မိဘဘဝကို တွယ်တာတတ်တဲ့ ရာသီခွင် (၃)ခု

ရာသီခွင်တွေထဲမှာ အံ့ဩစရာကောင်းလောက်အောင် မိဘဖြစ်နိုင်ချေအရှိဆုံး ရာသီခွင်တွေကဘယ်ရာသီခွင်တွေလို့ သင်တွေးမိပါသလဲ။ မိသားစုတခုစဖို့ စဉ်းစားနေတဲ့အခါ မိဘအဖြစ်ကိုလိုလိုလားလားနဲ့ တွယ်တာမက်မောတဲ့ ရာသီခွင်တွေရှိပါတယ်။

Cancer
ဒီရာသီဖွားတွေက မိသားစုနဲ့ အိမ်ကို နက်ရှိုင်းတဲ့ စိတ်ခံစားမှုဆိုင်ရာ ဆက်နွယ်မှုကြောင့်လူသိများပါတယ်။ ဒီနိမိတ်အောက် မွေးဖွားသူ များက မယုံနိုင်လောက်အောင်ချစ်တတ်၊ဂရုစိုက်တတ်တဲ့ မိဘများဖြစ်လာစေပါတယ်။ သူတို့ရဲ့ ပင်ကိုယ်သဘောသဘာဝကကလေးတွေရဲ့ လိုအပ်ချက်တွေကို နားလည်စေပြီး လုံခြုံပြိး ပြုစုပျိုးထောင်မှုရှိတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးပါတယ်။

Taurus
ဒီရာသီခွင်တွေက တည်ငြိမ်မှုနဲ့ လုံခြုံရေးကိုတန်ဖိုးထားတာကြောင့်ထူးချွန်တဲ့မိဘများဖြစ်လာစေပါတယ်။ သူတို့ရဲ့စိတ်ရှည်မှု၊ လက်တွေ့ကျမှုနဲ့ မိသားစုအပေါ်မှာအယိမ်းယိုင်တဲ့ စေတနာတွေက လူသိများပါတယ်။ သူတို့က ကလေးငယ်များအတွက်သက်သောင့်သက်သာရှိပြီး သဟဇာတရှိတဲ့ အိမ်ပတ်ဝန်းကျင်ကို ဖန်တီပေးနိုင်ကြပါတယ်။သူတို့တွေက ယုံကြည်စိတ်ချရတဲ့မိဘများဖြစ်လာစေပြီး ကလေးများရဲ့ ဘဝစိန်ခေါ်မှုများကိုလိုက်လျောညီထွေဖြစ်စေဖို့ ခိုင်မာတဲ့လမ်းညွှန်မှုများနဲ့ ပံ့ပိုးပေးကြပါတယ်။

Leo
လီယိုတွေက မိဘဖြစ်လာတဲ့အခါ နွေးထွေးမှု၊ စိတ်အားထက်သန်မှုနဲ့ တီထွင်ဖန်တီးမှုများကိုယူဆောင်လာကြပါတယ်။ သူတို့ရဲ့သားသမိးများကို ချစ်ခင်မှုနဲ့ ချီးမွမ်းမှုများကိုလုပ်ဆောင်ပေးကြပြီး ကလေးငယ်များ ထူးခြားတဲ့ အရည်အချင်းများနဲ့ခွန်အားများကိုရရှိဖို့အတွက် အားပေးတိုက်တွန်းနိုင်ကြပါတယ်။ သားသမိးများကို ယုံကြည်မှုနဲ့ရဲစွမ်းသတ္တိရှိအောင် စွမ်းဆောင်ပေးပြီး အိပ်မက်များကို မကြောက်မရွံ့ဘဲ အရောက်သွားနိုင်ဖို့ခွန်အားပေးပါတယ်။

MYit

zawgyi


Cancer

Taurus

Leo

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*