စိုးရိမ်ပူပန်တတ်တဲ့စိတ်ရှိသူတွေ အလုပ်မှာ ဘာလို့ အခက်တွေ့ရတာလဲ

စိုးရိမ်ပူပန်စိတ် (Neuroticism) မြင့်တဲ့သူတွေဟာ များသောအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုနည်းတယ်၊ ဆိုးတာတွေကိုပဲ ကြိုတွေးပူတတ်တယ်၊ စိတ်အပြောင်းအ လဲ မြန်တယ်၊ စိတ်ဖိစီးမှု ဒဏ်ကိုလည်း မခံနိုင်ကြဘူး။ အဲ့ဒီစိတ်ကြောင့်ပဲ သူတို့မှာ အရည်အချင်းတွေ ရှိနေရင်တောင်မှ ဒီအချက် (၃) ချက်ကြောင့် အလုပ်မှာ အောင် မြင်ဖို့ ရုန်းကန်နေရတတ်ပါတယ်။

စိုးရိမ်စိတ်ကို အကျိုးရှိအောင် အသုံးမချနိုင်တာ

စိုးရိမ်တတ်တဲ့စိတ်က တကယ်တော့ အမြဲတမ်း မဆိုးပါဘူး။ ဉာဏ်ရည်မြင့်တဲ့သူတွေဟာ စိုးရိမ်စိတ်ကို အသုံးချပြီး ဘေးအန္တရာယ်တွေကို ကြိုတင်တွက်ဆတာ၊ ပိုပြီး စည်းကမ်းရှိအောင် နေတာမျိုး လုပ်နိုင်ကြပါတယ်။စိုးရိမ်စိတ်ဝင်လာရင် ကြောက်လန့်တုန်လှုပ်မနေဘဲ အဲ့ဒီစိုးရိမ်စိတ်ကို ကြိုတင်ပြင်ဆင်မှုအဖြစ် ပြောင်းလဲလိုက်ပါ။ ဥပမာ- အင်တာဗျူးအတွက် စိတ်ပူနေရင် “ငါဖြစ်ပါ့မလား” လို့ တွေးမယ့်အစား အင်တာဗျူးမယ့် ကုမ္ပဏီအကြောင်း ရှာဖွေတာ၊ မေးခွန်းတွေ ကြိုလေ့ကျင့်တာမျိုး လုပ်သင့်ပါတယ်။

ကောက်ချက်ချ စောလွန်းတာ

ဒီလိုလူမျိုးတွေက တစ်ခုခုဆို အဆိုးဆုံးကို ပြေးမြင်တတ်ကြတယ်။ “ငါ့အိုင်ဒီယာကို သူတို့ ငြင်းလိုက်ရင် အလုပ်ပြုတ်တော့မှာပဲ၊ ပြီးရင် အိမ်လခမပေးနိုင်ဘဲ လမ်းဘေးရောက်တော့မှာပဲ” ဆိုပြီး မဖြစ်သေးတာတွေကို လျှောက်တွေးပြီး Rabbit Hole (တွေးတောပူပန်မှု အမှောင်တွင်း) ထဲ ရောက်သွားတတ်ပါတယ်။ဒီလိုဖြစ်လာတဲ့အခါ အကြောက်လွန်မယ့်အစား Data ကို အရင်ရှာပါ။ တကယ့်အချက်အလက်က ဘာလဲဆိုတာကို သေသေချာချာ သိလိုက်ရင် စိုးရိမ်စိတ်က အလိုလို ပျောက်သွားတတ်ပါတယ်။ မဟုတ်တာတွေ တွေးပြီး ကြောက်နေတာဟာ အချိန်ဖြုန်းတာနဲ့ အတူတူပါပဲ။

တုန့်ပြန်မှု ပြင်းထန်လွန်းတာ

တစ်ခုခုဆို အကြီးအကျယ် ဖြစ်ပျက်တော့မလို ခံစားရတာဟာ သင့်ရဲ့ အကြီးမားဆုံး ရန်သူပါပဲ။ အထူးသဖြင့် အလုပ်မှာ အမှားသေးသေးလေး တစ်ခုကို အကြီးကြီးချဲ့တွေးပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုး ဖြစ်တတ်ပါတယ်။ဒါကြောင့်အဆိုးမြင်မယ့်အစား “မျှော်လင့်ချက်” နဲ့ အစားထိုးပါ။ ပြဿနာတစ်ခုကို “ကပ်ဘေး” လို့ မမြင်ဘဲ ဒါဟာ ဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ် လို့ သဘောထားပါ။ ဒေတာကို အခြေခံပြီး တည်တည်ငြိမ်ငြိမ် တုန့်ပြန်တတ်တဲ့ အကျင့်ကို လေ့ကျင့်ယူရပါမယ်။

စိတ်ခံစားမှု တည်ငြိမ်သူ (Emotionally Stable) တွေဟာ အလုပ်ခက်ခဲလေလေ ပိုပြီး စွမ်းဆောင်ရည် ကောင်းလေလေ ဖြစ်ပေမဲ့၊ Neuroticism မြင့်တဲ့သူတွေက တော့ ဖိအားများလာရင် စွမ်းဆောင်ရည် ကျဆင်းသွားတတ်ပါတယ်။ဒါကြောင့် အလုပ်မှာ ထူးချွန်ချင်ရင် ကိုယ့်ရဲ့ အရည်အချင်းတွေကိုပဲ မြှင့်တင်နေလို့ မရပါဘူး။ စိုးရိမ်ပူပန်တတ်တဲ့ ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို သိရှိနားလည်ပြီး စိတ်တည်ငြိမ်အောင် ထိန်းကျောင်းနိုင်ဖို့ကလည်း အဓိက သော့ချက်ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

စိုးရိမ္ပူပန္စိတ္ (Neuroticism) ျမင့္တဲ့သူေတြဟာ မ်ားေသာအားျဖင့္ မိမိကိုယ္ကို ယုံၾကည္မႈနည္းတယ္၊ ဆိုးတာေတြကိုပဲ ႀကိဳေတြးပူတတ္တယ္၊ စိတ္အေျပာင္းအ လဲ ျမန္တယ္၊ စိတ္ဖိစီးမႈ ဒဏ္ကိုလည္း မခံႏိုင္ၾကဘူး။ အဲ့ဒီစိတ္ေၾကာင့္ပဲ သူတို႔မွာ အရည္အခ်င္းေတြ ရွိေနရင္ေတာင္မွ ဒီအခ်က္ (၃) ခ်က္ေၾကာင့္ အလုပ္မွာ ေအာင္ ျမင္ဖို႔ ႐ုန္းကန္ေနရတတ္ပါတယ္။

စိုးရိမ္စိတ္ကို အက်ိဳးရွိေအာင္ အသုံးမခ်ႏိုင္တာ

စိုးရိမ္တတ္တဲ့စိတ္က တကယ္ေတာ့ အၿမဲတမ္း မဆိုးပါဘူး။ ဉာဏ္ရည္ျမင့္တဲ့သူေတြဟာ စိုးရိမ္စိတ္ကို အသုံးခ်ၿပီး ေဘးအႏၲရာယ္ေတြကို ႀကိဳတင္တြက္ဆတာ၊ ပိုၿပီး စည္းကမ္းရွိေအာင္ ေနတာမ်ိဳး လုပ္ႏိုင္ၾကပါတယ္။စိုးရိမ္စိတ္ဝင္လာရင္ ေၾကာက္လန႔္တုန္လႈပ္မေနဘဲ အဲ့ဒီစိုးရိမ္စိတ္ကို ႀကိဳတင္ျပင္ဆင္မႈအျဖစ္ ေျပာင္းလဲလိုက္ပါ။ ဥပမာ- အင္တာဗ်ဴးအတြက္ စိတ္ပူေနရင္ “ငါျဖစ္ပါ့မလား” လို႔ ေတြးမယ့္အစား အင္တာဗ်ဴးမယ့္ ကုမၸဏီအေၾကာင္း ရွာေဖြတာ၊ ေမးခြန္းေတြ ႀကိဳေလ့က်င့္တာမ်ိဳး လုပ္သင့္ပါတယ္။

ေကာက္ခ်က္ခ် ေစာလြန္းတာ

ဒီလိုလူမ်ိဳးေတြက တစ္ခုခုဆို အဆိုးဆုံးကို ေျပးျမင္တတ္ၾကတယ္။ “ငါ့အိုင္ဒီယာကို သူတို႔ ျငင္းလိုက္ရင္ အလုပ္ျပဳတ္ေတာ့မွာပဲ၊ ၿပီးရင္ အိမ္လခမေပးႏိုင္ဘဲ လမ္းေဘးေရာက္ေတာ့မွာပဲ” ဆိုၿပီး မျဖစ္ေသးတာေတြကို ေလွ်ာက္ေတြးၿပီး Rabbit Hole (ေတြးေတာပူပန္မႈ အေမွာင္တြင္း) ထဲ ေရာက္သြားတတ္ပါတယ္။ဒီလိုျဖစ္လာတဲ့အခါ အေၾကာက္လြန္မယ့္အစား Data ကို အရင္ရွာပါ။ တကယ့္အခ်က္အလက္က ဘာလဲဆိုတာကို ေသေသခ်ာခ်ာ သိလိုက္ရင္ စိုးရိမ္စိတ္က အလိုလို ေပ်ာက္သြားတတ္ပါတယ္။ မဟုတ္တာေတြ ေတြးၿပီး ေၾကာက္ေနတာဟာ အခ်ိန္ျဖဳန္းတာနဲ႔ အတူတူပါပဲ။

တုန႔္ျပန္မႈ ျပင္းထန္လြန္းတာ

တစ္ခုခုဆို အႀကီးအက်ယ္ ျဖစ္ပ်က္ေတာ့မလို ခံစားရတာဟာ သင့္ရဲ႕ အႀကီးမားဆုံး ရန္သူပါပဲ။ အထူးသျဖင့္ အလုပ္မွာ အမွားေသးေသးေလး တစ္ခုကို အႀကီးႀကီးခ်ဲ႕ေတြးၿပီး ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္တာမ်ိဳး ျဖစ္တတ္ပါတယ္။ဒါေၾကာင့္အဆိုးျမင္မယ့္အစား “ေမွ်ာ္လင့္ခ်က္” နဲ႔ အစားထိုးပါ။ ျပႆနာတစ္ခုကို “ကပ္ေဘး” လို႔ မျမင္ဘဲ ဒါဟာ ေျဖရွင္းရမယ့္ ပုစာၦတစ္ပုဒ္ လို႔ သေဘာထားပါ။ ေဒတာကို အေျခခံၿပီး တည္တည္ၿငိမ္ၿငိမ္ တုန႔္ျပန္တတ္တဲ့ အက်င့္ကို ေလ့က်င့္ယူရပါမယ္။

စိတ္ခံစားမႈ တည္ၿငိမ္သူ (Emotionally Stable) ေတြဟာ အလုပ္ခက္ခဲေလေလ ပိုၿပီး စြမ္းေဆာင္ရည္ ေကာင္းေလေလ ျဖစ္ေပမဲ့၊ Neuroticism ျမင့္တဲ့သူေတြက ေတာ့ ဖိအားမ်ားလာရင္ စြမ္းေဆာင္ရည္ က်ဆင္းသြားတတ္ပါတယ္။ဒါေၾကာင့္ အလုပ္မွာ ထူးခြၽန္ခ်င္ရင္ ကိုယ့္ရဲ႕ အရည္အခ်င္းေတြကိုပဲ ျမႇင့္တင္ေနလို႔ မရပါဘူး။ စိုးရိမ္ပူပန္တတ္တဲ့ ကိုယ့္ရဲ႕ စိတ္ေနစိတ္ထားကို သိရွိနားလည္ၿပီး စိတ္တည္ၿငိမ္ေအာင္ ထိန္းေက်ာင္းႏိုင္ဖို႔ကလည္း အဓိက ေသာ့ခ်က္ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*