
ဘဝမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုကတော့ ကိုယ်လုပ်ကိုင်မယ့် အလုပ်ကိုသေသေချာချာရွေးချယ်ရတာပါပဲ။ ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ကို ရှာဖွေနိုင်မှသာပျော်ရွှင်စရာကောင်းပြီး အောင်မြင်တဲ့ အလုပ်အကိုင်ဘဝကို တည်ဆောက်နိုင်မှာပါ။ ဒါပေမယ့်
ကိုယ့်အတွက် သင့်တော်တဲ့ အလုပ်ကို ဘယ်လို ရှာဖွေရမလဲဆိုတာ သိဖို့ ခက်ခဲနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ သင်နဲ့ ကိုက်ညီတဲ့ အ လုပ်ကို ရှာဖွေနိုင်ဖို့အတွက်အထောက်အကူဖြစ်စေမယ့် အဆင့်တွေကို မျှဝေသွားမှာဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို သိအောင်လုပ်ပါ
ပထမဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ်သိအောင်လုပ်တာပါပဲ။သင့်ရဲ့စိတ်ဝင်စားမှုတွေကိုရှာဖွေဖို့ပါ။ ဘယ်အရာတွေကို လုပ်ရတာပျော်လဲ၊စိတ်လှုပ်ရှားစေသလဲဆိုတာ ပြန်တွေးကြည့်ပါ။ ဘယ်အရာတွေမှာကောင်းကောင်းလုပ်နိုင်သလဲ၊ ကျွမ်းကျင်မှုရှိသလဲဆိုတဲ့ အ ချက်ကိုလည်း ထည့်သွင်းစဉ်းစားပါ။ပြီးတော့ သင့်ဘဝအတွက် ဘယ်အရာတွေက အရေးကြီးသလဲ၊ လုပ်ငန်းခွင်ဘဝမှာဘယ်လိုအရာတွေက အရေးပါလဲဆိုတာကို စဉ်းစားကြည့်ပါ။ ကိုယ်ကိုယ်ကိုယ်သိဖို့နောက်ဆုံးအချက်ကတော့ ဘယ်လိုအလုပ်အကိုင်ဘဝကို တည် ဆောက်ချင်သလဲဆိုတာပါ။ကိုယ်က ဘယ်အရာမှာအောင်မြင်ချင်တာလဲ၊ ဘယ်လိုအောင်မြင်မှုမျိုးကိုအရယူချင်တာလဲဆိုတာကို သိအောင်လုပ်ဖို့ပါပဲ။
အလုပ်အကိုင် ဈေးကွက်ကို လေ့လာပါ
နံပါတ်နှစ်အချက်ကတော့ သင်စိတ်ဝင်စားမှုရှိတဲ့ လုပ်ငန်းနယ်ပယ်တွေကို လေ့လာတာပါပဲ။ကိုယ်က ကိုယ့်အမက ဒီအလုပ်လုပ်လို့ ကိုယ်တိုင်ကလည်း ဒီအလုပ်ကိုပဲလုပ်ရမယ်ဆိုတာမျိုးမတွေးပါနဲ့။ ကိုယ့်အစ်ကိုက ဒီအလုပ်မှာရှိလို့ ကိုယ့်ကိုဒီအလုပ်ထဲဆွဲသွင်းတာမျိုးကလည်းကိုယ်တိုင်ဝါသနာပါရဲ့လားဆိုတဲ့ အချက်ကို စဉ်းစားကြည့်စေချင်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းနယ်ပယ်မှာ ဘယ်လိုအလုပ်အကိုင်အခွင့်အလမ်းတွေရှိသလဲ၊ဘယ်လိုအရည်အချင်းတွေကို လိုအပ်နေသလဲဆိုတာကို ရှာဖွေဖို့ပါ။ ဒီလိုလေ့လာတဲ့အခါမှာ
အလုပ်အကိုင်ဝက်ဘ်ဆိုက်တွေကို အသုံးပြုပြီး လေ့လာနိုင်ပါတယ်။အလုပ်အကိုင်ကြော်ငြာတွေကို ရှာဖွေပြီး အလုပ်ရဲ့လိုအပ်ချက်တွေကို လေ့လာနိုင်ပါတယ်။
အလုပ်လျှောက်လွှာနဲ့ ကိုယ်ရေးရာဇဝင်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ
တတိယအချက်ကတော့ အလုပ်လျှောက်လွှာကို သေချာစွာ ဖြည့်စွက်ဖို့ပါပဲ။ အလုပ်ရှင်ရဲ့လိုအပ်ချက်တွေကို သေချာဖတ်ပြီး သင့်ရဲ့ အ ရည်အချင်းတွေနဲ့ အတွေ့အကြုံတွေကိုထင်သာမြင်သာရှိအောင် ဖော်ပြပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ရေးရာဇဝင်ကိုအ ကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပါ။ အတွေ့အကြုံတွေ၊ အရည်အချင်းတွေနဲ့ပညာအရည်အချင်းတွေကို ထင်သာမြင်သာရှိအောင် ဖော်ပြထားပါ။ ပြီးတော့အင်တာဗျူးအတွက်လည်း တဆက်ထဲမှာ ကြိုတင်ပြင်ဆင်ထားပါ။ အင်တာဗျူးမှာမေးလာနိုင်တဲ့ မေးခွန်းတွေကို ကြို တင်ပြင်ဆင်ထားဖို့လိုပါတယ်။
အင်တာဗျူးကို အောင်မြင်အောင် ဖြေဆိုပါ
နံပါတ်လေးအချက်ကတော့ အင်တာဗျူးကို အောင်မြင်အောင်ဖြေဆိုနိုင်ဖို့အတွက်ကြိုးစားရတာပါပဲ။ အင်တာဗျူးကိုအချိန်မှန်ရောက်အောင်သွားပြီးတော့ သင့်ရဲ့တာဝန်ယူမှုနဲ့အချိန်အပေါ်လေးစားမှုကို ပြသနိုင်ပါတယ်။ ပြီးတော့ မေးခွန်းတိုင်းကို ယုံကြည်မှုရှိရှိနဲ့ဖြေဆိုပါ။ မေးခွန်းကိုနားမလည်ပါက သေချာရှင်းလင်းအောင်ပြန်မေးပါ။ အလုပ်အကြောင်း၊ကုမ္ပဏီအကြောင်း သိချင်တဲ့ မေးခွန်းရှိပါကအင်တာ ဗျူးသူကို ပြန်လည်မေးမြန်းပါ။တခုမှတ်ထားရမှာက အလုပ်အင်တာဗျူးဆိုတာ ကိုယ်ကပဲ အမေးခံရဖို့သွားတာမဟုတ်ဘူးဆိုတာပါ။ ကိုယ်သိချင်တဲ့ အလုပ်အကြောင်းတွေ၊ကုမ္ပဏီနဲ့ပတ်သက်တာတွေကိုလည်း မေးခွန်းမေးဖို့ ပြင်ဆင်သွားစေချင်ပါတယ်။ ဒီအချက်က
အလုပ်အပေါ်ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ အာရုံစိုက်မှုကို သတိပြုမိစေမှာဖြစ်ပါတယ်။
အလုပ်ကမ်းလှမ်းမှုကို သေချာစဉ်းစားပါ
အပေါ်မှာပြောခဲ့တဲ့အချက်တွေအဆင်ပြေသွားတဲ့အခါ နောက်ဆုံးအချက်အလုပ်ကမ်းလှမ်းမှုရလာခဲ့ရင် သေချာစဉ်းစားရမယ့် အချက်တွေရှိပါတယ်။ အဲဒါကတော့လစာနဲ့ အကျိုးခံစားခွင့်တွေပါ။ ဒီအချက်တွေက သင့်လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိ၊ မရှိဆိုတာကိုသေချာစဉ်း စားဖို့ပါပဲ။ အလုပ်ရဲ့ တာဝန်ဝတ္တရားတွေကို သေချာလေ့လာပြီးကိုယ့်လုပ်ချင်တာက ဒါတွေသေချာလားဆိုတာကို သေချာပြန်စဉ်းစားပါ။ ပြီးတော့ ကုမ္ပဏီရဲ့ယဉ်ကျေးမှုကို လေ့လာဖို့ပါ။ ကိုယ့်ကိုအလုပ်ကမ်းလှမ်းလာတဲ့ကုမ္ပဏီရဲ့ ယဉ်ကျေးမှုက သင်ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုရှိ၊ မရှိကို သေချာစဉ်းစားဖို့ပါပဲ။နိဂုံးချုပ်အနေနဲ့ သင်နဲ့ ကိုက်ညီတဲ့ အလုပ်ကို ရှာဖွေဖို့ဆိုတာ အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေ
လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအဆင့်တွေကို သေချာလိုက်နာမယ်ဆိုရင် သင်နှစ်သက်တဲ့အလုပ်ကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
ဘဝမွာ အေရးႀကီးဆုံး ဆုံးျဖတ္ခ်က္ေတြထဲက တစ္ခုကေတာ့ ကိုယ္လုပ္ကိုင္မယ့္ အလုပ္ကိုေသေသခ်ာခ်ာေ႐ြးခ်ယ္ရတာပါပဲ။ ကိုယ္နဲ႔ ကိုက္ညီတဲ့ အလုပ္ကို ရွာေဖြႏိုင္မွသာေပ်ာ္႐ႊင္စရာေကာင္းၿပီး ေအာင္ျမင္တဲ့ အလုပ္အကိုင္ဘဝကို တည္ေဆာက္ႏိုင္မွာပါ။ ဒါေပမယ့္
ကိုယ့္အတြက္ သင့္ေတာ္တဲ့ အလုပ္ကို ဘယ္လို ရွာေဖြရမလဲဆိုတာ သိဖို႔ ခက္ခဲႏိုင္ပါတယ္။ဒီေဆာင္းပါးမွာေတာ့ သင္နဲ႔ ကိုက္ညီတဲ့ အ လုပ္ကို ရွာေဖြႏိုင္ဖို႔အတြက္အေထာက္အကူျဖစ္ေစမယ့္ အဆင့္ေတြကို မွ်ေဝသြားမွာျဖစ္ပါတယ္။
ကိုယ့္ကိုယ္ကို သိေအာင္လုပ္ပါ
