရး လက္လြတ္ရတာေတြ ရွိႏိုင္ပါတယ္။ အထူးသျဖင့္ အထက္လူႀကီးနဲ႔ လက္ေအာက္ငယ္သား တြဲတာမ်ိဳးဟာ ကုမၸဏီမူဝါဒနဲ႔ ၿငိစြန္းတတ္ၿပီး အလုပ္ထုတ္ခံရတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ သုေတသနေတြအရ ဝန္ထမ္း ၂၉ရာခိုင္ႏႈန္း ခန႔္ဟာ အခ်စ္ေရးေၾကာင့္ အလုပ္ကထြက္လိုက္ရၿပီး ၂၂ရာခိုင္ႏႈန္း ခန႔္ကေတာ့ အလုပ္ထုတ္ခံခဲ့ရပါတယ္။
တကယ္ေတာ့ လုပ္ငန္းခြင္အခ်စ္ေရးေတြက ဝွက္ထားဖို႔ မလြယ္ကူပါဘူး။ လူအမ်ားစုက သူတို႔ရဲ႕ ဆက္ဆံေရးကို ဖုံးကြယ္ထားႏိုင္မယ္လို႔ ထင္ၾကေပမဲ့ တကယ္တမ္းမွာေတာ့ မလြယ္ပါဘူး။ မေတာ္တဆ စာမွားပို႔မိတာ၊ တျခားသူေတြက ေစာင့္ၾကည့္ေနတာေတြေၾကာင့္ အေႏွးနဲ႔အျမန္ လူသိသြားတတ္ပါတယ္။ ဒီေနရာမွာ ရာထူးႀကီးေပမဲ့ အကာအကြယ္မရွိဘူးဆိုတဲ့ သာဓကေတြလည္း အမ်ားႀကီးရွိေနပါတယ္။ စီအီးအို (CEO) လို ရာထူးႀကီးတဲ့သူေတြေတာင္ လုပ္ငန္းခြင္ အခ်စ္ေရးေၾကာင့္ ရာထူးကေန ႏုတ္ထြက္ခဲ့ရတဲ့ သာဓကေတြ အမ်ားႀကီးရွိပါတယ္။ ကုမၸဏီေတြဟာ ေငြေၾကးအမွားထက္ ကိုယ္က်င့္တရားပိုင္းဆိုင္ရာ အမွားေတြကို ပိုၿပီး ျပင္းျပင္းထန္ထန္ အေရးယူတတ္ၾကပါတယ္။
ဒါေၾကာင့္လုပ္ေဖာ္ကိုင္ဖက္အဆင့္ကေန ခ်စ္သူအဆင့္ကို မေျပာင္းလဲခင္မွာ ဝန္ထမ္းေတြအေနနဲ႔ သတိထားဖို႔လိုတာက ဒီလိုပတ္သက္မႈမ်ိဳးဟာ ကိုယ့္ရဲ႕အလုပ္အ ကိုင္ တိုးတက္လမ္းေၾကာင္းအေပၚ ႀကိဳတင္ခန႔္မွန္းရခက္တဲ့ သက္ေရာက္မႈေတြ ရွိလာႏိုင္သလို၊ တစ္ခါမွားသြားရင္ ျပန္ျပင္ဖို႔ အလြန္ခက္ခဲတတ္တာကိုပါ ထည့္သြင္းစဥ္းစားသင့္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply