အလုပ်ကထွက်ဖို့ မကောင်းတဲ့အကြောင်းပြချက် (၄)ချက်

တချို့အတွက်တော့ အလုပ်ကထွက်ရမလားဆိုတဲ့ မေးခွန်းတွေမေးတတ်ပါတယ်။ဘယ်လိုအချက်တွေကြောင့်လဲဆိုရင် အခုဖော်ပြမယ့်အချက်တွေကြောင့်ပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ အဖြေက နိုးပါပဲ။ ဒီအချက်တွေကြောင့် အလုပ်ကထွက်ဖို့ မလုပ်သင့်ပါဘူး။

အခုရှိနေတဲ့အရာကို မလိုချင်ပေမယ့် နောက်ထပ်ဘာလိုချင်လဲဆိုတာ မသိတာ

လူအတော်များများက သူတို့ရဲ့ လက်ရှိအလုပ် ဒါမှမဟုတ် လက်ရှိအလုပ်ရှင်ကိုမကျေမနပ်ဖြစ်ကြတာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမဲ့ သူတို့ကို စိတ်ကျေနပ်မှု ဒါမှမဟုတ်စိတ်အားထက်သန်စေတဲ့အရာများကိုတော့ မသိကြပါဘူး။ ကိုယ့်ရဲ့ အခန်းကဏ္ဍကို မကျေနပ်လို့ဖြစ်နိုင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုများနဲ့ ဆွေးနွေးမှုတွေက အလုပ်အသစ်ရှာမယ့်အစားလက်ရှိအခန်းကဏ္ဍကို ပြောင်းလဲဖို့ ဖြစ်နိုင်ပါတယ်။ သင်ရဲ့နောက်ထပ်ခြေလှမ်းကိုသင်အလိုရှိတဲ့အရာကို ခွဲခြားသတ်မှတ်ပြီး ထုတ်ဖော်ပြောဆိုဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်
သင်လိုချင်တဲ့အရာ သင်သေချာမသိရင်တော့ ကိုယ့်ရဲစိတ်ကျေနပ်မှုက မရလာနိုင်ပါဘူး။

အရာအားလုံးစိတ်ကုန်ပြီး အနားယူဖို့ လိုအပ်နေတာ

အချိန်မအားလပ်ဘဲ ၂၄နာရီပတ်လုံး အလုပ်လုပ်နေသလား။ အလုပ်အလွန်အကျွံလုပ်တာကနေပင်ပန်းနွမ်းနယ်နေပါက အလုပ်ကနေ အ ချိန်အနည်းငယ်ယူတာကအထောက်အကူဖြစ်စေနိုင်ပါတယ်။ သေသေချာချာအနားယူတာမျိုးလုပ်နိုင်ပါတယ်။ အလုပ်မှာပင်ပန်းနွမ်းနယ်လို့ အလုပ်ထွက်မယ်ဆိုတာက ကောင်းတဲ့အကြောင်းပြချက်တော့မဟုတ်ပါဘူး။ဒါကြောင့် ဒီအကြောင်းပြချက်ကြောင့်တော့ အလုပ်ကထွက်လိုက်ဖို့ မသင့်တော်ပါဘူး။

သူဌေးဆီက ဝေဖန်မှုတွေ ခံနေရတာ

ဒီအချက်ကြောင့်လည်း အလုပ်ကထွက်ဖို့ တော်တော်များများက စဉ်းစားတတ်ကြပါတယ်။Leadership IQ လေ့လာမှုတစ်ခုအရ ဝန် ထမ်းအသစ်တွေရဲ့ ၄၆ရာခိုင်နှုန်းလောက်ကဝေဖန်မှုတွေကို မခံနိုင်တာကြောင့် အလုပ်ကထွက်ကြပါတယ်။ ၂၃ရာခိုင်နှုန်းကတော့ သူတို့ရဲ့
အဆိုးမြင်မှုတွေကို ကောင်းစွာ မစီမံနိုင်ကြတာကိုတွေ့ရှိရပြီး ၁၅ရာခိုင်နှုန်းကတော့ မှားယွင်းတဲ့စိတ်နေသဘောထားရှိနေတာကို တွေ့ရပါတယ်။သင့်အတွက် အစပျိုးလာနိုင်တဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်များကိုလက်ခံတာနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ ဒါမှမဟုတ်သင့်အထက်လူကြီးရဲ့ အနိုင်ကျင့်တာ၊ အမြဲတစေအနှောင့်အယှက်ပေးတယ်လို့ခံစားရတာ၊ရိုင်းစိုင်းတဲ့အပြုအမူများစတာတွေကိုတော့ လက်မခံသင့်ပါဘူး။

