Super Junior အဖွဲ့ဝင် Sungmin နဲ့ဇနီး သားယောက်ျားလေးမွေးဖွားကြောင်း ကြေညာ

ကေပေါ့(ပ်) Super Junior အဖွဲ့ဝင် Sungmin က ဖခင်တဦးဖြစ်ပြီလို့တရားဝင်ကြေညာလိုက်ပါတယ်။အသက် ၃၈ နှစ်အရွယ် အဆို တော်ကသူ့ရဲ့ဇနီး အဆိုတော်သရုပ်ဆောင် Kim Sa-eun နဲ့အတူသားယောက်ျားလေးကို စက်တင်ဘာ ၁၄ရက်နေ့က အင်စတာဂရမ်မှာကြေညာခဲ့ပါတယ်။သူ့ရဲ့အေဂျင်စီဖြစ်တဲ့ SM Entertainment က Sungmin ရဲ့ဇနီးက စက်တင်ဘာ ၁၃ရက်နေ့မှာကလေးကိုမွေးဖွားခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးကလေးဖြစ်ပြီးသူတို့နှစ်ဦးက ၂၀၁၄ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။အဆို ပါပို့စ်မှာ သူတို့စုံတွဲက သူတို့ရဲ့ကလေးကို Popo လို့ခေါ်ပြီး သူ့အတွက်ဖန်တီးထားတဲ့အင်စတာဂရမ်အကောင့်ကို Tag တွဲခဲ့ပါတယ်။

သူက ၂၀၁၄ခုနှစ်မှာ Kim နဲ့လက်ထပ်တဲ့အခါ ပရိသတ်များရဲ့သပိတ်မှောက်တာကိုခံခဲ့ရပါတယ်။ မတ်လ ၂၀၁၅ခုနှစ်မှာတော့ စစ်မှုထမ်းဖို့ စာရင်းသွင်းခဲ့ပြီး ၂၀၁၆ ဒီဇင်ဘာမှစစ်မှုထမ်းကာလပြီးဆုံးခဲ့ပါတယ်။သူက Super Junior အဖွဲ့နဲ့ ဆယ်စုနှစ်နီးပါးကြာအောင် မဖျော်ဖြေရသေးသော်လည်း အဖွဲ့ဝင် Ryeowook ရဲ့ မင်္ဂလာပွဲကို ၂၀၂၄ ခုနှစ် မေလမှာ အရင်နဲ့အခုလက်ရှိအဖွဲ့ဝင်များနဲ့အတူတက်ရောက်ခဲ့ပါသေးတယ်။

MYit

zawgyi

ေကေပါ့(ပ္) Super Junior အဖြဲ႕ဝင္ Sungmin က ဖခင္တဦးျဖစ္ၿပီလို႔တရားဝင္ေၾကညာလိုက္ပါတယ္။အသက္ ၃၈ ႏွစ္အ႐ြယ္ အဆို ေတာ္ကသူ႔ရဲ႕ဇနီး အဆိုေတာ္သ႐ုပ္ေဆာင္ Kim Sa-eun နဲ႔အတူသားေယာက္်ားေလးကို စက္တင္ဘာ ၁၄ရက္ေန႔က အင္စတာဂရမ္မွာေၾကညာခဲ့ပါတယ္။သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ SM Entertainment က Sungmin ရဲ႕ဇနီးက စက္တင္ဘာ ၁၃ရက္ေန႔မွာကေလးကိုေမြးဖြားခဲ့တာျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ သူ႔ရဲ႕ ပထမဆုံးကေလးျဖစ္ၿပီးသူတို႔ႏွစ္ဦးက ၂၀၁၄ခုႏွစ္မွာ လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။အဆို ပါပို႔စ္မွာ သူတို႔စုံတြဲက သူတို႔ရဲ႕ကေလးကို Popo လို႔ေခၚၿပီး သူ႔အတြက္ဖန္တီးထားတဲ့အင္စတာဂရမ္အေကာင့္ကို Tag တြဲခဲ့ပါတယ္။

သူက ၂၀၁၄ခုႏွစ္မွာ Kim နဲ႔လက္ထပ္တဲ့အခါ ပရိသတ္မ်ားရဲ႕သပိတ္ေမွာက္တာကိုခံခဲ့ရပါတယ္။ မတ္လ ၂၀၁၅ခုႏွစ္မွာေတာ့ စစ္မႈထမ္းဖို႔ စာရင္းသြင္းခဲ့ၿပီး ၂၀၁၆ ဒီဇင္ဘာမွစစ္မႈထမ္းကာလၿပီးဆုံးခဲ့ပါတယ္။သူက Super Junior အဖြဲ႕နဲ႔ ဆယ္စုႏွစ္နီးပါးၾကာေအာင္ မေဖ်ာ္ေျဖရေသးေသာ္လည္း အဖြဲ႕ဝင္ Ryeowook ရဲ႕ မဂၤလာပြဲကို ၂၀၂၄ ခုႏွစ္ ေမလမွာ အရင္နဲ႔အခုလက္ရွိအဖြဲ႕ဝင္မ်ားနဲ႔အတူတက္ေရာက္ခဲ့ပါေသးတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*