အဖျက်သဘောဆောင်တဲ့ ဦးဆောင်မှုအောက်မှာ အလုပ်လုပ်ရတာကစိတ်ဓာတ်ပိုင်းဆိုင်ရာအတွက်သာ ခက်ခဲတာမဟုတ်ပါဘူး။ အသင်းတစ်သင်းလုံးရဲ့စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ Toxic ခေါင်းဆောင်များက သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိုသာ အာရုံ စိုက်လေ့ရှိတာကြောင့် အဖွဲ့ရဲ့ ပျော်ရွှင်တက်ကြွစွာအလုပ်လုပ်မှုတွေကို အာရုံစိုက်လေ့မရှိပါဘူး။
Toxic ဖြစ်စေတဲ့ ခေါင်းဆောင်မှုပုံစံက ဘယ်လိုမျိုးဖြစ်မလဲ။ လုပ်ငန်းခွင်ထဲမှာအဆိပ်အတောက်ဖြစ်စေတဲ့ ခေါင်းဆောင်မှုက အဖွဲ့ဝင်များနဲ့ လုပ်ငန်းခွင်တခုကို ထိခိုက်စေတဲ့ခေါင်းဆောင်မှုအမျိုးအစားဖြစ်ပါတယ်။ ဒါက ခေါင်းဆောင်ရဲ့ တကိုယ်ကောင်းဆန်မှုနဲ့အာဏာကို အလွဲသုံးစားလုပ်မှုပါပဲ။အဆိပ်သင့်တဲ့ ဦးဆောင်မှုအောက်မှာ သင်နဲ့ သင့်လုပ်ဖော်ကိုင်ဖက်များ ရှင်သန်ဖို့ ခက်ခဲပါတယ်။ Toxic ခေါင်း ဆောင်တစ်ဦးက အများအားဖြင့် ကိုယ်ကျိုးစီးပွားတခုထဲကိုသာနှလုံးသွင်းလေ့ရှိပါတယ်။ ဒီအချက်က အသင်းတသင်းရဲ့ စွမ်းဆောင်ရည်, ကုန်ထုတ်စွမ်းအားနဲ့စိတ်ဓာတ်ကို သက်ရောက်မှုရှိစေပါတယ်။
Toxic ခေါင်းဆောင်မှု
အဆိပ်အတောက်ဖြစ်စေတဲ့ ခေါင်းဆောင်မှုရဲ့ သက်ရောက်မှုတွေက ဘာတွေလဲ။အဆိပ်သင့်တဲ့ ခေါင်းဆောင်မှုနဲ့ မကောင်းတဲ့ခေါင်း ဆောင်မှုအရည်အသွေးများနဲ့လက္ခဏာများက သူနဲ့အလုပ်လုပ်တဲ့သူတိုင်းအပေါ် သက်ရောက်မှုရှိပါတယ်။ University of Manchester ကနေ လေ့လာမှုတစ်ခုအရ လူပေါင်း ၁၂၀၀ ကိုစစ်တမ်းကောက်ခဲ့ရာမှာ အဆိပ်သင့်တာရဲ့ အောက်ပါ သက်ရောက်မှုများကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
– လုပ်ငန်းခွင်အနိုင်ကျင့်မှု
– ဆန့်ကျင်ဘက်ပြုလိုတဲ့ အပြုအမူ
– အလုပ်အပေါ် မကျေနပ်မှု
– စိတ်ပိုင်းဆိုင်ရာဒုက္ခ
– စိတ်ဓာတ်ကျခြင်းနဲ့ ပင်ပန်းနွမ်းနယ်မှု
စတဲ့အချက်တွေကို ခံစားခဲ့ရပါတယ်။ Toxic ခေါင်းဆောင်များက ကျန်းမာတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုအတွက်အတားအဆီးတစ်ခုဖြစ်ပါတယ်။ Toxic ခေါင်းဆောင်များအားလုံးက အလုပ်ယဉ်ကျေးမှုအပေါ်တူညီတဲ့ ဩဇာလွှမ်းမိုးမှု အတိုင်းအတာတခုအထိ ရှိမှာမဟုတ်တာကတော့ အသေအချာပါပဲ။
MYit
zawgyi
အဖ်က္သေဘာေဆာင္တဲ့ ဦးေဆာင္မႈေအာက္မွာ အလုပ္လုပ္ရတာကစိတ္ဓာတ္ပိုင္းဆိုင္ရာအတြက္သာ ခက္ခဲတာမဟုတ္ပါဘူး။ အသင္းတစ္သင္းလုံးရဲ႕စြမ္းေဆာင္ရည္ကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။ Toxic ေခါင္းေဆာင္မ်ားက သူတို႔ရဲ႕ကိုယ္ပိုင္အက်ိဳးစီးပြားကိုသာ အာ႐ုံ စိုက္ေလ့ရွိတာေၾကာင့္ အဖြဲ႕ရဲ႕ ေပ်ာ္႐ႊင္တက္ႂကြစြာအလုပ္လုပ္မႈေတြကို အာ႐ုံစိုက္ေလ့မရွိပါဘူး။
Toxic ျဖစ္ေစတဲ့ ေခါင္းေဆာင္မႈပုံစံက ဘယ္လိုမ်ိဳးျဖစ္မလဲ။ လုပ္ငန္းခြင္ထဲမွာအဆိပ္အေတာက္ျဖစ္ေစတဲ့ ေခါင္းေဆာင္မႈက အဖြဲ႕ဝင္မ်ားနဲ႔ လုပ္ငန္းခြင္တခုကို ထိခိုက္ေစတဲ့ေခါင္းေဆာင္မႈအမ်ိဳးအစားျဖစ္ပါတယ္။ ဒါက ေခါင္းေဆာင္ရဲ႕ တကိုယ္ေကာင္းဆန္မႈနဲ႔အာဏာကို အလြဲသုံးစားလုပ္မႈပါပဲ။အဆိပ္သင့္တဲ့ ဦးေဆာင္မႈေအာက္မွာ သင္နဲ႔ သင့္လုပ္ေဖာ္ကိုင္ဖက္မ်ား ရွင္သန္ဖို႔ ခက္ခဲပါတယ္။ Toxic ေခါင္း ေဆာင္တစ္ဦးက အမ်ားအားျဖင့္ ကိုယ္က်ိဳးစီးပြားတခုထဲကိုသာႏွလုံးသြင္းေလ့ရွိပါတယ္။ ဒီအခ်က္က အသင္းတသင္းရဲ႕ စြမ္းေဆာင္ရည္, ကုန္ထုတ္စြမ္းအားနဲ႔စိတ္ဓာတ္ကို သက္ေရာက္မႈရွိေစပါတယ္။
Toxic ေခါင္းေဆာင္မႈ
အဆိပ္အေတာက္ျဖစ္ေစတဲ့ ေခါင္းေဆာင္မႈရဲ႕ သက္ေရာက္မႈေတြက ဘာေတြလဲ။အဆိပ္သင့္တဲ့ ေခါင္းေဆာင္မႈနဲ႔ မေကာင္းတဲ့ေခါင္း ေဆာင္မႈအရည္အေသြးမ်ားနဲ႔လကၡဏာမ်ားက သူနဲ႔အလုပ္လုပ္တဲ့သူတိုင္းအေပၚ သက္ေရာက္မႈရွိပါတယ္။ University of Manchester ကေန ေလ့လာမႈတစ္ခုအရ လူေပါင္း ၁၂၀၀ ကိုစစ္တမ္းေကာက္ခဲ့ရာမွာ အဆိပ္သင့္တာရဲ႕ ေအာက္ပါ သက္ေရာက္မႈမ်ားကိုရွာေဖြေတြ႕ရွိခဲ့ပါတယ္။
– လုပ္ငန္းခြင္အႏိုင္က်င့္မႈ
– ဆန႔္က်င္ဘက္ျပဳလိုတဲ့ အျပဳအမူ
– အလုပ္အေပၚ မေက်နပ္မႈ
– စိတ္ပိုင္းဆိုင္ရာဒုကၡ
– စိတ္ဓာတ္က်ျခင္းနဲ႔ ပင္ပန္းႏြမ္းနယ္မႈ
စတဲ့အခ်က္ေတြကို ခံစားခဲ့ရပါတယ္။ Toxic ေခါင္းေဆာင္မ်ားက က်န္းမာတဲ့ လုပ္ငန္းခြင္ယဥ္ေက်းမႈအတြက္အတားအဆီးတစ္ခုျဖစ္ပါတယ္။ Toxic ေခါင္းေဆာင္မ်ားအားလုံးက အလုပ္ယဥ္ေက်းမႈအေပၚတူညီတဲ့ ဩဇာလႊမ္းမိုးမႈ အတိုင္းအတာတခုအထိ ရွိမွာမဟုတ္တာကေတာ့ အေသအခ်ာပါပဲ။
MYit
Leave a Reply