
အလုပ်အင်တာဗျူးတွေဟာ ခက်ခဲနိုင်ပေမဲ့ အလုပ်ရှာဖွေရာမှာ ရှောင်လွှဲလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလုပ်အင်တာဗျူးတွေက သင့်ကို အလုပ်ရှင်နဲ့ တွေ့ဆုံစေပြီး သင့်ရဲ့ အရည်အချင်းတွေကို သက်သေပြခွင့်ပေးပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ကျမတို့တွေ အားလုံးက အင်တာဗျူးမှာ အမှားတွေလုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အမှားတွေကတေ သင်ခန်းစာယူပြီး လေ့ကျင့်မှုတွေလုပ်မယ်ဆိုရင်တော့ သင့်ရဲ့ နောက်လာမယ့် အင်တာဗျူးကို အောင်မြင်စွာ ဖြေဆိုနိုင်မှာပါ။အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ထားခြင်းက သင့်ကို ယုံကြည်မှုရှိစေပြီး စိတ်လှုပ်ရှားမှုတွေကို လျှော့ချပေးပါတယ်။ ဒါဟာ အင်တာဗျူး အောင်မြင်ဖို့အ တွက် အဓိက အချက်ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာဗျူးမတိုင်ခင် လုပ်ဆောင်သင့်တဲ့ အခြားအရာတွေလည်း ရှိပါသေးတယ်။အင်တာ ဗျူးမတိုင်မီ လုပ်ဆောင်ရမယ့် အချက်တွေကို ဒီအပတ်မှာ ဖော်ပြပေးချင်ပါတယ်။
၁။ သင် အဆင်ပြေမယ့်အချိန်ကို အတည်ပြုပါ
ပထမဆုံးအနေနဲ့ အင်တာဗျူးအတွက် ချိန်းဆိုမှုကို အတည်ပြုရပါမယ်။ အလုပ်ရှင်ရဲ့ ဖိတ်ကြားစာ (အီးမေးလ် သို့မဟုတ် တယ်လီဖုန်း) ကို ချက်ချင်းပြန်ကြားသင့်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် ချိန်းဆိုထားတဲ့အချိန်မှာ မလာနိုင်တာ၊ ဒါမှမဟုတ် အချိန်ပြန်ရွှေ့ချင်တယ်ဆိုရင် သူတို့ကို အမြန်ဆုံး အကြောင်းကြားဖို့ လိုပါတယ်။
၂။ ရာထူးနဲ့ ကုမ္ပဏီအကြောင်းကို သေချာလေ့လာပါ
အလုပ်ဖော်ပြချက် (job description)၊ ရွေးချယ်မှု စံနှုန်းများ (selection criteria) နဲ့ သင့်ရဲ့ လျှောက်လွှာတို့ကို သေချာပြန်လည်ဖတ်ရှုခြင်းဖြင့် အင်တာဗျူးအတွက် ပြင်ဆင်ပါ။ ဒီရာထူးအတွက် သင်ဟာ ဘာကြောင့် အသင့်တော်ဆုံးဖြစ်တယ်ဆိုတာကို ပြန်စဉ်းစားပြီး သက်သေပြနိုင်မယ့် ဘဝအတွေ့အကြုံတွေကို ပြန်လည်စဉ်းစားထားပါ။ဒါ့အပြင် ကုမ္ပဏီအကြောင်းကိုလည်း လေ့လာထားသင့်ပါတယ်။ အလုပ်ရှင်ရဲ့ ဝဘ်ဆိုက်၊ အထူးသဖြင့် “ကျွန်ုပ်တို့အကြောင်း” (About Us) ကဏ္ဍနဲ့ သူတို့ရဲ့ နောက်ဆုံးသတင်းထုတ်ပြန်ချက်တွေကို ကြည့်ရှုပါ။ LinkedIn ဟာလည်း အလုပ်ရှင်ရဲ့ နောက်ဆုံးသတင်းတွေကို ရှာဖွေဖို့ ကောင်းတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
၃။ သပ်ရပ်စွာ ဝတ်ဆင်ပါ
သင်ဝတ်မယ့် အဝတ်အစားကို ကြိုတင်စီစဉ်ပြီး အင်တာဗျူးမတိုင်ခင် ညမှာ အားလုံးပြင်ဆင်ထားပါ။ သင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုက သင့်ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် အဲဒီလုပ်ငန်းနဲ့ ကုမ္ပဏီအတွက် သင့်လျော်တဲ့ အင်တာဗျူးဝတ်စုံကို ကြိုတင်လေ့ လာထားပါ။မသေချာဘူးဆိုရင် office dress လိုမျိုး ဝတ်စုံကို ရွေးချယ်တာက ပိုစိတ်ချရပါတယ်။
၄။ အချိန်မီရောက်ပါစေ
အင်တာဗျူးနေရာကို အချိန်မီရောက်ဖို့ အချိန်ပေးပြီး သွားရမယ့်လမ်းကြောင်းကို ကြိုတင်စီစဉ်ပါ။အလုပ်ရှင်ရုံးကို စောရောက်တာက ပထမဆုံး အကောင်းမြင်စိတ်ခံစားချက်ကို ရရှိစေပါတယ်။ ပုံမှန်အားဖြင့် ၁၀ မိနစ်စောရောက်သင့်တယ်လို့ သတ်မှတ်ကြပါတယ်။
၅။ အရေးကြီးပစ္စည်းများ ယူဆောင်သွားပါ
အင်တာဗျူးမတိုင်မီ သင့်ရဲ့ ပတ်စ်ပို့၊ ဘွဲ့လက်မှတ်များ သို့မဟုတ် သင်လုပ်ခဲ့ဖူးတဲ့ လက်ရာများ စတဲ့ စာရွက်စာတမ်းတွေကို ယူဆောင်သွားဖို့ လိုအပ်သလားဆိုတာကို စစ်ဆေးပါ။
၆။ အင်တာဗျူးမေးခွန်းများကို လေ့ကျင့်ပါ
အင်တာဗျူးမတိုင်ခင် အရေးအကြီးဆုံး လုပ်ဆောင်ရမှာက အင်တာဗျူးမှာ အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းတွေအတွက် အဖြေတွေကို လေ့ကျင့်ထားဖို့ပါပဲ။ လေ့ကျင့်လေလေ၊ အင်တာဗျူးနေ့မှာ ပိုကောင်းလေလေပါပဲ။ဒါ့အပြင် သင့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကိုလည်း ရင်းနှီးအောင် လုပ်ထားသင့်ပါတယ်။ ဥပမာ- သင်ဟာ စက်မှုအင်ဂျင်နီယာရာထူးအတွက် အင်တာဗျူးဖြေဆိုနေတယ်ဆိုရင် အ လုပ်ခန့်မယ့်သူတွေ အများဆုံးမေးလေ့ရှိတဲ့ ထိပ်တန်းမေးခွန်းတွေကို ကြည့်ထားသင့်ပါတယ်။
၇။ အစမ်းအင်တာဗျူးလုပ်ပါ
အင်တာဗျူးမေးခွန်းတွေအတွက် အဖြေလေ့ကျင့်ခြင်းအပြင် အစမ်းအင်တာဗျူးတစ်ခုကိုလည်း ထပ်လုပ်ကြည့်ပါ။ ဒီလိုလုပ်တာက အင်တာဗျူးမတိုင်ခင် စိတ်လှုပ်ရှားမှုတွေကို လျှော့ချပေးနိုင်ပါတယ်။သူငယ်ချင်းတစ်ယောက်ကို အလုပ်ခန့်မယ့်သူအဖြစ် ဟန်ဆောင်ခိုင်းပြီး နှုတ်ဆက်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခြင်း၊ မေးခွန်းတွေဖြေဆိုခြင်းစတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို အတူတကွ လေ့ကျင့်ပါ။
၈။ သွားလာရေးကို စဉ်းစားပါ
အင်တာဗျူးနေရာကို သွားလာရေးကိစ္စတွေဟာလည်း အကောင်းမြင်စိတ်ခံစားချက်ရရှိဖို့ အဓိကကျပါတယ်။ အင်တာဗျူးတည်နေရာကို အချိန်မီရောက်ရှိဖို့ အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေဖို့ အချိန်ယူပါ။ အများပြည်သူသယ်ယူပို့ဆောင်ရေးကို အသုံးပြုမယ်ဆိုရင် အ ချိန်ဇယားတွေကို စစ်ဆေးပြီး အချိန်ကြန့်ကြာမှုရှိလာရင် အစားထိုးရွေးချယ်စရာတွေကိုလည်း ကြိုတွေးထားပါ။
၉။ အချိန်ယူအနားယူပါ
အရေးကြီးတဲ့ အင်တာဗျူးမတိုင်ခင် သင်လုပ်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုကတော့ ကိုယ့်အတွက်အချိန်ပေးပြီး အနားယူခြင်းပါပဲ။ အင်တာဗျူးအတွက် ပြင်ဆင်ပြီးသွားရင် မိသားစုနဲ့ သူငယ်ချင်းတွေနဲ့အတူ အချိန်ဖြုန်းတာ၊ ကိုယ်နှစ်သက်တဲ့အရာတွေကို လုပ်တာ ဒါမှမဟုတ် ရိုးရိုးလေးပဲ အနားယူတာမျိုးတွေ လုပ်သင့်ပါတယ်။ ဒါက သင့်ကို လန်းဆန်းပြီး အင်တာဗျူးအတွက် အသင့်ဖြစ်စေမှာပါ။
၁၀။ ကိုယ်ပြန်မေးမယ့် မေးခွန်းစာရင်းကု် ပြင်ဆင်ပါ
အလုပ်ခန့်မယ့်သူတွေက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ သူတို့ကို မေးခွန်းတွေပြန်မေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် အင်တာဗျူးရဲ့အဆုံးမှာ မေးဖို့အတွက် မေးခွန်းစာရင်းကို ပြင်ဆင်ပါ။ ဥပမာ-“ဒီရာထူးမှာ တိုးတက်ဖို့ ဘယ်လိုအခွင့်အလမ်းတွေ ရှိပါသလဲ” “ကုမ္ပဏီအကြောင်းကိုတော့ အကြမ်းဖျင်း ဒီအချက်တွေ သိထားပါတယ်… ကျနော်/ကျမ မသိသေးတဲ့ အချက်တွေများ ရှိရင် သိချင်ပါတယ်” “ကုမ္ပဏီရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုက ဘယ်လိုမျိုး ရှိပါသလဲ” ဒီလိုမျိုး မေးခွန်းမျိုးတွေပါ။ မေးခွန်းမေးတာက အလုပ်အပေါ်မှာ ကိုယ့်ကို စိတ်ပါဝင်စားမှုကို ပြသရာရောက်တာဖြစ်လို့ သေချာလေး မေးမြန်းစေချင်ပါတယ်။ဒီအချက် ၁၀ ချက်ကတော့ အင်တာဗျူး မတိုင်ခင် သိထားရမယ့် အချက်တွေပဲဖြစ်ပါတယ်။ ဒါတွေကို ကြိုတင်ပြင်ဆင်တာက အင်တာဗျူးအောင်မြင်ဖို့အတွက် များစွာအ ထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
အလုပ္အင္တာဗ်ဴးေတြဟာ ခက္ခဲႏိုင္ေပမဲ့ အလုပ္ရွာေဖြရာမွာ ေရွာင္လႊဲလို႔မရတဲ့ အစိတ္အပိုင္းတစ္ခုပါ။ အလုပ္အင္တာဗ်ဴးေတြက သင့္ကို အလုပ္ရွင္နဲ႔ ေတြ႕ဆုံေစၿပီး သင့္ရဲ႕ အရည္အခ်င္းေတြကို သက္ေသျပခြင့္ေပးပါတယ္။ ဒါေပမဲ့ အဲဒီလိုျဖစ္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ဖို႔ လိုအပ္ပါတယ္။က်မတို႔ေတြ အားလုံးက အင္တာဗ်ဴးမွာ အမွားေတြလုပ္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ အမွားေတြကေတ သင္ခန္းစာယူၿပီး ေလ့က်င့္မႈေတြလုပ္မယ္ဆိုရင္ေတာ့ သင့္ရဲ႕ ေနာက္လာမယ့္ အင္တာဗ်ဴးကို ေအာင္ျမင္စြာ ေျဖဆိုႏိုင္မွာပါ။အင္တာဗ်ဴးအတြက္ ႀကိဳတင္ျပင္ဆင္ထားျခင္းက သင့္ကို ယုံၾကည္မႈရွိေစၿပီး စိတ္လႈပ္ရွားမႈေတြကို ေလွ်ာ့ခ်ေပးပါတယ္။ ဒါဟာ အင္တာဗ်ဴး ေအာင္ျမင္ဖို႔အ တြက္ အဓိက အခ်က္ျဖစ္ပါတယ္။ ဒါ့အျပင္ အင္တာဗ်ဴးမတိုင္ခင္ လုပ္ေဆာင္သင့္တဲ့ အျခားအရာေတြလည္း ရွိပါေသးတယ္။အင္တာ ဗ်ဴးမတိုင္မီ လုပ္ေဆာင္ရမယ့္ အခ်က္ေတြကို ဒီအပတ္မွာ ေဖာ္ျပေပးခ်င္ပါတယ္။
၁။ သင္ အဆင္ေျပမယ့္အခ်ိန္ကို အတည္ျပဳပါ
ပထမဆုံးအေနနဲ႔ အင္တာဗ်ဴးအတြက္ ခ်ိန္းဆိုမႈကို အတည္ျပဳရပါမယ္။ အလုပ္ရွင္ရဲ႕ ဖိတ္ၾကားစာ (အီးေမးလ္ သို႔မဟုတ္ တယ္လီဖုန္း) ကို ခ်က္ခ်င္းျပန္ၾကားသင့္ပါတယ္။ အေၾကာင္းတစ္ခုခုေၾကာင့္ ခ်ိန္းဆိုထားတဲ့အခ်ိန္မွာ မလာႏိုင္တာ၊ ဒါမွမဟုတ္ အခ်ိန္ျပန္ေ႐ႊ႕ခ်င္တယ္ဆိုရင္ သူတို႔ကို အျမန္ဆုံး အေၾကာင္းၾကားဖို႔ လိုပါတယ္။
၂။ ရာထူးနဲ႔ ကုမၸဏီအေၾကာင္းကို ေသခ်ာေလ့လာပါ
အလုပ္ေဖာ္ျပခ်က္ (job description)၊ ေ႐ြးခ်ယ္မႈ စံႏႈန္းမ်ား (selection criteria) နဲ႔ သင့္ရဲ႕ ေလွ်ာက္လႊာတို႔ကို ေသခ်ာျပန္လည္ဖတ္ရႈျခင္းျဖင့္ အင္တာဗ်ဴးအတြက္ ျပင္ဆင္ပါ။ ဒီရာထူးအတြက္ သင္ဟာ ဘာေၾကာင့္ အသင့္ေတာ္ဆုံးျဖစ္တယ္ဆိုတာကို ျပန္စဥ္းစားၿပီး သက္ေသျပႏိုင္မယ့္ ဘဝအေတြ႕အႀကဳံေတြကို ျပန္လည္စဥ္းစားထားပါ။ဒါ့အျပင္ ကုမၸဏီအေၾကာင္းကိုလည္း ေလ့လာထားသင့္ပါတယ္။ အလုပ္ရွင္ရဲ႕ ဝဘ္ဆိုက္၊ အထူးသျဖင့္ “ကြၽႏ္ုပ္တို႔အေၾကာင္း” (About Us) က႑နဲ႔ သူတို႔ရဲ႕ ေနာက္ဆုံးသတင္းထုတ္ျပန္ခ်က္ေတြကို ၾကည့္ရႈပါ။ LinkedIn ဟာလည္း အလုပ္ရွင္ရဲ႕ ေနာက္ဆုံးသတင္းေတြကို ရွာေဖြဖို႔ ေကာင္းတဲ့ေနရာတစ္ခု ျဖစ္ပါတယ္။
၃။ သပ္ရပ္စြာ ဝတ္ဆင္ပါ
သင္ဝတ္မယ့္ အဝတ္အစားကို ႀကိဳတင္စီစဥ္ၿပီး အင္တာဗ်ဴးမတိုင္ခင္ ညမွာ အားလုံးျပင္ဆင္ထားပါ။ သင့္ေလ်ာ္တဲ့ ဝတ္စားဆင္ယင္မႈက သင့္ယုံၾကည္မႈကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ အဲဒီလုပ္ငန္းနဲ႔ ကုမၸဏီအတြက္ သင့္ေလ်ာ္တဲ့ အင္တာဗ်ဴးဝတ္စုံကို ႀကိဳတင္ေလ့ လာထားပါ။မေသခ်ာဘူးဆိုရင္ office dress လိုမ်ိဳး ဝတ္စုံကို ေ႐ြးခ်ယ္တာက ပိုစိတ္ခ်ရပါတယ္။
၄။ အခ်ိန္မီေရာက္ပါေစ
အင္တာဗ်ဴးေနရာကို အခ်ိန္မီေရာက္ဖို႔ အခ်ိန္ေပးၿပီး သြားရမယ့္လမ္းေၾကာင္းကို ႀကိဳတင္စီစဥ္ပါ။အလုပ္ရွင္႐ုံးကို ေစာေရာက္တာက ပထမဆုံး အေကာင္းျမင္စိတ္ခံစားခ်က္ကို ရရွိေစပါတယ္။ ပုံမွန္အားျဖင့္ ၁၀ မိနစ္ေစာေရာက္သင့္တယ္လို႔ သတ္မွတ္ၾကပါတယ္။
၅။ အေရးႀကီးပစၥည္းမ်ား ယူေဆာင္သြားပါ
အင္တာဗ်ဴးမတိုင္မီ သင့္ရဲ႕ ပတ္စ္ပို႔၊ ဘြဲ႕လက္မွတ္မ်ား သို႔မဟုတ္ သင္လုပ္ခဲ့ဖူးတဲ့ လက္ရာမ်ား စတဲ့ စာ႐ြက္စာတမ္းေတြကို ယူေဆာင္သြားဖို႔ လိုအပ္သလားဆိုတာကို စစ္ေဆးပါ။
၆။ အင္တာဗ်ဴးေမးခြန္းမ်ားကို ေလ့က်င့္ပါ
အင္တာဗ်ဴးမတိုင္ခင္ အေရးအႀကီးဆုံး လုပ္ေဆာင္ရမွာက အင္တာဗ်ဴးမွာ အမ်ားဆုံး ေမးေလ့ရွိတဲ့ ေမးခြန္းေတြအတြက္ အေျဖေတြကို ေလ့က်င့္ထားဖို႔ပါပဲ။ ေလ့က်င့္ေလေလ၊ အင္တာဗ်ဴးေန႔မွာ ပိုေကာင္းေလေလပါပဲ။ဒါ့အျပင္ သင့္လုပ္ငန္းနဲ႔ သက္ဆိုင္တဲ့ ေမးခြန္းေတြကိုလည္း ရင္းႏွီးေအာင္ လုပ္ထားသင့္ပါတယ္။ ဥပမာ- သင္ဟာ စက္မႈအင္ဂ်င္နီယာရာထူးအတြက္ အင္တာဗ်ဴးေျဖဆိုေနတယ္ဆိုရင္ အ လုပ္ခန႔္မယ့္သူေတြ အမ်ားဆုံးေမးေလ့ရွိတဲ့ ထိပ္တန္းေမးခြန္းေတြကို ၾကည့္ထားသင့္ပါတယ္။
၇။ အစမ္းအင္တာဗ်ဴးလုပ္ပါ
အင္တာဗ်ဴးေမးခြန္းေတြအတြက္ အေျဖေလ့က်င့္ျခင္းအျပင္ အစမ္းအင္တာဗ်ဴးတစ္ခုကိုလည္း ထပ္လုပ္ၾကည့္ပါ။ ဒီလိုလုပ္တာက အင္တာဗ်ဴးမတိုင္ခင္ စိတ္လႈပ္ရွားမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။သူငယ္ခ်င္းတစ္ေယာက္ကို အလုပ္ခန႔္မယ့္သူအျဖစ္ ဟန္ေဆာင္ခိုင္းၿပီး ႏႈတ္ဆက္ျခင္း၊ ကိုယ့္ကိုယ္ကိုယ္ မိတ္ဆက္ျခင္း၊ ေမးခြန္းေတြေျဖဆိုျခင္းစတဲ့ လုပ္ငန္းစဥ္တစ္ခုလုံးကို အတူတကြ ေလ့က်င့္ပါ။
၈။ သြားလာေရးကို စဥ္းစားပါ
အင္တာဗ်ဴးေနရာကို သြားလာေရးကိစၥေတြဟာလည္း အေကာင္းျမင္စိတ္ခံစားခ်က္ရရွိဖို႔ အဓိကက်ပါတယ္။ အင္တာဗ်ဴးတည္ေနရာကို အခ်ိန္မီေရာက္ရွိဖို႔ အေကာင္းဆုံးနည္းလမ္းေတြကို ရွာေဖြဖို႔ အခ်ိန္ယူပါ။ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးကို အသုံးျပဳမယ္ဆိုရင္ အ ခ်ိန္ဇယားေတြကို စစ္ေဆးၿပီး အခ်ိန္ၾကန႔္ၾကာမႈရွိလာရင္ အစားထိုးေ႐ြးခ်ယ္စရာေတြကိုလည္း ႀကိဳေတြးထားပါ။
၉။ အခ်ိန္ယူအနားယူပါ
အေရးႀကီးတဲ့ အင္တာဗ်ဴးမတိုင္ခင္ သင္လုပ္ႏိုင္တဲ့ အေကာင္းဆုံးအရာေတြထဲက တစ္ခုကေတာ့ ကိုယ့္အတြက္အခ်ိန္ေပးၿပီး အနားယူျခင္းပါပဲ။ အင္တာဗ်ဴးအတြက္ ျပင္ဆင္ၿပီးသြားရင္ မိသားစုနဲ႔ သူငယ္ခ်င္းေတြနဲ႔အတူ အခ်ိန္ျဖဳန္းတာ၊ ကိုယ္ႏွစ္သက္တဲ့အရာေတြကို လုပ္တာ ဒါမွမဟုတ္ ႐ိုး႐ိုးေလးပဲ အနားယူတာမ်ိဳးေတြ လုပ္သင့္ပါတယ္။ ဒါက သင့္ကို လန္းဆန္းၿပီး အင္တာဗ်ဴးအတြက္ အသင့္ျဖစ္ေစမွာပါ။
၁၀။ ကိုယ္ျပန္ေမးမယ့္ ေမးခြန္းစာရင္းကု္ ျပင္ဆင္ပါ
အလုပ္ခန႔္မယ့္သူေတြက ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ သူတို႔ကို ေမးခြန္းေတြျပန္ေမးလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒါေၾကာင့္ အင္တာဗ်ဴးရဲ႕အဆုံးမွာ ေမးဖို႔အတြက္ ေမးခြန္းစာရင္းကို ျပင္ဆင္ပါ။ ဥပမာ-“ဒီရာထူးမွာ တိုးတက္ဖို႔ ဘယ္လိုအခြင့္အလမ္းေတြ ရွိပါသလဲ” “ကုမၸဏီအေၾကာင္းကိုေတာ့ အၾကမ္းဖ်င္း ဒီအခ်က္ေတြ သိထားပါတယ္… က်ေနာ္/က်မ မသိေသးတဲ့ အခ်က္ေတြမ်ား ရွိရင္ သိခ်င္ပါတယ္” “ကုမၸဏီရဲ႕ လုပ္ငန္းခြင္ယဥ္ေက်းမႈက ဘယ္လိုမ်ိဳး ရွိပါသလဲ” ဒီလိုမ်ိဳး ေမးခြန္းမ်ိဳးေတြပါ။ ေမးခြန္းေမးတာက အလုပ္အေပၚမွာ ကိုယ့္ကို စိတ္ပါဝင္စားမႈကို ျပသရာေရာက္တာျဖစ္လို႔ ေသခ်ာေလး ေမးျမန္းေစခ်င္ပါတယ္။ဒီအခ်က္ ၁၀ ခ်က္ကေတာ့ အင္တာဗ်ဴး မတိုင္ခင္ သိထားရမယ့္ အခ်က္ေတြပဲျဖစ္ပါတယ္။ ဒါေတြကို ႀကိဳတင္ျပင္ဆင္တာက အင္တာဗ်ဴးေအာင္ျမင္ဖို႔အတြက္ မ်ားစြာအ ေထာက္အကူျဖစ္ေစမွာပဲျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply