ဆိုးရွားတဲ့ မှတ်ချက်များပေးခဲ့သူများကို ပြင်းထန်စွာအရေးယူခဲ့တယ်လို့ Han Ji Min ရဲ့ အေဂျင်စီကြေညာ

Han Ji Min ရဲအေဂျင်စီ BH Entertainment က မသမာတဲ့မှတ်ချက်ပေးသူများကိုပြင်းထန်စွာအရေးယူခဲ့တယ်လို့ နိုဝင်ဘာ ၈ရက်နေ့မှာ ကြေညာခဲ့ပါတယ်။မင်္ဂလာပါ၊ ဒါက BH Entertainment ပါ။ကျွန်ုပ်တို့အေဂျင်စီရဲ့ မင်းသမီး ဟန်ဂျီမင်းကို ပစ်မှတ်ထားတဲ့ မသမာတဲ့မှတ်ချက်ပေးသူများကိုတရားစွဲခြင်းနဲ့ပတ်သက်ပြီး သင့်ကိုအသိပေးလိုပါတယ်။ဆက်တိုက်ဆိုသလို ဆိုးဆိုးရွားရွား ဆဲဆိုခြင်း၊ ကိုယ်ရေး ကိုယ်တာ တိုက်ခိုက်မှုများနဲ့ မင်းသမီးHan Ji Min နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အချက်အလက်များပျံ့နှံ့နေတာကိုဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့က ဥပဒေကုမ္ပဏီတစ်ခုကို ခန့်အပ်ပြီးဆိုးလ်မြို့ရှိ ဂန်းနမ်ရဲစခန်းကို တိုင်ကြားစာပေးပို့ခဲ့ပါတယ်။

ဒါ့အပြင် မင်းသမီး Han Ji Min ကို ဆိုရှယ်မီဒီယာပလက်ဖောင်းများ၊အွန်လိုင်းအသိုင်းအဝိုင်းများ၊ ကော်ဖီဆိုင်များနဲ့ ပေါ်တယ်ဆိုက်များမှာ အမျိုးမျိုးသောအသရေဖျက်မှုနဲ့ စော်ကားမှုများကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။ဟန်ဂျီမင်းနဲ့ BH Entertainment လက်အောက်ရှိ တခြားသရုပ်ဆောင်များအကြောင်းမှားယွင်းတဲ့ သတင်းမှားများ ဖြန့်တာ၊ မသမာသော ဆဲဆိုမှု၊ အခြေအမြစ်မရှိတဲ့ထင်ကြေးပေးမှုများမှာ ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန် သတိပေးချက်ထုတ်ပြန်အပ်ပါတယ်။

အွန်လိုင်းမှ ကျွန်ုပ်တို့ရဲ့သရုပ်ဆောင်များကို အသရေဖျက်ခြင်းနဲ့ စော်ကားခြင်းလုပ်ရပ်များကထင်ရှားတဲ့ ရာဇ၀တ်မှုဖြစ်ပြီး ပြေလည်မှု ဒါမှမဟုတ် ညှာတာမှုရှိမှာ မဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းဖော်ပြလိုပါတယ်။ပရိတ်သတ်များ အချိန်ယူပြီး ပေးပို့တဲ့ မသမာတဲ့မှတ် ချက်များက တရားစွဲမှုဖို့ ပြင်ဆင်မှုများနဲ့တုံ့ပြန်မှုများအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။နောက်ဆုံးအနေနဲ့ မင်းသမီး Han Ji Min ကို ချစ်ခင်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

MYit

zawgyi

Han Ji Min ရဲေအဂ်င္စီ BH Entertainment က မသမာတဲ့မွတ္ခ်က္ေပးသူမ်ားကိုျပင္းထန္စြာအေရးယူခဲ့တယ္လို႔ ႏိုဝင္ဘာ ၈ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။မဂၤလာပါ၊ ဒါက BH Entertainment ပါ။ကြၽႏ္ုပ္တို႔ေအဂ်င္စီရဲ႕ မင္းသမီး ဟန္ဂ်ီမင္းကို ပစ္မွတ္ထားတဲ့ မသမာတဲ့မွတ္ခ်က္ေပးသူမ်ားကိုတရားစြဲျခင္းနဲ႔ပတ္သက္ၿပီး သင့္ကိုအသိေပးလိုပါတယ္။ဆက္တိုက္ဆိုသလို ဆိုးဆိုး႐ြား႐ြား ဆဲဆိုျခင္း၊ ကိုယ္ေရး ကိုယ္တာ တိုက္ခိုက္မႈမ်ားနဲ႔ မင္းသမီးHan Ji Min နဲ႔ပတ္သက္တဲ့ မွားယြင္းတဲ့ အခ်က္အလက္မ်ားပ်ံ႕ႏွံ႔ေနတာကိုေဖာ္ထုတ္ေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽႏ္ုပ္တို႔က ဥပေဒကုမၸဏီတစ္ခုကို ခန႔္အပ္ၿပီးဆိုးလ္ၿမိဳ႕ရွိ ဂန္းနမ္ရဲစခန္းကို တိုင္ၾကားစာေပးပို႔ခဲ့ပါတယ္။

ဒါ့အျပင္ မင္းသမီး Han Ji Min ကို ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ား၊အြန္လိုင္းအသိုင္းအဝိုင္းမ်ား၊ ေကာ္ဖီဆိုင္မ်ားနဲ႔ ေပၚတယ္ဆိုက္မ်ားမွာ အမ်ိဳးမ်ိဳးေသာအသေရဖ်က္မႈနဲ႔ ေစာ္ကားမႈမ်ားကို ျပင္းျပင္းထန္ထန္အေရးယူေဆာင္႐ြက္သြားမွာျဖစ္တယ္ဆိုတာ ေျပာၾကားလိုပါတယ္။ဟန္ဂ်ီမင္းနဲ႔ BH Entertainment လက္ေအာက္ရွိ တျခားသ႐ုပ္ေဆာင္မ်ားအေၾကာင္းမွားယြင္းတဲ့ သတင္းမွားမ်ား ျဖန႔္တာ၊ မသမာေသာ ဆဲဆိုမႈ၊ အေျခအျမစ္မရွိတဲ့ထင္ေၾကးေပးမႈမ်ားမွာ ပါဝင္ပတ္သက္သူမ်ားကို ျပင္းျပင္းထန္ထန္ သတိေပးခ်က္ထုတ္ျပန္အပ္ပါတယ္။

အြန္လိုင္းမွ ကြၽႏ္ုပ္တို႔ရဲ႕သ႐ုပ္ေဆာင္မ်ားကို အသေရဖ်က္ျခင္းနဲ႔ ေစာ္ကားျခင္းလုပ္ရပ္မ်ားကထင္ရွားတဲ့ ရာဇ၀တ္မႈျဖစ္ၿပီး ေျပလည္မႈ ဒါမွမဟုတ္ ညႇာတာမႈရွိမွာ မဟုတ္ဘူးဆိုတာရွင္းရွင္းလင္းလင္းေဖာ္ျပလိုပါတယ္။ပရိတ္သတ္မ်ား အခ်ိန္ယူၿပီး ေပးပို႔တဲ့ မသမာတဲ့မွတ္ ခ်က္မ်ားက တရားစြဲမႈဖို႔ ျပင္ဆင္မႈမ်ားနဲ႔တုံ႔ျပန္မႈမ်ားအတြက္ မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။ေနာက္ဆုံးအေနနဲ႔ မင္းသမီး Han Ji Min ကို ခ်စ္ခင္အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကို အထူးပဲေက်းဇူးတင္ရွိပါတယ္။ ေက်းဇူးတင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*