ဒီရာသီဖွားတွေက ၂၀၂၆ ရဲ့ လက်ကျန်လတွေမှာ “ဇာတ်လိုက်ကျော်တွေ” ဖြစ်နေမှာဖြစ်ပြီး သူတို့ရဲ့ အောင်မြင်မှုကို ဘယ်အရာကမှ ပိတ်ဆို့ထားနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဘယ်ရာသီတွေများဖြစ်မလဲ ဖတ်ကြည့်ကြရအောင်ပါ။
Cancer
ကင်ဆာရာသီဖွားတွေအတွက် ၂၀၂၆ ဟာ အကောင်းမြင်စိတ်တွေနဲ့ ပြည့်နှက်နေပြီး ဘယ်သူမှ တားမရတဲ့ အရှိန်အဟုန်မျိုး ရှိနေပါလိမ့်မယ်။ကံကောင်းခြင်းကို ဆောင် ကြဉ်းပေးတဲ့ ကြာသပတေးဂြိုဟ် (Jupiter) က သင့်ရာသီခွင်ထဲမှာ ရှိနေလို့ပါ။ ဖေဖော်ဝါရီလလယ်မှာ စနေဂြိုဟ်က အလုပ်အကိုင်ကဏ္ဍထဲ ရောက်လာတာကြောင့် အရင်က အာဏာရှိသူတွေနဲ့ ပတ်သက်ပြီး ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ ပျောက်ကင်းသွားမယ်။ အလုပ်မှာ အောင်မြင်မှုအကြီးအကျယ် ရဖို့ နီးစပ်နေပါပြီ။
Aquarius
ကုံရာသီဖွားတွေအတွက်တော့ ၁၈ နှစ်မှ တစ်ကြိမ်သာ ကြုံရခဲတဲ့ ထူးခြားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမှာပါ။ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ “North Node” (ရာဟု) က သင့်ရာသီခွင်ထဲကို ၁၈ လကြာ ဝင်ရောက်လာမှာပါ။ ဒါဟာ သင့်ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း မြင်လာရစေမယ့် အချိန်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာမယ်၊ ဩဇာအာဏာ ရှိလာမယ်။ လူမှုရေး၊ အချစ်ရေးနဲ့ စီးပွားရေး အဖော်အဖက်တွေ အားလုံးမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ကြုံရမှာဖြစ်လို့ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကမ္ဘာက သိအောင် ထုတ်ပြဖို့ ပြင်ထားလိုက်ပါ။
Leo
၂၀၂၆ ဟာ သိဟ်ရာသီဖွားတွေအတွက် “မြစိမ်းရောင်နှစ် (Emerald Year)” လို့တောင် တင်စားလို့ရတဲ့ အောင်မြင်မယ့် နှစ်တစ်နှစ်ပါ။ဇွန်လကုန်မှာ ကြာသပတေး ဂြိုဟ်က သင့်ရာသီခွင်ထဲ ဝင်လာမှာဖြစ်လို့ ကံကောင်းခြင်းနဲ့ ကြွယ်ဝမှုတွေ အထုပ်လိုက်အပိုးလိုက် ရလာပါလိမ့်မယ်။ သင့်ကို ပညာရှိတစ်ယောက်လို လူတွေက လေးစားကြမယ်။ သင်ယူထားတဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေရင်း နာမည်ကျော်ကြားလာမယ်။ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ နည်းလမ်းတွေနဲ့ အောင်မြင်မှုတွေ ရလာမယ့်နှစ် ဖြစ်ပါတယ်။
Capricorn
မကာရရာသီဖွားတွေကတော့ နဂိုကတည်းက အလုပ်ကြိုးစားသူတွေ ဖြစ်ပေမဲ့ ၂၀၂၆ မှာတော့ အောင်မြင်မှုရဲ့ အဓိပ္ပာယ်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသတ်မှတ်နိုင်ပါလိမ့်မယ်။ ဒီနှစ်မှာ အလုပ်တစ်ခုတည်း မဟုတ်ဘဲ သင့်ဘဝရဲ့ အခြေခံအုတ်မြစ် (အိမ်ထောင်ရေး၊ မိသားစု၊ အခြေခံစည်းကမ်း) တွေကို အသစ်ကနေ ပြန်လည် တည် ဆောက်ရမယ့်နှစ်ပါ။ အိမ်ခြံမြေ လုပ်ငန်းတွေနဲ့ စီးပွားရေး အကြံအစည်သစ်တွေ အောင်မြင်မယ်။ ဒါ့အပြင် အိမ်ထောင်ပြုဖို့ စဉ်းစားနေရင်လည်း အကောင်းဆုံးအချိန်ပါပဲ။ ငွေကြေးတင်မကဘဲ အချစ်ရေးမှာပါ ကံထူးမယ့်နှစ် ဖြစ်ပါတယ်။
ဒီရာသီဖွား ၄ ခုလုံးဟာ အရင်နှစ်တွေက အခက်အခဲတွေ အများကြီး ကြုံခဲ့ရပေမဲ့ ၂၀၂၆ မှာတော့ အဲ့ဒီအပင်ပန်းခံမှုတွေရဲ့ ရလဒ်ကို အချိုမြိန်ဆုံး ခံစားရတော့မှာပါ။
ကျော့ကေခိုင်
zawgyi
ဒီရာသီဖြားေတြက ၂၀၂၆ ရဲ႕ လက္က်န္လေတြမွာ “ဇာတ္လိုက္ေက်ာ္ေတြ” ျဖစ္ေနမွာျဖစ္ၿပီး သူတို႔ရဲ႕ ေအာင္ျမင္မႈကို ဘယ္အရာကမွ ပိတ္ဆို႔ထားႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ဘယ္ရာသီေတြမ်ားျဖစ္မလဲ ဖတ္ၾကည့္ၾကရေအာင္ပါ။
Cancer
ကင္ဆာရာသီဖြားေတြအတြက္ ၂၀၂၆ ဟာ အေကာင္းျမင္စိတ္ေတြနဲ႔ ျပည့္ႏွက္ေနၿပီး ဘယ္သူမွ တားမရတဲ့ အရွိန္အဟုန္မ်ိဳး ရွိေနပါလိမ့္မယ္။ကံေကာင္းျခင္းကို ေဆာင္ ၾကဥ္းေပးတဲ့ ၾကာသပေတးၿဂိဳဟ္ (Jupiter) က သင့္ရာသီခြင္ထဲမွာ ရွိေနလို႔ပါ။ ေဖေဖာ္ဝါရီလလယ္မွာ စေနၿဂိဳဟ္က အလုပ္အကိုင္က႑ထဲ ေရာက္လာတာေၾကာင့္ အရင္က အာဏာရွိသူေတြနဲ႔ ပတ္သက္ၿပီး ရရွိခဲ့တဲ့ စိတ္ဒဏ္ရာေတြ ေပ်ာက္ကင္းသြားမယ္။ အလုပ္မွာ ေအာင္ျမင္မႈအႀကီးအက်ယ္ ရဖို႔ နီးစပ္ေနပါၿပီ။
Aquarius
ကုံရာသီဖြားေတြအတြက္ေတာ့ ၁၈ ႏွစ္မွ တစ္ႀကိမ္သာ ႀကဳံရခဲတဲ့ ထူးျခားတဲ့ အေျပာင္းအလဲတစ္ခု ျဖစ္လာမွာပါ။ ၂၀၂၆ ခုႏွစ္ ဇူလိုင္လမွာ “North Node” (ရာဟု) က သင့္ရာသီခြင္ထဲကို ၁၈ လၾကာ ဝင္ေရာက္လာမွာပါ။ ဒါဟာ သင့္ဘဝရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကို ရွင္းရွင္းလင္းလင္း ျမင္လာရေစမယ့္ အခ်ိန္ပါပဲ။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြ တိုးလာမယ္၊ ဩဇာအာဏာ ရွိလာမယ္။ လူမႈေရး၊ အခ်စ္ေရးနဲ႔ စီးပြားေရး အေဖာ္အဖက္ေတြ အားလုံးမွာ ေကာင္းမြန္တဲ့ အေျပာင္းအလဲေတြ ႀကဳံရမွာျဖစ္လို႔ ကိုယ့္ရဲ႕ အရည္အခ်င္းေတြကို ကမာၻက သိေအာင္ ထုတ္ျပဖို႔ ျပင္ထားလိုက္ပါ။
Leo
၂၀၂၆ ဟာ သိဟ္ရာသီဖြားေတြအတြက္ “ျမစိမ္းေရာင္ႏွစ္ (Emerald Year)” လို႔ေတာင္ တင္စားလို႔ရတဲ့ ေအာင္ျမင္မယ့္ ႏွစ္တစ္ႏွစ္ပါ။ဇြန္လကုန္မွာ ၾကာသပေတး ၿဂိဳဟ္က သင့္ရာသီခြင္ထဲ ဝင္လာမွာျဖစ္လို႔ ကံေကာင္းျခင္းနဲ႔ ႂကြယ္ဝမႈေတြ အထုပ္လိုက္အပိုးလိုက္ ရလာပါလိမ့္မယ္။ သင့္ကို ပညာရွိတစ္ေယာက္လို လူေတြက ေလးစားၾကမယ္။ သင္ယူထားတဲ့ အေတြ႕အႀကဳံေတြကို ျပန္လည္မွ်ေဝရင္း နာမည္ေက်ာ္ၾကားလာမယ္။ ထူးဆန္းအံ့ၾသဖြယ္ေကာင္းတဲ့ နည္းလမ္းေတြနဲ႔ ေအာင္ျမင္မႈေတြ ရလာမယ့္ႏွစ္ ျဖစ္ပါတယ္။
Capricorn
မကာရရာသီဖြားေတြကေတာ့ နဂိုကတည္းက အလုပ္ႀကိဳးစားသူေတြ ျဖစ္ေပမဲ့ ၂၀၂၆ မွာေတာ့ ေအာင္ျမင္မႈရဲ႕ အဓိပၸာယ္ကို တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသတ္မွတ္ႏိုင္ပါလိမ့္မယ္။ ဒီႏွစ္မွာ အလုပ္တစ္ခုတည္း မဟုတ္ဘဲ သင့္ဘဝရဲ႕ အေျခခံအုတ္ျမစ္ (အိမ္ေထာင္ေရး၊ မိသားစု၊ အေျခခံစည္းကမ္း) ေတြကို အသစ္ကေန ျပန္လည္ တည္ ေဆာက္ရမယ့္ႏွစ္ပါ။ အိမ္ၿခံေျမ လုပ္ငန္းေတြနဲ႔ စီးပြားေရး အႀကံအစည္သစ္ေတြ ေအာင္ျမင္မယ္။ ဒါ့အျပင္ အိမ္ေထာင္ျပဳဖို႔ စဥ္းစားေနရင္လည္း အေကာင္းဆုံးအခ်ိန္ပါပဲ။ ေငြေၾကးတင္မကဘဲ အခ်စ္ေရးမွာပါ ကံထူးမယ့္ႏွစ္ ျဖစ္ပါတယ္။
ဒီရာသီဖြား ၄ ခုလုံးဟာ အရင္ႏွစ္ေတြက အခက္အခဲေတြ အမ်ားႀကီး ႀကဳံခဲ့ရေပမဲ့ ၂၀၂၆ မွာေတာ့ အဲ့ဒီအပင္ပန္းခံမႈေတြရဲ႕ ရလဒ္ကို အခ်ိဳၿမိန္ဆုံး ခံစားရေတာ့မွာပါ။
ေက်ာ့ေကခိုင္
Leave a Reply