အဆိုတော် Liam Payne သေဆုံးမှုအတွက် သူငယ်ချင်းဖြစ်သူအပါအဝင် တခြားလူနှစ်ဦးကိုစွဲချက်တင်ထားပြီး ရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကိုယ်သတ်သေဆုံးမှုမဟုတ်ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ One Direction အဖွဲ့ဝင်ဟောင်းက သူ့ရဲ့ခန္ဓာကိုယ်စနစ်အတွင်းမှာမူးယစ်ဆေးဝါးမျိုးစုံပါဝင်မှုကို အတည်ပြုကြောင်း တရားဝင်အဆိပ်ဗေဒဆိုင်ရာအစီရင်ခံစာများကနေ သိရပါတယ်။မှုခင်းရှေ့နေရုံးကနေ Liam Payne ရဲ့မိသားစုကို အဆိပ်သင့်စမ်းသပ်မှုရလဒ်များကို နိုဝင်ဘာလ ၇ ရက်၊ ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။စပိန်ဘာသာကနေ ပြန်ဆိုထားတဲ ကြေငြာချက်အရ မသေဆုံးမီ ၇၂နာရီအတွင်းမှာ Payne ရဲ့ခန္ဓာကိုယ်ထဲမှာအရက်၊ ကိုကင်းနဲ့ စိတ်ကျရောဂါတိုက်ဖျက်ရေးဆေးများ ပါ၀င်ပါတယ်။ D.C. ရှိ National Poison Center ရဲ့ အဆိုအရ စိတ်ကြွဆေးပြားများ ပေါင်းစပ်ထားတဲ့ပန်းရောင်ကိုကင်း အပါ အဝင် တစ်စိတ်တစ်ပိုင်း ခွဲစိပ်စစ်ဆေးမှုတစ်ခုက Payne ရဲ့ကိုယ်တွင်းစနစ်မှာ ပါဝင်တဲ့ အပန်းဖြေဆေးအမျိုးများဖြစ်တဲ့ ketamine နဲ့ MDMA တို့ကကိုကင်းမဟုတ်ပါဘူး။
အာဂျင်တီးနားနေ့စဉ်သတင်းစာ Clarin ရဲ့ အဆိုအရ အာဏာပိုင်များကတခြားဟိုတယ်ဝန်ထမ်းနှစ်ဦးအပါအဝင် Payne ရဲ့ အမည်မဖော်လိုသူ အသိမိတ်ဆွေတစ်ဦးကို Payne ရဲ့သေဆုံးမှုအတွက် ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများသိသိသာသာအရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။လသာဆောင်ကနေပြုတ်ကျခြင်းမပြုမီမှာ သူငယ်ချင်းဖြစ်သူက Payne နဲ့အတူအခန်းထဲမှာရှိနေတယ်လို့ TMZ က ပြောပေမဲ့ သူမသေဆုံးမီမှာထွက်ခဲ့ပြေးခဲ့တာဖြစ်ပါတယ်။ Payne ရဲ "သူငယ်ချင်းက အာဂျင်တီးနားကစီးပွားရေးသမားဖြစ်တယ်လို့သိရပါတယ်။ မသေဆုံးမီမှာ စွန့်ပစ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့သူ့ရဲ့သူငယ်ချင်းကိုဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။ဟိုတယ်ဝန်ထမ်းတွေကိုတော့ မူးယစ်ဆေးပြားရောင်းဝယ်မှုနဲ့ ဖမ်းဆီးထားတယ်လို့သိရပါတယ်။ဈာပနရက်ကို မသတ်မှတ်ရသေးပေမဲ့ Payne ရဲ့မိသားစုက သူ့ရဲ့ရုပ်အလောင်းကိုယူကေမှာရှိတဲ့ နေအိမ်ကို ပို့ဆောင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က ခွင့်ပြုချက်ရရှိခဲ့ပါတယ်။
MYit
zawgyi
MYit
Leave a Reply