ပထမဆုံးအခ်က္ကေတာ့ ကိုယ့္ကိုယ္ကိုယ္သိေအာင္လုပ္တာပါပဲ။သင့္ရဲ႕စိတ္ဝင္စားမႈေတြကိုရွာေဖြဖို႔ပါ။ ဘယ္အရာေတြကို လုပ္ရတာေပ်ာ္လဲ၊စိတ္လႈပ္ရွားေစသလဲဆိုတာ ျပန္ေတြးၾကည့္ပါ။ ဘယ္အရာေတြမွာေကာင္းေကာင္းလုပ္ႏိုင္သလဲ၊ ကြၽမ္းက်င္မႈရွိသလဲဆိုတဲ့ အ ခ်က္ကိုလည္း ထည့္သြင္းစဥ္းစားပါ။ၿပီးေတာ့ သင့္ဘဝအတြက္ ဘယ္အရာေတြက အေရးႀကီးသလဲ၊ လုပ္ငန္းခြင္ဘဝမွာဘယ္လိုအရာေတြက အေရးပါလဲဆိုတာကို စဥ္းစားၾကည့္ပါ။ ကိုယ္ကိုယ္ကိုယ္သိဖို႔ေနာက္ဆုံးအခ်က္ကေတာ့ ဘယ္လိုအလုပ္အကိုင္ဘဝကို တည္ ေဆာက္ခ်င္သလဲဆိုတာပါ။ကိုယ္က ဘယ္အရာမွာေအာင္ျမင္ခ်င္တာလဲ၊ ဘယ္လိုေအာင္ျမင္မႈမ်ိဳးကိုအရယူခ်င္တာလဲဆိုတာကို သိေအာင္လုပ္ဖို႔ပါပဲ။
အလုပ္အကိုင္ ေဈးကြက္ကို ေလ့လာပါ
နံပါတ္ႏွစ္အခ်က္ကေတာ့ သင္စိတ္ဝင္စားမႈရွိတဲ့ လုပ္ငန္းနယ္ပယ္ေတြကို ေလ့လာတာပါပဲ။ကိုယ္က ကိုယ့္အမက ဒီအလုပ္လုပ္လို႔ ကိုယ္တိုင္ကလည္း ဒီအလုပ္ကိုပဲလုပ္ရမယ္ဆိုတာမ်ိဳးမေတြးပါနဲ႔။ ကိုယ့္အစ္ကိုက ဒီအလုပ္မွာရွိလို႔ ကိုယ့္ကိုဒီအလုပ္ထဲဆြဲသြင္းတာမ်ိဳးကလည္းကိုယ္တိုင္ဝါသနာပါရဲ႕လားဆိုတဲ့ အခ်က္ကို စဥ္းစားၾကည့္ေစခ်င္ပါတယ္။ ကိုယ္စိတ္ဝင္စားတဲ့လုပ္ငန္းနယ္ပယ္မွာ ဘယ္လိုအလုပ္အကိုင္အခြင့္အလမ္းေတြရွိသလဲ၊ဘယ္လိုအရည္အခ်င္းေတြကို လိုအပ္ေနသလဲဆိုတာကို ရွာေဖြဖို႔ပါ။ ဒီလိုေလ့လာတဲ့အခါမွာ
အလုပ္အကိုင္ဝက္ဘ္ဆိုက္ေတြကို အသုံးျပဳၿပီး ေလ့လာႏိုင္ပါတယ္။အလုပ္အကိုင္ေၾကာ္ျငာေတြကို ရွာေဖြၿပီး အလုပ္ရဲ႕လိုအပ္ခ်က္ေတြကို ေလ့လာႏိုင္ပါတယ္။
အလုပ္ေလွ်ာက္လႊာနဲ႔ ကိုယ္ေရးရာဇဝင္ကို အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ပါ
တတိယအခ်က္ကေတာ့ အလုပ္ေလွ်ာက္လႊာကို ေသခ်ာစြာ ျဖည့္စြက္ဖို႔ပါပဲ။ အလုပ္ရွင္ရဲ႕လိုအပ္ခ်က္ေတြကို ေသခ်ာဖတ္ၿပီး သင့္ရဲ႕ အ ရည္အခ်င္းေတြနဲ႔ အေတြ႕အႀကဳံေတြကိုထင္သာျမင္သာရွိေအာင္ ေဖာ္ျပေပးႏိုင္ဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ေရးရာဇဝင္ကိုအ ေကာင္းဆုံးျဖစ္ေအာင္ျပင္ဆင္ပါ။ အေတြ႕အႀကဳံေတြ၊ အရည္အခ်င္းေတြနဲ႔ပညာအရည္အခ်င္းေတြကို ထင္သာျမင္သာရွိေအာင္ ေဖာ္ျပထားပါ။ ၿပီးေတာ့အင္တာဗ်ဴးအတြက္လည္း တဆက္ထဲမွာ ႀကိဳတင္ျပင္ဆင္ထားပါ။ အင္တာဗ်ဴးမွာေမးလာႏိုင္တဲ့ ေမးခြန္းေတြကို ႀကိဳ တင္ျပင္ဆင္ထားဖို႔လိုပါတယ္။
အင္တာဗ်ဴးကို ေအာင္ျမင္ေအာင္ ေျဖဆိုပါ
နံပါတ္ေလးအခ်က္ကေတာ့ အင္တာဗ်ဴးကို ေအာင္ျမင္ေအာင္ေျဖဆိုႏိုင္ဖို႔အတြက္ႀကိဳးစားရတာပါပဲ။ အင္တာဗ်ဴးကိုအခ်ိန္မွန္ေရာက္ေအာင္သြားၿပီးေတာ့ သင့္ရဲ႕တာဝန္ယူမႈနဲ႔အခ်ိန္အေပၚေလးစားမႈကို ျပသႏိုင္ပါတယ္။ ၿပီးေတာ့ ေမးခြန္းတိုင္းကို ယုံၾကည္မႈရွိရွိနဲ႔ေျဖဆိုပါ။ ေမးခြန္းကိုနားမလည္ပါက ေသခ်ာရွင္းလင္းေအာင္ျပန္ေမးပါ။ အလုပ္အေၾကာင္း၊ကုမၸဏီအေၾကာင္း သိခ်င္တဲ့ ေမးခြန္းရွိပါကအင္တာ ဗ်ဴးသူကို ျပန္လည္ေမးျမန္းပါ။တခုမွတ္ထားရမွာက အလုပ္အင္တာဗ်ဴးဆိုတာ ကိုယ္ကပဲ အေမးခံရဖို႔သြားတာမဟုတ္ဘူးဆိုတာပါ။ ကိုယ္သိခ်င္တဲ့ အလုပ္အေၾကာင္းေတြ၊ကုမၸဏီနဲ႔ပတ္သက္တာေတြကိုလည္း ေမးခြန္းေမးဖို႔ ျပင္ဆင္သြားေစခ်င္ပါတယ္။ ဒီအခ်က္က
အလုပ္အေပၚကိုယ့္ရဲ႕စိတ္ဝင္စားမႈနဲ႔ အာ႐ုံစိုက္မႈကို သတိျပဳမိေစမွာျဖစ္ပါတယ္။
အလုပ္ကမ္းလွမ္းမႈကို ေသခ်ာစဥ္းစားပါ
အေပၚမွာေျပာခဲ့တဲ့အခ်က္ေတြအဆင္ေျပသြားတဲ့အခါ ေနာက္ဆုံးအခ်က္အလုပ္ကမ္းလွမ္းမႈရလာခဲ့ရင္ ေသခ်ာစဥ္းစားရမယ့္ အခ်က္ေတြရွိပါတယ္။ အဲဒါကေတာ့လစာနဲ႔ အက်ိဳးခံစားခြင့္ေတြပါ။ ဒီအခ်က္ေတြက သင့္လိုအပ္ခ်က္နဲ႔ ကိုက္ညီမႈရွိ၊ မရွိဆိုတာကိုေသခ်ာစဥ္း စားဖို႔ပါပဲ။ အလုပ္ရဲ႕ တာဝန္ဝတၱရားေတြကို ေသခ်ာေလ့လာၿပီးကိုယ့္လုပ္ခ်င္တာက ဒါေတြေသခ်ာလားဆိုတာကို ေသခ်ာျပန္စဥ္းစားပါ။ ၿပီးေတာ့ ကုမၸဏီရဲ႕ယဥ္ေက်းမႈကို ေလ့လာဖို႔ပါ။ ကိုယ့္ကိုအလုပ္ကမ္းလွမ္းလာတဲ့ကုမၸဏီရဲ႕ ယဥ္ေက်းမႈက သင္ရဲ႕ကိုယ္ပိုင္ယဥ္ေက်းမႈနဲ႔ ကိုက္ညီမႈရွိ၊ မရွိကို ေသခ်ာစဥ္းစားဖို႔ပါပဲ။နိဂုံးခ်ဳပ္အေနနဲ႔ သင္နဲ႔ ကိုက္ညီတဲ့ အလုပ္ကို ရွာေဖြဖို႔ဆိုတာ အခ်ိန္နဲ႔ ႀကိဳးစားအားထုတ္မႈေတြ
လိုအပ္ပါတယ္။ ဒါေပမယ့္ ဒီအဆင့္ေတြကို ေသခ်ာလိုက္နာမယ္ဆိုရင္ သင္ႏွစ္သက္တဲ့အလုပ္ကို ရွာေဖြႏိုင္မွာျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply