အလုပ်အင်တာဗျူးတိုင်းမှာ ပြောသင့်တဲ့ မုသား (၃) ခု

အလုပ်အင်တာဗျူးမှာ မုသားပြောရပါမယ်တဲ့။ ဒီစကားကြောင့် အံ့ဩသွားပါသလား။ ဒီလိုပါ။ Recruiter ဖြစ်တဲ့ Bonnie Dilber က အလုပ်လျှောက်ထားသူတွေဟာ အလုပ်အင်တာဗျူးမှာ အလုပ်ရဖို့အတွက် မဖြစ်မနေ လိမ်ညာပြောဆိုသင့်တဲ့ အချက် ၃ ချက်ကို မျှဝေခဲ့ပါတယ်။

၁။ လက်ရှိအလုပ်မှ အဘယ်ကြောင့် ထွက်ခွာရကြောင်း လိမ်ညာပြောဆိုခြင်း

မပြောသင့်သော အမှန်တရားများကတော့ လက်ရှိအလုပ်ကို မကြိုက်ဘူးဆိုတာရယ်၊ သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့ဆိုတဲ့ စကားတွေပါပဲ။ Dilber ရဲ့ အဆိုအရ ဒီလို တိုင်တန်းချက်တွေကို အင်တာဗျူးသူတွေက ကြားတဲ့အခါ သင့်ကို “အလုပ်လုပ်ရတာ ခက်ခဲတဲ့သူ” အဖြစ်သာ မြင်ပါလိမ့်မယ်။

ပြောသင့်သော မုသား (လှည့်ကွက်)ကတော့ “အရာရာ အဆင်ပြေနေပါတယ်၊ ဒါပေမဲ့ ကျွန်တော်/ကျွန်မဟာ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို လုပ်ဆောင်ချင်လို့ပါ။” ဆိုတဲ့ စကားပါပဲ။ ဒါဟာ အခြေအနေကို ပုံစံပြောင်းပြီး ကောင်းမွန်တဲ့ ဘက်ကနေ ချဉ်းကပ်လိုက်ခြင်း ဖြစ်ပါတယ်။

၂။ လျှောက်ထားတဲ့ အလုပ်ကို ဘာကြောင့် လိုချင်ကြောင်း လိမ်ညာပြောဆိုတာ

မပြောသင့်သော အမှန်တရားကတော့ ပိုက်ဆံနဲ့ အကျိုးခံစားခွင့် (Money and Benefits)လိုချင်တာကြောင့်ဆိုတဲ့ စကားမျိုးပါ။ လူတိုင်းက ငွေကြေးကြောင့် အလုပ်လုပ်တာ မှန်ပေမယ့်၊ ဒီလို တိုက်ရိုက်ပြောဆိုခြင်းက သင့်ကို တခြားသူတွေနဲ့ မကွာခြားစေဘဲ၊ “ပိုက်ဆံကိုပဲ ဂရုစိုက်သူ” အဖြစ် အချက်ပြမီးနီ (Red Flag) ဖြစ်သွားစေနိုင်ပါတယ်။

ပြောသင့်သော မုသား (လှည့်ကွက်)စကားကတော့”ကျွန်တော်/ကျွန်မဟာ ဒီကုမ္ပဏီရဲ့ ရည်မှန်းချက် (Mission) ကို စိတ်အားထက်သန်စွာ စိတ်ဝင်စားပါတယ်။” “ဒီအလုပ်ဟာ ကျွန်တော်/ကျွန်မရဲ့ ဘဝရည်မှန်းချက်နဲ့ ကိုက်ညီပါတယ်။” “ဒီကုမ္ပဏီရဲ့ ယဉ်ကျေးမှု (Culture) နဲ့ ကျွန်တော်/ကျွန်မဟာ အရမ်းကို လိုက်ဖက်ပါတယ်။” စတဲ့ စကားမျိုးပါပဲ။ အင်တာဗျူးဖြေနေတဲ့ အချိန်မိနစ် ၃၀ အတွင်းမှာ အလုပ်နဲ့ပတ်သက်တဲ့ အရာတွေဟာ သင့်ရဲ့ တစ်ခုတည်းသော စိတ်အားထက်သန်မှု ဖြစ်တယ်လို့ ပြောဆိုရပါမယ်။

၃။ အနာဂတ်အတွက် စီမံကိန်းများကို လိမ်ညာပြောဆိုခြင်း

မပြောသင့်သော အမှန်တရားကတော့ ၆ လအတွင်း ဘွဲ့လွန်ကျောင်း တက်တော့မှာမို့ ဒီအလုပ်ကို ခဏဝင်လုပ်တာဆိုတာမျိုး၊ လစာနည်းလို့ ပိုကောင်းတဲ့ အလုပ်ရတာနဲ့ အလုပ်ထွက်တော့မှာ ဖြစ်တယ်ဆိုတာမျိုးတွေပါ။
ပြောသင့်သော မုသား (လှည့်ကွက်)စကားကတော့”နောက် ၅ နှစ်အတွက် ကျွန်တော်/ကျွန်မရဲ့ စီမံကိန်းတွေက ဒီကုမ္ပဏီမှာပဲ ရှိနေဖို့ပါပဲ။” “ဒီနေရာမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့၊ တာဝန်ထမ်းဆောင်နိုင်ဖို့နဲ့ အခွင့်အလမ်းတွေ ပေါ်လာတာနဲ့အမျှ ဆက်လက် ကြီးထွားသွားဖို့ စီစဉ်ထားပါတယ်။”
ကုမ္ပဏီတိုင်း လိုချင်တာက သူတို့နဲ့အတူ ရေရှည်တည်မြဲပြီး ကြီးပွားတိုးတက်မယ့် ထိပ်တန်း အရည်အချင်းရှိသူတွေ ဖြစ်လို့ ဒီအချက်ကို အလေးပေး ပြောဆိုရပါမယ်ဆိုတာမျိုးပါပဲ။

Dilber က အင်တာဗျူးသူတွေဟာ ဒီလို ပုံသေ အဖြေတွေကို သိကြတယ် (ဥပမာ- အလုပ်ထွက်ချင်လို့၊ ပိုက်ဆံကြောင့် လာတာ)။ ဒါပေမဲ့ ဒီလိုဆွဲဆောင်မှုမရှိတဲ့ အမှန်တရားတွေကို ပရော်ဖက်ရှင်နယ် ဆန်ဆန် မလိမ်ညာတတ်ဘူးဆိုရင် သင့်ရဲ့ ရာထူးအခြေအနေအတွက် ရှေ့ဆက်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။ဒီအချက် ၃ ချက်ကို ကြိုတင်ပြင်ဆင်ပြီး လိမ်ညာပြောဆိုခြင်းဖြင့် သင်လိုချင်တဲ့ အလုပ်ကို ရရှိနိုင်မယ်လို့ ဒီဆောင်းပါးက ဆိုထားပါတယ်။

ကျော့ကေခိုင်

zawgyi

အလုပ္အင္တာဗ်ဴးမွာ မုသားေျပာရပါမယ္တဲ့။ ဒီစကားေၾကာင့္ အံ့ဩသြားပါသလား။ ဒီလိုပါ။ Recruiter ျဖစ္တဲ့ Bonnie Dilber က အလုပ္ေလွ်ာက္ထားသူေတြဟာ အလုပ္အင္တာဗ်ဴးမွာ အလုပ္ရဖို႔အတြက္ မျဖစ္မေန လိမ္ညာေျပာဆိုသင့္တဲ့ အခ်က္ ၃ ခ်က္ကို မွ်ေဝခဲ့ပါတယ္။

၁။ လက္ရွိအလုပ္မွ အဘယ္ေၾကာင့္ ထြက္ခြာရေၾကာင္း လိမ္ညာေျပာဆိုျခင္း

မေျပာသင့္ေသာ အမွန္တရားမ်ားကေတာ့ လက္ရွိအလုပ္ကို မႀကိဳက္ဘူးဆိုတာရယ္၊ သူေဌး ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆင္မေျပလို႔ဆိုတဲ့ စကားေတြပါပဲ။ Dilber ရဲ႕ အဆိုအရ ဒီလို တိုင္တန္းခ်က္ေတြကို အင္တာဗ်ဴးသူေတြက ၾကားတဲ့အခါ သင့္ကို “အလုပ္လုပ္ရတာ ခက္ခဲတဲ့သူ” အျဖစ္သာ ျမင္ပါလိမ့္မယ္။

ေျပာသင့္ေသာ မုသား (လွည့္ကြက္)ကေတာ့ “အရာရာ အဆင္ေျပေနပါတယ္၊ ဒါေပမဲ့ ကြၽန္ေတာ္/ကြၽန္မဟာ ပိုႀကီးမားတဲ့ စိန္ေခၚမႈေတြကို လုပ္ေဆာင္ခ်င္လို႔ပါ။” ဆိုတဲ့ စကားပါပဲ။ ဒါဟာ အေျခအေနကို ပုံစံေျပာင္းၿပီး ေကာင္းမြန္တဲ့ ဘက္ကေန ခ်ဥ္းကပ္လိုက္ျခင္း ျဖစ္ပါတယ္။

၂။ ေလွ်ာက္ထားတဲ့ အလုပ္ကို ဘာေၾကာင့္ လိုခ်င္ေၾကာင္း လိမ္ညာေျပာဆိုတာ

မေျပာသင့္ေသာ အမွန္တရားကေတာ့ ပိုက္ဆံနဲ႔ အက်ိဳးခံစားခြင့္ (Money and Benefits)လိုခ်င္တာေၾကာင့္ဆိုတဲ့ စကားမ်ိဳးပါ။ လူတိုင္းက ေငြေၾကးေၾကာင့္ အလုပ္လုပ္တာ မွန္ေပမယ့္၊ ဒီလို တိုက္႐ိုက္ေျပာဆိုျခင္းက သင့္ကို တျခားသူေတြနဲ႔ မကြာျခားေစဘဲ၊ “ပိုက္ဆံကိုပဲ ဂ႐ုစိုက္သူ” အျဖစ္ အခ်က္ျပမီးနီ (Red Flag) ျဖစ္သြားေစႏိုင္ပါတယ္။

ေျပာသင့္ေသာ မုသား (လွည့္ကြက္)စကားကေတာ့”ကြၽန္ေတာ္/ကြၽန္မဟာ ဒီကုမၸဏီရဲ႕ ရည္မွန္းခ်က္ (Mission) ကို စိတ္အားထက္သန္စြာ စိတ္ဝင္စားပါတယ္။” “ဒီအလုပ္ဟာ ကြၽန္ေတာ္/ကြၽန္မရဲ႕ ဘဝရည္မွန္းခ်က္နဲ႔ ကိုက္ညီပါတယ္။” “ဒီကုမၸဏီရဲ႕ ယဥ္ေက်းမႈ (Culture) နဲ႔ ကြၽန္ေတာ္/ကြၽန္မဟာ အရမ္းကို လိုက္ဖက္ပါတယ္။” စတဲ့ စကားမ်ိဳးပါပဲ။ အင္တာဗ်ဴးေျဖေနတဲ့ အခ်ိန္မိနစ္ ၃၀ အတြင္းမွာ အလုပ္နဲ႔ပတ္သက္တဲ့ အရာေတြဟာ သင့္ရဲ႕ တစ္ခုတည္းေသာ စိတ္အားထက္သန္မႈ ျဖစ္တယ္လို႔ ေျပာဆိုရပါမယ္။

၃။ အနာဂတ္အတြက္ စီမံကိန္းမ်ားကို လိမ္ညာေျပာဆိုျခင္း

မေျပာသင့္ေသာ အမွန္တရားကေတာ့ ၆ လအတြင္း ဘြဲ႕လြန္ေက်ာင္း တက္ေတာ့မွာမို႔ ဒီအလုပ္ကို ခဏဝင္လုပ္တာဆိုတာမ်ိဳး၊ လစာနည္းလို႔ ပိုေကာင္းတဲ့ အလုပ္ရတာနဲ႔ အလုပ္ထြက္ေတာ့မွာ ျဖစ္တယ္ဆိုတာမ်ိဳးေတြပါ။
ေျပာသင့္ေသာ မုသား (လွည့္ကြက္)စကားကေတာ့”ေနာက္ ၅ ႏွစ္အတြက္ ကြၽန္ေတာ္/ကြၽန္မရဲ႕ စီမံကိန္းေတြက ဒီကုမၸဏီမွာပဲ ရွိေနဖို႔ပါပဲ။” “ဒီေနရာမွာ အေကာင္းဆုံး လုပ္ေဆာင္ႏိုင္ဖို႔၊ တာဝန္ထမ္းေဆာင္ႏိုင္ဖို႔နဲ႔ အခြင့္အလမ္းေတြ ေပၚလာတာနဲ႔အမွ် ဆက္လက္ ႀကီးထြားသြားဖို႔ စီစဥ္ထားပါတယ္။”
ကုမၸဏီတိုင္း လိုခ်င္တာက သူတို႔နဲ႔အတူ ေရရွည္တည္ၿမဲၿပီး ႀကီးပြားတိုးတက္မယ့္ ထိပ္တန္း အရည္အခ်င္းရွိသူေတြ ျဖစ္လို႔ ဒီအခ်က္ကို အေလးေပး ေျပာဆိုရပါမယ္ဆိုတာမ်ိဳးပါပဲ။

Dilber က အင္တာဗ်ဴးသူေတြဟာ ဒီလို ပုံေသ အေျဖေတြကို သိၾကတယ္ (ဥပမာ- အလုပ္ထြက္ခ်င္လို႔၊ ပိုက္ဆံေၾကာင့္ လာတာ)။ ဒါေပမဲ့ ဒီလိုဆြဲေဆာင္မႈမရွိတဲ့ အမွန္တရားေတြကို ပေရာ္ဖက္ရွင္နယ္ ဆန္ဆန္ မလိမ္ညာတတ္ဘူးဆိုရင္ သင့္ရဲ႕ ရာထူးအေျခအေနအတြက္ ေရွ႕ဆက္ဖို႔ ခက္ခဲႏိုင္တယ္လို႔ ဆိုပါတယ္။ဒီအခ်က္ ၃ ခ်က္ကို ႀကိဳတင္ျပင္ဆင္ၿပီး လိမ္ညာေျပာဆိုျခင္းျဖင့္ သင္လိုခ်င္တဲ့ အလုပ္ကို ရရွိႏိုင္မယ္လို႔ ဒီေဆာင္းပါးက ဆိုထားပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*