ယောက်ျားတယောက်ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေကို မဖြေရှင်းခဲ့တဲ့ အကြောင်း ပြောပြလာတဲ့ လေဂီဂါဂါ

လေဒီဂါဂါက လွန်ခဲ့တဲ့နှစ်များက သူမက ယောက်ျားတယောက်ဖြစ်တယ်ဆိုတဲ့ကောလာဟလတွေထွက်လာတဲ့အပေါ်မှာ ဘာကြောင့်မဖြေရှင်းခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ Netflix ရဲ့ “What’s Next? The future with Bill Gates” ကနေ Gaga က ဒီကိစ္စနဲ့ပတ် သက်ပြီးပြောပြလာတာဖြစ်ပါတယ်။‘ကျမတမ္ဘာလုံးကို သွားခဲ့တယ်။ အဲဒီသွားတိုင်းလိုလိုမှာ မင်းဟာ ယောက်ျားတစ်ယောက်လို့ကောလဟာလတွေရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောစရာရှိလို့လဲဆိုတဲ့မေးခွန်းတွေမေးကြတယ်။Gaga က CNN ရဲ့ Anderson Cooper နဲ့ ၂၀၁၁ ခုနှစ် “60 Minutes” အင်တာဗျူးမှာအဆိုပါမေးခွန်းကို လျစ်လျူမရှုဘဲ တုံ့ပြန်လေ့ရှိပါတယ်။“မင်းက ယောက်ျားတယောက်ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေ ရှိခဲ့တယ်” လို့ Cooper ကအဲဒီအချိန်ကပြောခဲ့ပါတယ်။ဒါဖြစ်နိုင်ပါတယ်လို့ Gaga တုံ့ပြန်ခဲ့ပါတယ်။အဲဒါက ဒီလောက်ကြောက်စရာကောင်းမှာလား လို့သူမက ပြောခဲ့ပါတယ်။“ဒါပေမယ့် စိတ်ဝင်စားစရာပဲ” လို့ Cooper က ဆက်ပြောပါတယ်။ ဒါက လုံးဝမမှန်ပါဘူးလို့အနုပညာရှင်တော်တော်များများက ထုတ်ပြောကြပေမဲ့ မင်းကတော့ အဲဒီအပေါ်မှာ ပျော်နေပုံပဲ”ငါ့မှာ လိင်တံရှိ၊ မရှိနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်ထုတ်ဖို့ ငါ့ရဲ့အချိန်တွေကိုဖြုန်းတီးနေတာ ဘာကြောင့်လဲ။ကျမ ပရိသတ်တွေက ဂရုမစိုက်သလို ကျမရောပဲ ဂရုမစိုက်ဘူး“မေးခွန်းကို ကျမ မဖြေရတဲ့ အကြောင်းရင်းက ဒီလို ကောလာဟလတွေမှာ ကျူးလွန်ခံရသူလို့မခံစားရလို့ပါ”
စူပါစတားက သူမနဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ကျင့်သားရလာတယ်လို့ပြောကြားခဲ့ပါတယ်။

MYit

zawgyi

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*