
ငွေစုခြင်းက ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်တယ်ဆိုတာသင်သိပါသလား။ ဒီခေါင်းစဉ်ကိုမြင်ပြီးတော့ သုံးဖို့တောင် မလောက်တာ ဘယ်လိုငွေစုမလဲလို့ပထမဆုံးသင်တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ ငွေစုတာက အတတ်ပညာတခုပါပဲ။ ဒီဆောင်းပါးက
ငွေစုတာအတွက် အသုံးဝင်တဲ့ အကြံပြုချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ဘတ်ဂျက်တစ်ခု ရေးဆွဲပါ
ပထမဆုံး ငွေစုမယ်ဆိုရင် ကိုယ့်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို စာရင်းပြုစုတာကနေဘတ်ဂျက်တစ်ခုကို စတင်နိုင်ပါတယ်။ ဒီလိုပြုစုလိုက်တဲအခါမှာ မလိုအပ်တဲ့အသုံးစရိတ်တွေကို မြင်သာလာပြီး လျှော့ချဖို့အတွက် စီမံနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ဘတ်ဂျက်ကို လစဉ်ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်မှုလုပ်နိုင်ပါတယ်။
ရည်မှန်းချက်များ သတ်မှတ်ပါ
ငွေစုတာရဲ့ အဓိက အကျဆုံးအချက်နဲ့ အောင်မြင်နိုင်စေမယ့်အချက်ကတော့ရည်မှန်းချက်တခုခုကြောင့် ငွေစုတာပါ။ ဥပမာ ကိုယ်စု ဆောင်းလိုတဲ့ ပမာဏတခုကိုတိတိကျကျသတ်မှတ်ပြီး ဒါပြည့်ရင် ပစ္စည်းတခုခုဝယ်မယ်ဆိုတာမျိုးပါ။ ဒါကို သေးငယ်တဲ့ပမာဏကနေ စတင်နိုင်ပါတယ်။ တန်ဖိုးကြီးပစ္စည်းမဟုတ်ဘဲ ကိုယ့်အတွက် အသုံးဝင်စေမယ့်ပစ္စည်းတခုခုဝယ်တာ၊ ပညာရေးအတွက်သုံးတာ စတဲ့ ရေတို၊ ရေရှည်ရည်မှန်းချက်များနဲ့ပိုက်ဆံကို စုကြည့်ပါ။
အသုံးစရိတ်များကို ခြေရာခံပါ
သင့်ရဲ့အသုံးစရိတ်တွေကို စာရင်းလုပ်ကြည့်ဖူးသလား။ တလတလ ပိုက်ဆံတွေသုံးလိုက်ပေမဲ့စာရင်းမရှိသေးဘူးဆိုရင်တော့ အခုကစပြီး စာရင်းလေးလုပ်ကြည့်ပါ။ အဲဒီအခါကျရင်လကုန်တဲ့အခါ ကိုယ်က ဘယ်အပိုင်းမှာ ငွေကို အများကြီးသုံးမိနေတယ်ဆိုတဲ့ ယိုပေါက်ကို
သိလာနိုင်ပါတယ်။ ပြီးတော့ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချပါ။ ဥပမာ app တွေကိုလစဉ်ပိုက်ဆံပေးပြီး ဝယ်ထားပေမဲ့ သိပ်မသုံးဖြစ်တာမျိုးတွေပါ။ ဒီလိုနည်းနဲ့သင့်ရဲ့အသုံးစရိတ်ကို ပုံမှန်ပြန်လည်သုံးသပ်နိုင်ပါတယ်။
အပိုဝင်ငွေ ရှာဖွေပါ
ကိုယ်က အလုပ်တခုထဲလုပ်နေတယ်ဆိုရင် အချိန်ပိုင်းအလုပ်တွေ ထပ်ရှာတာမျိုးပါ။စီးပွားရေးသမားတွေကတော့ ငွေရှာတယ်ဆိုတာမျိုးက အိပ်နေရင်းတောင် ဝင်နိုင်မယ့်စီးပွားရေးမျိုးကို လုပ်ဆောင်တာမျိုးပဲလို့ဆိုထားကြပါတယ်။ အပိုဝင်ငွေကိုကိုယ့်ရဲ့ဝါသနာကိုအသုံးပြုပြီး ရှာဖွေလို့ရပါတယ်။ ဥပမာ YouTuber လုပ်တာမျိုးပါ။ကိုယ့်ရဲ့အိုင်ဒီယာနဲ့ တီထွင်ဖန်တီးမှုတွေကောင်းနေရင် ကိုယ်အိပ်နေရင်တောင် ဒီကနေဝင်ငွေရရှိစေမယ့်နည်းလမ်းပါပဲ။ ဒါကြောင့် ဝါသနာကနေလည်းငွေကိုဒီလိုမျိုးရှာဖွေနိုင်ပါတယ်။
စျေးဝယ်ရာတွင် ဉာဏ်ပညာရှိပါ
ဈေးဝယ်ရာမှာ လျှော့ဈေးပေးတဲ့အချိန်မျိုး ဝယ်ပါ။ ကူပွန်တွေကို အသုံးပြုပါ။အရေးကြီးဆုံးအချက်ကတော့ လျှော့ဈေးတွေ၊ ကူပွန်တွေရှိနေရင်တောင် အဲဒီပစ္စည်းကကိုယ်တကယ်လိုအပ်ရဲ့လားဆိုတာစဉ်းစားပြီးမှ ဝယ်ဖို့ပါပဲ။ ဈေးဝယ်စာရင်းတခုပြုလုပ်ပြီးစာရင်းအတိုင်းသာ ဝယ်ယူဖို့ အကြံပြုလိုပါတယ်။
အကြွေးများကို ရှောင်ကြဉ်ပါ
အကြွေးများဆိုတဲ့နေရာမှာ အကြွေးဝယ်ကတ်အသုံးပြုတာ၊ လပေးနဲ့ ဝယ်ယူတာ၊ မလိုအပ်ဘဲအရစ်ကျဝယ်ဘူတာတွေကို တတ်နိုင်သမျှရှောင်ဖို့ပါပဲ။ တကယ်လို့အကြွေးရှိနေရင်တောင်အကြွေးတွေကို စနစ်တကျစီမံခန့်ခွဲပါ။
ရင်းနှီးမြှုပ်နှံပါ
ဒီအချက်ကတော့ အရေးကြီးပါတယ်။ သင့်ရဲ့စုငွေတွေ တိုးပွားစေဖို့ ခိုင်မာသေချာမယ့်လုပ်ငန်းတခုခုမှာ ရင်းနှီးမြှုပ်နှံတာပါ။ သင့်အတွက် သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံမှုနည်းလမ်းကိုရွေးချယ်စဉ်းစားပြီး သေချာလေ့လာဖို့လိုပါတယ်။ အလိမ်အညာတွေကလည်းပေါများတာဖြစ်လို့ လွယ်လွယ်အယုံမလွယ်ဖို့နဲ့၊ လောဘမကြီးမိစေဖို့ အထူးဂရုစိုက်ပါ။ဒီနှစ်ချက်ကြောင့်ပဲ အလိမ်ခံကြရတာများပါတယ်။ သင့်အတွက် သင့်တော်သော ရင်းနှီးမြှုပ်နှံမှုနည်းလမ်းကို ရွေးချယ်ပါ။
စိတ်ရှည်သည်းခံပါ
ငွေစုတာက အချိန်ယူရတဲ့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။ ဒါကြောင့် ငွေစုရတာပင်ပန်းလိုက်တာ၊မပြည့်နိုင်တော့ဘူးဆိုတာမျိုး မတွေးပါနဲ့။ ပန်းတိုင်ကိုသာအာရုံစိတ်ပြီး စိတ်ရှည်သည်းခံပါ။သေးငယ်တဲ့ အောင်မြင်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုပါ။ ဥပမာ ကိုယ်က အရင်ကဘယ်လောက်မှမစုမိတာကနေ တလမှာ ငါးသောင်းလောက်စုမိတာမျိုးကလည်းကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုသင့်တဲ့ ကိစ္စရပ်တခုပါပဲ။
ငွေစုတာက စည်းကမ်းရှိမှု၊ အသုံးအစွဲချွေတာမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အစီအစဉ်ဆွဲဖို့လိုအပ်တဲ့လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။ ဒီအချက်ပြုချက်များကို လိုက်နာပြီး သင့်ရဲ့ ဘဏ္ဍာရေးကိုခိုင်မာအောင်တည်ဆောင်ပြီး အောင်မြင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။
ကျော့ကေခိုင်
zawgyi
ေငြစုျခင္းက ဘဝအတြက္ မရွိမျဖစ္လိုအပ္တဲ့ ကြၽမ္းက်င္မႈတစ္ခုျဖစ္တယ္ဆိုတာသင္သိပါသလား။ ဒီေခါင္းစဥ္ကိုျမင္ၿပီးေတာ့ သုံးဖို႔ေတာင္ မေလာက္တာ ဘယ္လိုေငြစုမလဲလို႔ပထမဆုံးသင္ေတြးမိပါလိမ့္မယ္။ ဒါေပမဲ့ ေငြစုတာက အတတ္ပညာတခုပါပဲ။ ဒီေဆာင္းပါးက
ေငြစုတာအတြက္ အသုံးဝင္တဲ့ အႀကံျပဳခ်က္ေတြကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။
ဘတ္ဂ်က္တစ္ခု ေရးဆြဲပါ
ပထမဆုံး ေငြစုမယ္ဆိုရင္ ကိုယ့္ရဲ႕ ဝင္ေငြနဲ႔ ထြက္ေငြကို စာရင္းျပဳစုတာကေနဘတ္ဂ်က္တစ္ခုကို စတင္ႏိုင္ပါတယ္။ ဒီလိုျပဳစုလိုက္တဲအခါမွာ မလိုအပ္တဲ့အသုံးစရိတ္ေတြကို ျမင္သာလာၿပီး ေလွ်ာ့ခ်ဖို႔အတြက္ စီမံႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ကိုယ့္ရဲ႕ဘတ္ဂ်က္ကို လစဥ္ျပန္လည္သုံးသပ္ၿပီး လိုအပ္သလို ျပင္ဆင္မႈလုပ္ႏိုင္ပါတယ္။
ရည္မွန္းခ်က္မ်ား သတ္မွတ္ပါ
ေငြစုတာရဲ႕ အဓိက အက်ဆုံးအခ်က္နဲ႔ ေအာင္ျမင္ႏိုင္ေစမယ့္အခ်က္ကေတာ့ရည္မွန္းခ်က္တခုခုေၾကာင့္ ေငြစုတာပါ။ ဥပမာ ကိုယ္စု ေဆာင္းလိုတဲ့ ပမာဏတခုကိုတိတိက်က်သတ္မွတ္ၿပီး ဒါျပည့္ရင္ ပစၥည္းတခုခုဝယ္မယ္ဆိုတာမ်ိဳးပါ။ ဒါကို ေသးငယ္တဲ့ပမာဏကေန စတင္ႏိုင္ပါတယ္။ တန္ဖိုးႀကီးပစၥည္းမဟုတ္ဘဲ ကိုယ့္အတြက္ အသုံးဝင္ေစမယ့္ပစၥည္းတခုခုဝယ္တာ၊ ပညာေရးအတြက္သုံးတာ စတဲ့ ေရတို၊ ေရရွည္ရည္မွန္းခ်က္မ်ားနဲ႔ပိုက္ဆံကို စုၾကည့္ပါ။
အသုံးစရိတ္မ်ားကို ေျခရာခံပါ
သင့္ရဲ႕အသုံးစရိတ္ေတြကို စာရင္းလုပ္ၾကည့္ဖူးသလား။ တလတလ ပိုက္ဆံေတြသုံးလိုက္ေပမဲ့စာရင္းမရွိေသးဘူးဆိုရင္ေတာ့ အခုကစၿပီး စာရင္းေလးလုပ္ၾကည့္ပါ။ အဲဒီအခါက်ရင္လကုန္တဲ့အခါ ကိုယ္က ဘယ္အပိုင္းမွာ ေငြကို အမ်ားႀကီးသုံးမိေနတယ္ဆိုတဲ့ ယိုေပါက္ကို
သိလာႏိုင္ပါတယ္။ ၿပီးေတာ့ မလိုအပ္တဲ့ အသုံးစရိတ္ေတြကို ေလွ်ာ့ခ်ပါ။ ဥပမာ app ေတြကိုလစဥ္ပိုက္ဆံေပးၿပီး ဝယ္ထားေပမဲ့ သိပ္မသုံးျဖစ္တာမ်ိဳးေတြပါ။ ဒီလိုနည္းနဲ႔သင့္ရဲ႕အသုံးစရိတ္ကို ပုံမွန္ျပန္လည္သုံးသပ္ႏိုင္ပါတယ္။
အပိုဝင္ေငြ ရွာေဖြပါ
ကိုယ္က အလုပ္တခုထဲလုပ္ေနတယ္ဆိုရင္ အခ်ိန္ပိုင္းအလုပ္ေတြ ထပ္ရွာတာမ်ိဳးပါ။စီးပြားေရးသမားေတြကေတာ့ ေငြရွာတယ္ဆိုတာမ်ိဳးက အိပ္ေနရင္းေတာင္ ဝင္ႏိုင္မယ့္စီးပြားေရးမ်ိဳးကို လုပ္ေဆာင္တာမ်ိဳးပဲလို႔ဆိုထားၾကပါတယ္။ အပိုဝင္ေငြကိုကိုယ့္ရဲ႕ဝါသနာကိုအသုံးျပဳၿပီး ရွာေဖြလို႔ရပါတယ္။ ဥပမာ YouTuber လုပ္တာမ်ိဳးပါ။ကိုယ့္ရဲ႕အိုင္ဒီယာနဲ႔ တီထြင္ဖန္တီးမႈေတြေကာင္းေနရင္ ကိုယ္အိပ္ေနရင္ေတာင္ ဒီကေနဝင္ေငြရရွိေစမယ့္နည္းလမ္းပါပဲ။ ဒါေၾကာင့္ ဝါသနာကေနလည္းေငြကိုဒီလိုမ်ိဳးရွာေဖြႏိုင္ပါတယ္။
ေစ်းဝယ္ရာတြင္ ဉာဏ္ပညာရွိပါ
ေဈးဝယ္ရာမွာ ေလွ်ာ့ေဈးေပးတဲ့အခ်ိန္မ်ိဳး ဝယ္ပါ။ ကူပြန္ေတြကို အသုံးျပဳပါ။အေရးႀကီးဆုံးအခ်က္ကေတာ့ ေလွ်ာ့ေဈးေတြ၊ ကူပြန္ေတြရွိေနရင္ေတာင္ အဲဒီပစၥည္းကကိုယ္တကယ္လိုအပ္ရဲ႕လားဆိုတာစဥ္းစားၿပီးမွ ဝယ္ဖို႔ပါပဲ။ ေဈးဝယ္စာရင္းတခုျပဳလုပ္ၿပီးစာရင္းအတိုင္းသာ ဝယ္ယူဖို႔ အႀကံျပဳလိုပါတယ္။
အေႂကြးမ်ားကို ေရွာင္ၾကဥ္ပါ
အေႂကြးမ်ားဆိုတဲ့ေနရာမွာ အေႂကြးဝယ္ကတ္အသုံးျပဳတာ၊ လေပးနဲ႔ ဝယ္ယူတာ၊ မလိုအပ္ဘဲအရစ္က်ဝယ္ဘူတာေတြကို တတ္ႏိုင္သမွ်ေရွာင္ဖို႔ပါပဲ။ တကယ္လို႔အေႂကြးရွိေနရင္ေတာင္အေႂကြးေတြကို စနစ္တက်စီမံခန႔္ခြဲပါ။
ရင္းႏွီးျမႇဳပ္ႏွံပါ
ဒီအခ်က္ကေတာ့ အေရးႀကီးပါတယ္။ သင့္ရဲ႕စုေငြေတြ တိုးပြားေစဖို႔ ခိုင္မာေသခ်ာမယ့္လုပ္ငန္းတခုခုမွာ ရင္းႏွီးျမႇဳပ္ႏွံတာပါ။ သင့္အတြက္ သင့္ေတာ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈနည္းလမ္းကိုေ႐ြးခ်ယ္စဥ္းစားၿပီး ေသခ်ာေလ့လာဖို႔လိုပါတယ္။ အလိမ္အညာေတြကလည္းေပါမ်ားတာျဖစ္လို႔ လြယ္လြယ္အယုံမလြယ္ဖို႔နဲ႔၊ ေလာဘမႀကီးမိေစဖို႔ အထူးဂ႐ုစိုက္ပါ။ဒီႏွစ္ခ်က္ေၾကာင့္ပဲ အလိမ္ခံၾကရတာမ်ားပါတယ္။ သင့္အတြက္ သင့္ေတာ္ေသာ ရင္းႏွီးျမႇဳပ္ႏွံမႈနည္းလမ္းကို ေ႐ြးခ်ယ္ပါ။
စိတ္ရွည္သည္းခံပါ
ေငြစုတာက အခ်ိန္ယူရတဲ့ လုပ္ငန္းစဥ္တခုျဖစ္ပါတယ္။ ဒါေၾကာင့္ ေငြစုရတာပင္ပန္းလိုက္တာ၊မျပည့္ႏိုင္ေတာ့ဘူးဆိုတာမ်ိဳး မေတြးပါနဲ႔။ ပန္းတိုင္ကိုသာအာ႐ုံစိတ္ၿပီး စိတ္ရွည္သည္းခံပါ။ေသးငယ္တဲ့ ေအာင္ျမင္မႈေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ဂုဏ္ျပဳပါ။ ဥပမာ ကိုယ္က အရင္ကဘယ္ေလာက္မွမစုမိတာကေန တလမွာ ငါးေသာင္းေလာက္စုမိတာမ်ိဳးကလည္းကိုယ့္ကိုယ္ကိုယ္ ဂုဏ္ျပဳသင့္တဲ့ ကိစၥရပ္တခုပါပဲ။
ေငြစုတာက စည္းကမ္းရွိမႈ၊ အသုံးအစြဲေခြၽတာမႈ၊ စိတ္ရွည္သည္းခံမႈနဲ႔ အစီအစဥ္ဆြဲဖို႔လိုအပ္တဲ့လုပ္ငန္းစဥ္တခုျဖစ္ပါတယ္။ ဒီအခ်က္ျပဳခ်က္မ်ားကို လိုက္နာၿပီး သင့္ရဲ႕ ဘ႑ာေရးကိုခိုင္မာေအာင္တည္ေဆာင္ၿပီး ေအာင္ျမင္တဲ့ ဘဝတစ္ခုကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ဆႏၵျပဳလိုက္ရပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply