ဘဝစိန်ခေါ်မှုတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေကြတဲ့ ရာသီခွင် (၄)ခု

စိန်ခေါ်မှုတွေက ကျွန်ုပ်တို့ကို ရှေ့ကိုတွန်းပို့နေတဲ့ ခြေလှမ်းများဖြစ်ပါတယ်။ တချို့ကစိန်ခေါ်မှုတွေမြင်တဲ့အခါ ချက်ခြင်းနောက်ပြန်ဆုတ်သွားပေမဲ့ တချို့က ကြုံလာသမျှကိုရင်ဆိုင်ဖို့ အသင့်ရှိကြပါတယ်။ ဘဝစိန်ခေါ်မှုတွေကို လက်ခံဖို့အဆင်သင့်ဖြစ်နေကြတဲ့ရာသီခွင်လေးခုကို ဖော်ပြပေးချင်ပါတယ်။

Aries
ဒီရာသီခွင်တွေကတော့ ရဲရင့်မှုမှာ အထူးပြောစရာမလိုပါဘူး။ မခံချင်စိတ်ရှိကြပြီးနောက်ကြောင်းပြန်ဖို့ အမြဲတမ်းငြင်းဆန်ကြပြီး ကြုံလာသမျှကိုလက်ခံရင်ဆိုင်တတ်ကြပါတယ်။ သူတို့ရဲ့ပင်ကိုယ်စွန့်စားမှုနဲ့ မကြောက်ရွံ့မှုတွေက သူတို့ကိုသဘာဝကမွေးဖွားပေးလိုက်တဲ့ ခေါင်းဆောင်တွေဖြစ်စေပါတယ်။

Scorpio
ဒီရာသီဖွားတွေက ဖီးနစ်ငှက်လိုပဲ ပြာပုံဘဝကနေ ထမြောက်အောင်မြင်နိုင်ကြပါတယ်။ သူတို့ကအခက်ခဲဆုံးအတားအဆီးများကိုကျော် လွှားဖို့အတွက် ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ခံနိုင်ရည်အားကိုအသုံးချပြီး စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ကြပါတယ်။ ဘဝရဲ့လှိုင်းတံပိုးများကို မကြောက်မရွံ့နဲ့စမ်းသပ်မှုတခုတိုင်းဆီမှာ ကိုယ်ခံအားပိုကောင်းလာကြပါတယ်။

Capricorn
အောင်မြင်မှုက အားနည်းသူအတွက်မဟုတ်ဘဲ ကြိုးစားအားထုတ်မှုနဲ့ ဇွဲလုံ့လကြောင့်ရရှိနိုင်တာပါ။ မကာရရာသီခွင်တွေက ပန်းတိုင်များဆီကို လျှောက်လှမ်းဖို့ စိန်ခေါ်မှုများကိုလက်ခံကြပြီး အောင်မြင်မှုလမ်းကြောင်းကို ဖော်ထုတ်ဖို့အတွက် မယိမ်းယိုင်တဲ့ဆုံးဖြတ်ချက်တို့က တွန်းအားပေးကြပါတယ်။ သူတို့က အောင်မြင်မှုကိုပဲစူးစူးစိုက်စိုက်ကြည့်ပြီး သူတို့သွားရာလမ်းက ဘယ်လိုအတားအဆီးမျိုးကိုမဆိုမကြောက်မရွံ့ရင်ဆိုင်ဖြေရှင်းကြပါတယ်။

Aquarius
ဒီရာသီဖွားတွေက မကြောက်မရွံ့စွန့်စားလုပ်ကိုင်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ သူတို့ကအခွင့်အလမ်းများဖြစ်တဲ့ စိန်ခေါ်မှုများကို ကြိုဆိုကြပါတယ်။ သူတို့က အမြောက်အမြင်ရှိတဲ့ထိုးထွင်းဉာဏ်နဲ့ သူတို့ဘဝရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို ရေးဆွဲဖို့ မကြောက်ရွံ့ကြပါဘူး။

MYit

zawgyi


Aries

Scorpio

Capricorn

Aquarius

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*