ရာထူးတိုးမပါတာ

အထူးသဖြင့် ကိုယ်နဲ့ သက်တူရွယ်တူတဦး၊ ရာထူးတူသူတဦးက ရာထူးတိုးသွားပြီး ကိုယ်ကကျန်ခဲ့တဲ့အချိန်တွေမှာလည်း အလုပ်က ထွက်ချင်စိတ်ပေါက်တတ်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်လားဆိုတာ သေချာစဉ်းစားကြည့်ပါ။ ဒီအချက်က သင်အလုပ်ကနှုတ်ထွက်လိုတဲ့ တခုတည်းသော အကြောင်းပြချက်ဖြစ်တယ်ဆိုရင် ဒီအချက်ကမကောင်းတဲ့အကြောင်းပြချက်တခုဖြစ်နေနိုင်ပါတယ်။ဒီအချက်တွေကတော့ အလုပ်တခုကနေ ထွက်ဖို့အတွက် မခိုင်လုံတဲ့အကြောင်းပြချက်၊မကောင်းတဲ့အကြောင်းပြချက်တွေပဲဖြစ်တာကြောင့် အလုပ်ကမထွက်ခင်မှာသေချာလေးစဉ်းစားပြီး အဖြေရှာသင့်ပါတယ်။

MYit

zawgyi

တခ်ိဳ႕အတြက္ေတာ့ အလုပ္ကထြက္ရမလားဆိုတဲ့ ေမးခြန္းေတြေမးတတ္ပါတယ္။ဘယ္လိုအခ်က္ေတြေၾကာင့္လဲဆိုရင္ အခုေဖာ္ျပမယ့္အခ်က္ေတြေၾကာင့္ပဲျဖစ္ပါတယ္။ဒါဆိုရင္ေတာ့ အေျဖက ႏိုးပါပဲ။ ဒီအခ်က္ေတြေၾကာင့္ အလုပ္ကထြက္ဖို႔ မလုပ္သင့္ပါဘူး။

အခုရွိေနတဲ့အရာကို မလိုခ်င္ေပမယ့္ ေနာက္ထပ္ဘာလိုခ်င္လဲဆိုတာ မသိတာ

လူအေတာ္မ်ားမ်ားက သူတို႔ရဲ႕ လက္ရွိအလုပ္ ဒါမွမဟုတ္ လက္ရွိအလုပ္ရွင္ကိုမေက်မနပ္ျဖစ္ၾကတာက ျဖစ္ေလ့ျဖစ္ထရွိပါတယ္။ ဒါေပမဲ့ သူတို႔ကို စိတ္ေက်နပ္မႈ ဒါမွမဟုတ္စိတ္အားထက္သန္ေစတဲ့အရာမ်ားကိုေတာ့ မသိၾကပါဘူး။ ကိုယ့္ရဲ႕ အခန္းက႑ကို မေက်နပ္လို႔ျဖစ္ႏိုင္တယ္။ ပြင့္ပြင့္လင္းလင္း ေျပာဆိုမႈမ်ားနဲ႔ ေဆြးေႏြးမႈေတြက အလုပ္အသစ္ရွာမယ့္အစားလက္ရွိအခန္းက႑ကို ေျပာင္းလဲဖို႔ ျဖစ္ႏိုင္ပါတယ္။ သင္ရဲ႕ေနာက္ထပ္ေျခလွမ္းကိုသင္အလိုရွိတဲ့အရာကို ခြဲျခားသတ္မွတ္ၿပီး ထုတ္ေဖာ္ေျပာဆိုဖို႔ လိုအပ္ပါတယ္။ အထူးသျဖင့္
သင္လိုခ်င္တဲ့အရာ သင္ေသခ်ာမသိရင္ေတာ့ ကိုယ့္ရဲစိတ္ေက်နပ္မႈက မရလာႏိုင္ပါဘူး။

အရာအားလုံးစိတ္ကုန္ၿပီး အနားယူဖို႔ လိုအပ္ေနတာ

အခ်ိန္မအားလပ္ဘဲ ၂၄နာရီပတ္လုံး အလုပ္လုပ္ေနသလား။ အလုပ္အလြန္အကြၽံလုပ္တာကေနပင္ပန္းႏြမ္းနယ္ေနပါက အလုပ္ကေန အ ခ်ိန္အနည္းငယ္ယူတာကအေထာက္အကူျဖစ္ေစႏိုင္ပါတယ္။ ေသေသခ်ာခ်ာအနားယူတာမ်ိဳးလုပ္ႏိုင္ပါတယ္။ အလုပ္မွာပင္ပန္းႏြမ္းနယ္လို႔ အလုပ္ထြက္မယ္ဆိုတာက ေကာင္းတဲ့အေၾကာင္းျပခ်က္ေတာ့မဟုတ္ပါဘူး။ဒါေၾကာင့္ ဒီအေၾကာင္းျပခ်က္ေၾကာင့္ေတာ့ အလုပ္ကထြက္လိုက္ဖို႔ မသင့္ေတာ္ပါဘူး။

သူေဌးဆီက ေဝဖန္မႈေတြ ခံေနရတာ

ဒီအခ်က္ေၾကာင့္လည္း အလုပ္ကထြက္ဖို႔ ေတာ္ေတာ္မ်ားမ်ားက စဥ္းစားတတ္ၾကပါတယ္။Leadership IQ ေလ့လာမႈတစ္ခုအရ ဝန္ ထမ္းအသစ္ေတြရဲ႕ ၄၆ရာခိုင္ႏႈန္းေလာက္ကေဝဖန္မႈေတြကို မခံႏိုင္တာေၾကာင့္ အလုပ္ကထြက္ၾကပါတယ္။ ၂၃ရာခိုင္ႏႈန္းကေတာ့ သူတို႔ရဲ႕
အဆိုးျမင္မႈေတြကို ေကာင္းစြာ မစီမံႏိုင္ၾကတာကိုေတြ႕ရွိရၿပီး ၁၅ရာခိုင္ႏႈန္းကေတာ့ မွားယြင္းတဲ့စိတ္ေနသေဘာထားရွိေနတာကို ေတြ႕ရပါတယ္။သင့္အတြက္ အစပ်ိဳးလာႏိုင္တဲ့ အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္ခ်က္မ်ားကိုလက္ခံတာနဲ႔ပတ္သက္ၿပီး ျပန္လည္သုံးသပ္ၾကည့္ဖို႔ အႀကံျပဳလိုပါတယ္။ ဒါမွမဟုတ္သင့္အထက္လူႀကီးရဲ႕ အႏိုင္က်င့္တာ၊ အၿမဲတေစအေႏွာင့္အယွက္ေပးတယ္လို႔ခံစားရတာ၊႐ိုင္းစိုင္းတဲ့အျပဳအမူမ်ားစတာေတြကိုေတာ့ လက္မခံသင့္ပါဘူး။

ရာထူးတိုးမပါတာ

အထူးသျဖင့္ ကိုယ္နဲ႔ သက္တူ႐ြယ္တူတဦး၊ ရာထူးတူသူတဦးက ရာထူးတိုးသြားၿပီး ကိုယ္ကက်န္ခဲ့တဲ့အခ်ိန္ေတြမွာလည္း အလုပ္က ထြက္ခ်င္စိတ္ေပါက္တတ္ပါတယ္။ ဒါေပမဲ့ ဒီအခ်က္ကမွန္ကန္တဲ့ဆုံးျဖတ္ခ်က္လားဆိုတာ ေသခ်ာစဥ္းစားၾကည့္ပါ။ ဒီအခ်က္က သင္အလုပ္ကႏႈတ္ထြက္လိုတဲ့ တခုတည္းေသာ အေၾကာင္းျပခ်က္ျဖစ္တယ္ဆိုရင္ ဒီအခ်က္ကမေကာင္းတဲ့အေၾကာင္းျပခ်က္တခုျဖစ္ေနႏိုင္ပါတယ္။ဒီအခ်က္ေတြကေတာ့ အလုပ္တခုကေန ထြက္ဖို႔အတြက္ မခိုင္လုံတဲ့အေၾကာင္းျပခ်က္၊မေကာင္းတဲ့အေၾကာင္းျပခ်က္ေတြပဲျဖစ္တာေၾကာင့္ အလုပ္ကမထြက္ခင္မွာေသခ်ာေလးစဥ္းစားၿပီး အေျဖရွာသင့္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*