လုပ်ငန်းစွမ်းဆောင်ရည် စစ်ဆေးခြင်း (Performance Reviews) ဆိုတာ လူတိုင်းအတွက် စိတ်လှုပ်ရှားစရာ ကိစ္စပါ။ အဲဒီအပေါ် မူတည်ပြီး ရာထူးတိုးတာနဲ့ လစာတိုးတာတွေလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း သင်ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို သင့်မန်နေဂျာက သင်မြင်တဲ့အတိုင်း မြင်စေချင်တာ သဘာဝပါပဲ။ ဒါဆို မေးခွန်းက သင့်ရဲ့ နှစ်ပတ်လည် စစ်ဆေးမှုအတွက် ဘယ်လို ပြင်ဆင်ရမလဲဆိုတဲ့ အချက်ပါပဲ။
ဒီမေးခွန်းရဲ့ အဖြေကတော့ “Storytelling”ပဲ ဖြစ်ပါတယ်။ Storytelling နည်းပညာတွေကို အချိန်ယူပြီး လေ့ကျင့်အသုံးပြုမယ်ဆိုရင် သင်ဟာ စိုးရိမ်ပူပန်မနေဘဲ သေချာပြင်ဆင်ထားသလို ခံစားရမှာပါ။ ဒါ့အပြင် သင့်ရဲ့ အကောင်းဆုံးပုံရိပ်ကိုလည်း ထုတ်ပြနိုင်မှာ သေချာပါတယ်။ သင့်ရဲ့ အောင်မြင်မှုတွေကို သူတို့ သတိထားမိစေဖို့အတွက် ထိရောက်ပြီး ကျင့်ဝတ်နဲ့ညီတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေက storytelling checklist စာရင်းကို သုံးပြီး သင့်ရဲ့ နောက်ဆုံးစွမ်းဆောင်ရည် စစ်ဆေးမှုအတွက် ပြင်ဆင်လိုက်ပါ။
Storytelling နည်းပညာတွေကို ဘာကြောင့် အသုံးပြုသင့်တာလဲ
စွမ်းဆောင်ရည် စစ်ဆေးမှုတွေဟာ တိကျတဲ့ တိုင်းတာချက်တွေအပေါ် မူတည်တယ်လို့ ထင်ရပေမယ့် Storytelling ကရလဒ်ကို အမှန်တကယ် ပြောင်းလဲနိုင်ပါသလား။ အမှန်တရားကတော့ မန်နေဂျာတွေဟာ လုံးဝဥဿုံ ဘက်မလိုက်ဘဲ အကဲဖြတ်တယ်လို့ ထင်နေနိုင်ပေမယ့် ဘက်လိုက်မှုနဲ့ မေ့လျော့မှုတွေက သူတို့ရဲ့ အကဲဖြတ်ချက်တွေကို မကြာခဏ လွှမ်းမိုးနေတတ်ပါတယ်။ လူသားတွေဟာ တစ်နှစ်လုံးစာ အချက်အလက်တွေကို အကုန်လုံး မှတ်မိနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် မန်နေဂျာတွေက ဝန်ထမ်းတွေကို နောက်ဆုံး တစ်လ သို့မဟုတ် နှစ်လစာ အခြေအနေပေါ် အခြေခံပြီး အကဲဖြတ်လေ့ရှိပါတယ်။ ဒီဖြစ်စဉ်ကို “မကြာသေးခင်ဖြစ်ရပ်အပေါ် ဘက်လိုက်မှု (Recency Bias)” လို့တောင် နာမည်ပေးထားပြီး၊ လတ်တလော ဖြစ်ရပ်တွေကို တခြားအရာတွေထက် ပိုတန်ဖိုးထားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
“အချက်အလက်သက်သက်ထက် စာရင် Story တွေကို ၂၂ ဆ ပိုမှတ်မိနိုင်ပါတယ်”လို့ စတန်းဖို့ဒ် ပါမောက္ခနဲ့ စာရေးဆရာတဦးဖြစ်သူ ဂျက်နီဖာ အန်ကာက ပြောပါတယ်။ တနည်းအားဖြင့်ဆိုရင် လူတွေက အချက်အလက်တွေကို မေ့သွားနိုင်ပေမယ့် ကောင်းမွန်တဲ့ ပုံပြင်ကိုတော့ ဘယ်တော့မှ မမေ့ပါဘူး။ ဘယ်လို ပုံပြင်မျိုးတွေကို သင်ပြောပြချင်ပါသလဲ။ သင့်မန်နေဂျာက သင့်အကြောင်း ဘာကို မှတ်မိစေချင်ပါသလဲ။
သင့်စွမ်းဆောင်ရည် စစ်ဆေးမှုတွင် IRS ပုံစံကို အသုံးပြုတာ
“IRS ပုံစံ” က ဝါကျအနည်းငယ်ဖြင့် ပုံပြင်တစ်ခုကို ထိရောက်စွာ ဖန်တီးနိုင်ဖို့ ညီပေးပါတယ်။
I (Intriguing beginning): စိတ်ဝင်စားစရာ အစ (ပထမ ဝါကျ တစ်ကြောင်း သို့မဟုတ် နှစ်ကြောင်း ဒါမှမဟုတ် သင့်ပုံပြင်ရဲ့ ၁၀ ရာခိုင်နှုန်းခန့်)
R (Riveting middle): ဆွဲဆောင်မှုရှိသော အလယ်ပိုင်း (နောက်ထပ် နှစ်ကြောင်း သို့မဟုတ် သုံးကြောင်း သို့မဟုတ် သင့်ပုံပြင်ရဲ့ ၇၀ရာခိုင်နှုန်း ခန့်)
S (Satisfying end): ကျေနပ်ဖွယ် အဆုံးသတ် (နောက်ဆုံး ဝါကျ တစ်ကြောင်း သို့မဟုတ် နှစ်ကြောင်း သို့မဟုတ် သင့်ပုံပြင်ရဲ့ ၂၀ရာခိုင်နှုန်း ခန့်)
လုပ်ငန်းစွမ်းဆောင်ရည် စစ်ဆေးမှုအတွက်Storytelling အမြန်စစ်ဆေးစာရင်း
၁။ စစ်ဆေးမှုမတိုင်မီ စိတ်ကူးများ စုဆောင်းပါ (Brainstorming)
သင့်ရဲ့ အောင်မြင်မှုများ၊ တိုးတက်ရန် နယ်ပယ်များနှင့် ရည်မှန်းချက်များ အကြောင်း ပုံပြင်များ စုဆောင်းပါ။ ကိုယ့်ဘာသာ တည်းဖြတ်ခြင်း သို့မဟုတ် ဆင်ဆာဖြတ်တောက်ခြင်း မလုပ်ပါနှင့်။ တိကျတဲ့ ဥပမာများစွာကို မှတ်မိနိုင်ဖို့အတွက် ဒီအဆင့်ကို လွတ်လပ်စွာ လုပ်ဆောင်ပါ။သင့်ရဲ့ အကြီးမားဆုံး ပံ့ပိုးမှုတွေက ဘာတွေလဲ။ သင့်ရဲ့ တာဝန်ဝတ္တရားထက် ကျော်လွန်ပြီး ဘယ်လို ဆောင်ရွက်ခဲ့လဲ။ သင်ဘာကို တိုးတက်အောင် လုပ်နေလဲ ဆိုတာကို ပြသဖို့ ပုံပြင်တွေကို စုဆောင်းပါ။ဒီနှစ်မှာ ဘယ်လို ပရော်ဖက်ရှင်နယ် တိုးတက်မှု သင်တန်းတွေ တက်ခဲ့သလဲ၊ ဘာတွေ ဖတ်ခဲ့လဲ၊ ဒါတွေက သင့်အလုပ်ကို ဘယ်လို သက်ရောက်မှုရှိခဲ့လဲ စဉ်းစားပါ။
၂။ သင်၏ ရည်မှန်းချက်များနှင့် ကိုက်ညီသော ပုံပြင်များကို ရွေးချယ်ပါ
ပထမအဆင့်မှာ စုဆောင်းထားတဲ့ စာရင်းထဲကနေ သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ဖော်ပြပေးနိုင်တဲ့ ပုံပြင်တွေကို အသုံးပြုပါ။ အောက်ပါ အမျိုးအစား နှစ်ခုမှ ပုံပြင်များကို ရွေးချယ်ပါ။သင့် အဖွဲ့အစည်းရဲ့ အလုံးစုံ ရည်မှန်းချက်များနဲ့ အကျိုးသင့်အကြောင်းသင့် အရှိဆုံး ဆက်စပ်နေသော ပုံပြင်များ။သင် ပြီးမြောက်ခဲ့ပြီးသော အောင်မြင်မှုများ ကို ပိုမိုမြှင့်တင်ပေးမည့် ပုံပြင်များပဲဖြစ်ပါတယ်။
၃။ ပုံပြင်များ တည်ဆောက်ရန် IRS နည်းလမ်းကို သုံးပါ
ပုံပြင်ပြောဖို့ အချိန်အများကြီး မရတဲ့အတွက် IRS နည်းလမ်း ကို အသုံးပြုပြီး သင့်ရဲ့ တိုတို၊ ထိရောက်ပြီး တောက်ပတဲ့ ပုံပြင်များကို ကြိုတင်ပြင်ဆင် လေ့ကျင့်ထားပါ။
၄။ စစ်ဆေးမှု ပြီးဆုံးသောအခါ ကိုယ့်ကိုယ်ကိုယ် မှန်ကန်သော ပုံပြင် ပြောပါ
သင့်အနေနဲ့ ခက်ခဲတဲ့ တုံ့ပြန်ချက် (Difficult Feedback) တွေ ရခဲ့ရင်၊ ဒါက သင့်ရဲ့ ကိုယ်ပိုင် မျက်ကန်းနယ်ပယ်တွေကို နားလည်အောင် ကူညီပေးနိုင်တယ်ဆိုတာ မှတ်ထားပါ။သင့်မန်နေဂျာက သင့်ကို အောင်မြင်စေချင်လို့ အကြံပြုတာ ဖြစ်ပါတယ်။ အဲဒီ တုံ့ပြန်ချက်ပုံပြင်ကို သင့်ကိုယ်သင် ပြန်ပြောပါ၊ ပြီးတော့ သင်ယုံကြည်ရတဲ့ တစ်စုံတစ်ယောက်နဲ့ ဆွေးနွေးပါ။
စွမ်းဆောင်ရည် စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းက ပြီးခဲ့တဲ့ တစ်နှစ်တာကို ပြန်ပြောင်းသုံးသပ်ဖို့နဲ့ သင်ပြီးမြောက်ခဲ့တဲ့ အရာတွေကို တန်ဖိုးထားဖို့ အားပေးပါတယ်။ သင့်မန်နေဂျာက သင့်ရဲ့ စွမ်းဆောင်ရည်နဲ့ ရည်မှန်းချက်တွေအပေါ် ကောင်းမွန်တဲ့ အထင်အမြင်ရှိစေရုံသာမကဘဲ၊ သင့်ရဲ့ ပံ့ပိုးကူညီမှုအတွက် အသိအမှတ်ပြုမှု ပေးနိုင်တဲ့ တခြားသူတွေကိုလည်း အဓိကအချက်တွေကို ထပ်ဆင့်ပြောပြနိုင်စေဖို့ အရေးကြီးပါတယ်။
ကျော့ကေခိုင်
zawgyi
လုပ္ငန္းစြမ္းေဆာင္ရည္ စစ္ေဆးျခင္း (Performance Reviews) ဆိုတာ လူတိုင္းအတြက္ စိတ္လႈပ္ရွားစရာ ကိစၥပါ။ အဲဒီအေပၚ မူတည္ၿပီး ရာထူးတိုးတာနဲ႔ လစာတိုးတာေတြလို အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ တစ္ႏွစ္တာအတြင္း သင္ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြကို သင့္မန္ေနဂ်ာက သင္ျမင္တဲ့အတိုင္း ျမင္ေစခ်င္တာ သဘာဝပါပဲ။ ဒါဆို ေမးခြန္းက သင့္ရဲ႕ ႏွစ္ပတ္လည္ စစ္ေဆးမႈအတြက္ ဘယ္လို ျပင္ဆင္ရမလဲဆိုတဲ့ အခ်က္ပါပဲ။
ဒီေမးခြန္းရဲ႕ အေျဖကေတာ့ “Storytelling”ပဲ ျဖစ္ပါတယ္။ Storytelling နည္းပညာေတြကို အခ်ိန္ယူၿပီး ေလ့က်င့္အသုံးျပဳမယ္ဆိုရင္ သင္ဟာ စိုးရိမ္ပူပန္မေနဘဲ ေသခ်ာျပင္ဆင္ထားသလို ခံစားရမွာပါ။ ဒါ့အျပင္ သင့္ရဲ႕ အေကာင္းဆုံးပုံရိပ္ကိုလည္း ထုတ္ျပႏိုင္မွာ ေသခ်ာပါတယ္။ သင့္ရဲ႕ ေအာင္ျမင္မႈေတြကို သူတို႔ သတိထားမိေစဖို႔အတြက္ ထိေရာက္ၿပီး က်င့္ဝတ္နဲ႔ညီတဲ့ နည္းလမ္းေတြ ရွိပါတယ္။ ဒီနည္းလမ္းေတြက storytelling checklist စာရင္းကို သုံးၿပီး သင့္ရဲ႕ ေနာက္ဆုံးစြမ္းေဆာင္ရည္ စစ္ေဆးမႈအတြက္ ျပင္ဆင္လိုက္ပါ။
Storytelling နည္းပညာေတြကို ဘာေၾကာင့္ အသုံးျပဳသင့္တာလဲ
စြမ္းေဆာင္ရည္ စစ္ေဆးမႈေတြဟာ တိက်တဲ့ တိုင္းတာခ်က္ေတြအေပၚ မူတည္တယ္လို႔ ထင္ရေပမယ့္ Storytelling ကရလဒ္ကို အမွန္တကယ္ ေျပာင္းလဲႏိုင္ပါသလား။ အမွန္တရားကေတာ့ မန္ေနဂ်ာေတြဟာ လုံးဝဥႆုံ ဘက္မလိုက္ဘဲ အကဲျဖတ္တယ္လို႔ ထင္ေနႏိုင္ေပမယ့္ ဘက္လိုက္မႈနဲ႔ ေမ့ေလ်ာ့မႈေတြက သူတို႔ရဲ႕ အကဲျဖတ္ခ်က္ေတြကို မၾကာခဏ လႊမ္းမိုးေနတတ္ပါတယ္။ လူသားေတြဟာ တစ္ႏွစ္လုံးစာ အခ်က္အလက္ေတြကို အကုန္လုံး မွတ္မိႏိုင္စြမ္း မရွိပါဘူး။ ဒါေၾကာင့္ မန္ေနဂ်ာေတြက ဝန္ထမ္းေတြကို ေနာက္ဆုံး တစ္လ သို႔မဟုတ္ ႏွစ္လစာ အေျခအေနေပၚ အေျခခံၿပီး အကဲျဖတ္ေလ့ရွိပါတယ္။ ဒီျဖစ္စဥ္ကို “မၾကာေသးခင္ျဖစ္ရပ္အေပၚ ဘက္လိုက္မႈ (Recency Bias)” လို႔ေတာင္ နာမည္ေပးထားၿပီး၊ လတ္တေလာ ျဖစ္ရပ္ေတြကို တျခားအရာေတြထက္ ပိုတန္ဖိုးထားျခင္းကို ဆိုလိုတာျဖစ္ပါတယ္။
“အခ်က္အလက္သက္သက္ထက္ စာရင္ Story ေတြကို ၂၂ ဆ ပိုမွတ္မိႏိုင္ပါတယ္”လို႔ စတန္းဖို႔ဒ္ ပါေမာကၡနဲ႔ စာေရးဆရာတဦးျဖစ္သူ ဂ်က္နီဖာ အန္ကာက ေျပာပါတယ္။ တနည္းအားျဖင့္ဆိုရင္ လူေတြက အခ်က္အလက္ေတြကို ေမ့သြားႏိုင္ေပမယ့္ ေကာင္းမြန္တဲ့ ပုံျပင္ကိုေတာ့ ဘယ္ေတာ့မွ မေမ့ပါဘူး။ ဘယ္လို ပုံျပင္မ်ိဳးေတြကို သင္ေျပာျပခ်င္ပါသလဲ။ သင့္မန္ေနဂ်ာက သင့္အေၾကာင္း ဘာကို မွတ္မိေစခ်င္ပါသလဲ။
သင့္စြမ္းေဆာင္ရည္ စစ္ေဆးမႈတြင္ IRS ပုံစံကို အသုံးျပဳတာ
“IRS ပုံစံ” က ဝါက်အနည္းငယ္ျဖင့္ ပုံျပင္တစ္ခုကို ထိေရာက္စြာ ဖန္တီးႏိုင္ဖို႔ ညီေပးပါတယ္။
I (Intriguing beginning): စိတ္ဝင္စားစရာ အစ (ပထမ ဝါက် တစ္ေၾကာင္း သို႔မဟုတ္ ႏွစ္ေၾကာင္း ဒါမွမဟုတ္ သင့္ပုံျပင္ရဲ႕ ၁၀ ရာခိုင္ႏႈန္းခန႔္)
R (Riveting middle): ဆြဲေဆာင္မႈရွိေသာ အလယ္ပိုင္း (ေနာက္ထပ္ ႏွစ္ေၾကာင္း သို႔မဟုတ္ သုံးေၾကာင္း သို႔မဟုတ္ သင့္ပုံျပင္ရဲ႕ ၇၀ရာခိုင္ႏႈန္း ခန႔္)
S (Satisfying end): ေက်နပ္ဖြယ္ အဆုံးသတ္ (ေနာက္ဆုံး ဝါက် တစ္ေၾကာင္း သို႔မဟုတ္ ႏွစ္ေၾကာင္း သို႔မဟုတ္ သင့္ပုံျပင္ရဲ႕ ၂၀ရာခိုင္ႏႈန္း ခန႔္)
လုပ္ငန္းစြမ္းေဆာင္ရည္ စစ္ေဆးမႈအတြက္Storytelling အျမန္စစ္ေဆးစာရင္း
၁။ စစ္ေဆးမႈမတိုင္မီ စိတ္ကူးမ်ား စုေဆာင္းပါ (Brainstorming)
သင့္ရဲ႕ ေအာင္ျမင္မႈမ်ား၊ တိုးတက္ရန္ နယ္ပယ္မ်ားႏွင့္ ရည္မွန္းခ်က္မ်ား အေၾကာင္း ပုံျပင္မ်ား စုေဆာင္းပါ။ ကိုယ့္ဘာသာ တည္းျဖတ္ျခင္း သို႔မဟုတ္ ဆင္ဆာျဖတ္ေတာက္ျခင္း မလုပ္ပါႏွင့္။ တိက်တဲ့ ဥပမာမ်ားစြာကို မွတ္မိႏိုင္ဖို႔အတြက္ ဒီအဆင့္ကို လြတ္လပ္စြာ လုပ္ေဆာင္ပါ။သင့္ရဲ႕ အႀကီးမားဆုံး ပံ့ပိုးမႈေတြက ဘာေတြလဲ။ သင့္ရဲ႕ တာဝန္ဝတၱရားထက္ ေက်ာ္လြန္ၿပီး ဘယ္လို ေဆာင္႐ြက္ခဲ့လဲ။ သင္ဘာကို တိုးတက္ေအာင္ လုပ္ေနလဲ ဆိုတာကို ျပသဖို႔ ပုံျပင္ေတြကို စုေဆာင္းပါ။ဒီႏွစ္မွာ ဘယ္လို ပေရာ္ဖက္ရွင္နယ္ တိုးတက္မႈ သင္တန္းေတြ တက္ခဲ့သလဲ၊ ဘာေတြ ဖတ္ခဲ့လဲ၊ ဒါေတြက သင့္အလုပ္ကို ဘယ္လို သက္ေရာက္မႈရွိခဲ့လဲ စဥ္းစားပါ။
၂။ သင္၏ ရည္မွန္းခ်က္မ်ားႏွင့္ ကိုက္ညီေသာ ပုံျပင္မ်ားကို ေ႐ြးခ်ယ္ပါ
ပထမအဆင့္မွာ စုေဆာင္းထားတဲ့ စာရင္းထဲကေန သင့္ရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ ရည္မွန္းခ်က္ပန္းတိုင္ေတြကို ေဖာ္ျပေပးႏိုင္တဲ့ ပုံျပင္ေတြကို အသုံးျပဳပါ။ ေအာက္ပါ အမ်ိဳးအစား ႏွစ္ခုမွ ပုံျပင္မ်ားကို ေ႐ြးခ်ယ္ပါ။သင့္ အဖြဲ႕အစည္းရဲ႕ အလုံးစုံ ရည္မွန္းခ်က္မ်ားနဲ႔ အက်ိဳးသင့္အေၾကာင္းသင့္ အရွိဆုံး ဆက္စပ္ေနေသာ ပုံျပင္မ်ား။သင္ ၿပီးေျမာက္ခဲ့ၿပီးေသာ ေအာင္ျမင္မႈမ်ား ကို ပိုမိုျမႇင့္တင္ေပးမည့္ ပုံျပင္မ်ားပဲျဖစ္ပါတယ္။
၃။ ပုံျပင္မ်ား တည္ေဆာက္ရန္ IRS နည္းလမ္းကို သုံးပါ
ပုံျပင္ေျပာဖို႔ အခ်ိန္အမ်ားႀကီး မရတဲ့အတြက္ IRS နည္းလမ္း ကို အသုံးျပဳၿပီး သင့္ရဲ႕ တိုတို၊ ထိေရာက္ၿပီး ေတာက္ပတဲ့ ပုံျပင္မ်ားကို ႀကိဳတင္ျပင္ဆင္ ေလ့က်င့္ထားပါ။
၄။ စစ္ေဆးမႈ ၿပီးဆုံးေသာအခါ ကိုယ့္ကိုယ္ကိုယ္ မွန္ကန္ေသာ ပုံျပင္ ေျပာပါ
သင့္အေနနဲ႔ ခက္ခဲတဲ့ တုံ႔ျပန္ခ်က္ (Difficult Feedback) ေတြ ရခဲ့ရင္၊ ဒါက သင့္ရဲ႕ ကိုယ္ပိုင္ မ်က္ကန္းနယ္ပယ္ေတြကို နားလည္ေအာင္ ကူညီေပးႏိုင္တယ္ဆိုတာ မွတ္ထားပါ။သင့္မန္ေနဂ်ာက သင့္ကို ေအာင္ျမင္ေစခ်င္လို႔ အႀကံျပဳတာ ျဖစ္ပါတယ္။ အဲဒီ တုံ႔ျပန္ခ်က္ပုံျပင္ကို သင့္ကိုယ္သင္ ျပန္ေျပာပါ၊ ၿပီးေတာ့ သင္ယုံၾကည္ရတဲ့ တစ္စုံတစ္ေယာက္နဲ႔ ေဆြးေႏြးပါ။
စြမ္းေဆာင္ရည္ စစ္ေဆးမႈအတြက္ ႀကိဳတင္ျပင္ဆင္ျခင္းက ၿပီးခဲ့တဲ့ တစ္ႏွစ္တာကို ျပန္ေျပာင္းသုံးသပ္ဖို႔နဲ႔ သင္ၿပီးေျမာက္ခဲ့တဲ့ အရာေတြကို တန္ဖိုးထားဖို႔ အားေပးပါတယ္။ သင့္မန္ေနဂ်ာက သင့္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ရည္မွန္းခ်က္ေတြအေပၚ ေကာင္းမြန္တဲ့ အထင္အျမင္ရွိေစ႐ုံသာမကဘဲ၊ သင့္ရဲ႕ ပံ့ပိုးကူညီမႈအတြက္ အသိအမွတ္ျပဳမႈ ေပးႏိုင္တဲ့ တျခားသူေတြကိုလည္း အဓိကအခ်က္ေတြကို ထပ္ဆင့္ေျပာျပႏိုင္ေစဖို႔ အေရးႀကီးပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply