ပရောက်ဖက်ရှင်နယ်တိုင်း လိုက်နာသင့်တဲ့ ကျင့်ဝတ်စံတန်ဖိုး

ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာများနဲ့ပတ်သက်ပြီးလုပ်ငန်းခွင်မှာ တချိန်မဟုတ်တချိန်ကြုံလာရနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ပရောက်ဖက်ရှင်ဆန်တဲ့ ကျင့်ဝတ်အပြုအမူ၊တန်ဖိုးဆိုတာ ဘာလဲ။ ကိုယ်ကျင့်တရားဆိုင်ရာပြဿနာတွေကြုံလာရတဲ့အခါမှာ ဘယ်အရာကိုစံနမူနာအဖြစ်ရှုမြင်နိုင်မလဲ။ အတုယူနိုင်မလဲ။အဖွဲ့အစည်းတခုက ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကို လုပ်ငန်းရဲ့အဓိက နေရာမှာ ထားရှိတဲ့အခါအဲဒီလုပ်ငန်းခွင်က လေးစားမှု၊ ပွင့်လင်းမြင်သာမှုရှိတဲ့အလုပ်ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်ပါတယ်။ လူတိုင်းက မြင့်မားတဲ့စံနှုန်းများ၊ကတိကဝတ်ပြုမှုများရှိနိုင်ကြပါတယ်။ ဒီအချက်တွေကတော့ပရောက်ဖက်ရှင်နယ်သမားတိုင်းလိုက်နာသင့်တဲ့ ကျင့်ဝတ်စံတန်ဖိုးတွေပဲဖြစ်ပါတယ်။

ကျင့်ဝတ်စံတန်ဖိုးများက လူတဦးချင်းစီရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သံလိုက်အိမ်မြှောင်ဖြစ်ပြီးဒီစံတန်ဖိုးတွေကပဲ အပြုအမူများနဲ့ အမူ အကျင့်များကို လမ်ညွှန်ပေးပါတယ်။ကုမ္ပဏီတစ်ခုအတွက်၊ အလုပ်ကျင့်ဝတ်များက ကိုယ်ကျိုးစီးပွားထက်အခြားသူများရဲ့သုခချမ်းသာကို ထမ်းဆောင်ဖို့အတွက် ရေးဆွဲထားတဲ့လမ်းညွှန်မူများဖြစ်ပါတယ်။ သင်က ခက်ခဲတဲ့ စိတ်ဖိစီးမှု ဒါမှမဟုတ်ပျက်စီးစေမယ့်အခြေအနေများအတွက် သင့်ရဲ့တုံ့ပြန်မှုကို အသိပေးဖို့အတွက်အလုပ်ခွင်ကျင့်ဝတ်ကို သင်အသုံးပြုရပါမယ်။

ကျင့်ဝတ်သိက္ခာ၊ စံတန်ဖိုးတွေက ကနေ့ခေတ်စီးပွားရေးလောကမှာ အောင်မြင်တဲ့ကုမ္ပဏီတခုကိုလည်ပတ်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒီလိုပဲတဦးတယောက်ချင်းစီမှာလည်း ကျင့်ဝတ်တန်ဖိုးတွေက ကိုယ်ဘယ်လိုလူလုဆိုတာကိုမှတ်ကျောက်တင်ပေးပါတယ်။
အခုနောက်ပိုင်းမှာ ပိုက်ဆံရတဲ့အလုပ်ရွေးချယ်ရမလား၊ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးနောက်ကိုပဲလိုက်ရမလားဆိုတဲ့အချက်ကလည်းရွေး ချယ်ရခက်စေပါတယ်။ကျင့်ဝတ်ရော ငွေကြေးရော မျှတမှုရှိတဲ့လုပ်ငန်းခွင်ကတော့ အကောင်းဆုံးလုပ်ငန်းခွင်တခုပါပဲ။ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနိုင်တဲ့အခြေအနေတခုဖြစ်နိုင်ပါတယ်။

Deloitte ရဲ့ ၂၀၂၂ခုနှစ်စစ်တမ်းတခုမှာတော့ Gen Z များရဲ့ ၃၇ရာခိုင်နှုန်းကအလုပ်တခုကိုရွေးချယ်ရာမှာ ကိုယ်ရေးကိုယ်တာစံတန်ဖိုးများနဲ့ မကိုက်ညီတာကြောင့် အလုပ်ဒါမှမဟုတ် တာဝန်ကိုငြင်းပယ်ခဲ့ကြပါတယ်။ပရော်ဖက်ရှင်နယ်ကျင့်ဝတ်တန်ဖိုးဆိုတာက ကုမ္ပဏီဘက်ကရော၊ ဝန်ထမ်းဘက်ကရောရှိသင့်တဲ့ လိုက်နာသင့်တဲ့ စံတန်ဖိုးများဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးမှာဒီတန်ဖိုးတွေရှိကြမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်တခုကိုတည်ဆောက်လာနိုင်မှာပဲဖြစ်ပါတယ်။

MYit

zawgyi

ကိုယ္က်င့္တရားဆိုင္ရာ ျပႆနာမ်ားနဲ႔ပတ္သက္ၿပီးလုပ္ငန္းခြင္မွာ တခ်ိန္မဟုတ္တခ်ိန္ႀကဳံလာရႏိုင္ပါတယ္။ ဒီလိုအေျခအေနမွာ ပေရာက္ဖက္ရွင္ဆန္တဲ့ က်င့္ဝတ္အျပဳအမူ၊တန္ဖိုးဆိုတာ ဘာလဲ။ ကိုယ္က်င့္တရားဆိုင္ရာျပႆနာေတြႀကဳံလာရတဲ့အခါမွာ ဘယ္အရာကိုစံနမူနာအျဖစ္ရႈျမင္ႏိုင္မလဲ။ အတုယူႏိုင္မလဲ။အဖြဲ႕အစည္းတခုက က်င့္ဝတ္သိကၡာပိုင္းဆိုင္ရာကို လုပ္ငန္းရဲ႕အဓိက ေနရာမွာ ထားရွိတဲ့အခါအဲဒီလုပ္ငန္းခြင္က ေလးစားမႈ၊ ပြင့္လင္းျမင္သာမႈရွိတဲ့အလုပ္ပတ္ဝန္းက်င္ကိုဖန္တီးေပးႏိုင္ပါတယ္။ လူတိုင္းက ျမင့္မားတဲ့စံႏႈန္းမ်ား၊ကတိကဝတ္ျပဳမႈမ်ားရွိႏိုင္ၾကပါတယ္။ ဒီအခ်က္ေတြကေတာ့ပေရာက္ဖက္ရွင္နယ္သမားတိုင္းလိုက္နာသင့္တဲ့ က်င့္ဝတ္စံတန္ဖိုးေတြပဲျဖစ္ပါတယ္။

က်င့္ဝတ္စံတန္ဖိုးမ်ားက လူတဦးခ်င္းစီရဲ႕ ကိုယ္က်င့္တရားဆိုင္ရာ သံလိုက္အိမ္ေျမႇာင္ျဖစ္ၿပီးဒီစံတန္ဖိုးေတြကပဲ အျပဳအမူမ်ားနဲ႔ အမူ အက်င့္မ်ားကို လမ္ၫႊန္ေပးပါတယ္။ကုမၸဏီတစ္ခုအတြက္၊ အလုပ္က်င့္ဝတ္မ်ားက ကိုယ္က်ိဳးစီးပြားထက္အျခားသူမ်ားရဲ႕သုခခ်မ္းသာကို ထမ္းေဆာင္ဖို႔အတြက္ ေရးဆြဲထားတဲ့လမ္းၫႊန္မူမ်ားျဖစ္ပါတယ္။ သင္က ခက္ခဲတဲ့ စိတ္ဖိစီးမႈ ဒါမွမဟုတ္ပ်က္စီးေစမယ့္အေျခအေနမ်ားအတြက္ သင့္ရဲ႕တုံ႔ျပန္မႈကို အသိေပးဖို႔အတြက္အလုပ္ခြင္က်င့္ဝတ္ကို သင္အသုံးျပဳရပါမယ္။

က်င့္ဝတ္သိကၡာ၊ စံတန္ဖိုးေတြက ကေန႔ေခတ္စီးပြားေရးေလာကမွာ ေအာင္ျမင္တဲ့ကုမၸဏီတခုကိုလည္ပတ္ဖို႔အတြက္ အေျခခံအုတ္ျမစ္ျဖစ္ပါတယ္။ ဒီလိုပဲတဦးတေယာက္ခ်င္းစီမွာလည္း က်င့္ဝတ္တန္ဖိုးေတြက ကိုယ္ဘယ္လိုလူလုဆိုတာကိုမွတ္ေက်ာက္တင္ေပးပါတယ္။
အခုေနာက္ပိုင္းမွာ ပိုက္ဆံရတဲ့အလုပ္ေ႐ြးခ်ယ္ရမလား၊က်င့္ဝတ္ဆိုင္ရာစံတန္ဖိုးေနာက္ကိုပဲလိုက္ရမလားဆိုတဲ့အခ်က္ကလည္းေ႐ြး ခ်ယ္ရခက္ေစပါတယ္။က်င့္ဝတ္ေရာ ေငြေၾကးေရာ မွ်တမႈရွိတဲ့လုပ္ငန္းခြင္ကေတာ့ အေကာင္းဆုံးလုပ္ငန္းခြင္တခုပါပဲ။ကိုယ့္ကိုယ္ကိုယ္ဂုဏ္ယူႏိုင္တဲ့အေျခအေနတခုျဖစ္ႏိုင္ပါတယ္။

Deloitte ရဲ႕ ၂၀၂၂ခုႏွစ္စစ္တမ္းတခုမွာေတာ့ Gen Z မ်ားရဲ႕ ၃၇ရာခိုင္ႏႈန္းကအလုပ္တခုကိုေ႐ြးခ်ယ္ရာမွာ ကိုယ္ေရးကိုယ္တာစံတန္ဖိုးမ်ားနဲ႔ မကိုက္ညီတာေၾကာင့္ အလုပ္ဒါမွမဟုတ္ တာဝန္ကိုျငင္းပယ္ခဲ့ၾကပါတယ္။ပေရာ္ဖက္ရွင္နယ္က်င့္ဝတ္တန္ဖိုးဆိုတာက ကုမၸဏီဘက္ကေရာ၊ ဝန္ထမ္းဘက္ကေရာရွိသင့္တဲ့ လိုက္နာသင့္တဲ့ စံတန္ဖိုးမ်ားျဖစ္ပါတယ္။ ႏွစ္ဦးႏွစ္ဖက္စလုံးမွာဒီတန္ဖိုးေတြရွိၾကမယ္ဆိုရင္ ပိုမိုေကာင္းမြန္တဲ့ အလုပ္ပတ္ဝန္းက်င္တခုကိုတည္ေဆာက္လာႏိုင္မွာပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*