လက်ထပ်မယ့်အစီအစဉ်ကိုကြေညာလိုက်တဲ့ Rainbow အဖွဲ့ဝင် Jung Yoon Hye နဲ့ မင်းသား Ahn Jae Min

Rainbow အဖွဲ့ဝင် Jung Yoon Hye နဲ့ သရုပ်ဆောင် Ahn Jae Min တို့က ဒီအောက်တိုဘာလမှာလက်ထပ်တော့မှာ ဖြစ်ပါတယ်။စက် တင်ဘာ (၄)ရက်နေ့မှာတော့ Jung Yoon Hye က သူမရဲ့ အိမ်ထောင်ရေးကိုလူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါကတော့ သူမရဲ့ ကြေငြာချက်အပြည့်အစုံပဲဖြစ်ပါတယ်။မင်္ဂလာပါ၊ ကျမ Jung Yoon Hye ပါ။ကျမမှာ စိတ်လှုပ်ရှားစရာ သတင်းတစ်ခုရှိတယ်။ အဲဒါကတော့ကျမလက်ထပ်တော့မှာပဲဖြစ်ပါတယ်။ နည်းနည်းတော့ အဆင်မပြေသလို ခံစားရပေမဲ့လည်းကြည်နူးမိပါတယ်။ကျမလက်ထပ်မယ့်သူက ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်လို၊ခိုင်မာတဲ့ထောက်ခံအားပေးသူလို ကျမအနားမှာ အချိန်အကြာကြီးရှိနေခဲ့ပါတယ်။ သူက
မယိမ်းယိုင်တဲ့ ချစ်ခြင်းမေတ္တာကို အမြဲလိုလိုပေးခဲ့သူဖြစ်ပါတယ်။ သူက ကျမရဲ့အနာဂတ်မှာကြီးမားတဲ့ ပံ့ပိုးကူညီမှုတခုဖြစ်လာမယ်လို့ ကျမယုံကြည်ပါတယ်။

ကျမတို့နှစ်ယောက်လုံးမှာ အပြစ်အနာအဆာတွေရှိပေမဲ့ တစ်ယောက်နဲ့တစ်ယောက်လေးစားချစ်ခင်ကြမယ်။ ကျွန်မကို အမြဲအားပေးနေတဲ့ Rainnous (Rainbow ရဲ့တရားဝင်ပရိသတ်အဖွဲ့)၊ မိသားစုနဲ့ ကျွန်ုပ်တို့ကို ကောင်းချီးပေးခဲ့တဲ့ Rainbow အဖွဲ့ဝင်တွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ချစ်စရာကောင်းတဲ့ Yoon Hye အတိုင်း ဆက်လက်နေထိုင်ခြင်းဖြင့် မင်းတို့ကိုကျေးဇူးဆပ်ပါ့မယ်။
Ahn Jae Min ကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ ဒီသတင်းကို မျှဝေခဲ့ပါတယ်။“ဒီအောက်တိုဘာလအတွင်းမှာ ကျနော့်ရဲ့စိုးရိမ်ပူပန်မှုတွေနဲ့ မလုံခြုံမှုတွေကိုအချိန်အတော်ကြာအောင် ပံ့ပိုးပေးခဲ့သူတစ်ယောက်နဲ့ လက်ထပ်တော့မယ်လို့ ချစ်ရတဲ့သူတွေကိုပြောပြချင်ပါတယ်။ လူတိုင်းရဲ့ နွေးထွေးတဲ့ ဆန္ဒကို အမြတ်တနိုးတန်ဖိုးထားပြီး အတူတူပျော်ရွှင်စွာ နေထိုင်ရင်း တစ်ယောက်ကို တစ်ယောက် ချစ်ပြီး ပြုစုစောင့် ရှောက်ပေးမယ်လို့ကတိပေးပါတယ်”ဒီကြေငြာချက်နဲ့အတူ Jung Yoon Hye ဟာ Jisook နဲ့ Go Woori တို့နောက်က Rainbow ရဲ့တတိယမြောက် လက်ထပ်တဲ့ အဖွဲ့ဝင်ဖြစ်လာမှာပါ။

MYit

zawgyi

Rainbow အဖြဲ႕ဝင္ Jung Yoon Hye နဲ႔ သ႐ုပ္ေဆာင္ Ahn Jae Min တို႔က ဒီေအာက္တိုဘာလမွာလက္ထပ္ေတာ့မွာ ျဖစ္ပါတယ္။စက္ တင္ဘာ (၄)ရက္ေန႔မွာေတာ့ Jung Yoon Hye က သူမရဲ႕ အိမ္ေထာင္ေရးကိုလူမႈကြန္ရက္မွာ ေၾကညာခဲ့ပါတယ္။ ဒါကေတာ့ သူမရဲ႕ ေၾကျငာခ်က္အျပည့္အစုံပဲျဖစ္ပါတယ္။မဂၤလာပါ၊ က်မ Jung Yoon Hye ပါ။က်မမွာ စိတ္လႈပ္ရွားစရာ သတင္းတစ္ခုရွိတယ္။ အဲဒါကေတာ့က်မလက္ထပ္ေတာ့မွာပဲျဖစ္ပါတယ္။ နည္းနည္းေတာ့ အဆင္မေျပသလို ခံစားရေပမဲ့လည္းၾကည္ႏူးမိပါတယ္။က်မလက္ထပ္မယ့္သူက ရင္းႏွီးတဲ့သူငယ္ခ်င္းတစ္ေယာက္လို၊ခိုင္မာတဲ့ေထာက္ခံအားေပးသူလို က်မအနားမွာ အခ်ိန္အၾကာႀကီးရွိေနခဲ့ပါတယ္။ သူက
မယိမ္းယိုင္တဲ့ ခ်စ္ျခင္းေမတၱာကို အၿမဲလိုလိုေပးခဲ့သူျဖစ္ပါတယ္။ သူက က်မရဲ႕အနာဂတ္မွာႀကီးမားတဲ့ ပံ့ပိုးကူညီမႈတခုျဖစ္လာမယ္လို႔ က်မယုံၾကည္ပါတယ္။

က်မတို႔ႏွစ္ေယာက္လုံးမွာ အျပစ္အနာအဆာေတြရွိေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ေလးစားခ်စ္ခင္ၾကမယ္။ ကြၽန္မကို အၿမဲအားေပးေနတဲ့ Rainnous (Rainbow ရဲ႕တရားဝင္ပရိသတ္အဖြဲ႕)၊ မိသားစုနဲ႔ ကြၽႏ္ုပ္တို႔ကို ေကာင္းခ်ီးေပးခဲ့တဲ့ Rainbow အဖြဲ႕ဝင္ေတြအားလုံးကို ေက်းဇူးတင္ခ်င္ပါတယ္။ခ်စ္စရာေကာင္းတဲ့ Yoon Hye အတိုင္း ဆက္လက္ေနထိုင္ျခင္းျဖင့္ မင္းတို႔ကိုေက်းဇူးဆပ္ပါ့မယ္။
Ahn Jae Min ကလည္း သူ႔ရဲ႕ လူမႈကြန္ရက္မွာ ဒီသတင္းကို မွ်ေဝခဲ့ပါတယ္။“ဒီေအာက္တိုဘာလအတြင္းမွာ က်ေနာ့္ရဲ႕စိုးရိမ္ပူပန္မႈေတြနဲ႔ မလုံၿခဳံမႈေတြကိုအခ်ိန္အေတာ္ၾကာေအာင္ ပံ့ပိုးေပးခဲ့သူတစ္ေယာက္နဲ႔ လက္ထပ္ေတာ့မယ္လို႔ ခ်စ္ရတဲ့သူေတြကိုေျပာျပခ်င္ပါတယ္။ လူတိုင္းရဲ႕ ေႏြးေထြးတဲ့ ဆႏၵကို အျမတ္တႏိုးတန္ဖိုးထားၿပီး အတူတူေပ်ာ္႐ႊင္စြာ ေနထိုင္ရင္း တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ၿပီး ျပဳစုေစာင့္ ေရွာက္ေပးမယ္လို႔ကတိေပးပါတယ္”ဒီေၾကျငာခ်က္နဲ႔အတူ Jung Yoon Hye ဟာ Jisook နဲ႔ Go Woori တို႔ေနာက္က Rainbow ရဲ႕တတိယေျမာက္ လက္ထပ္တဲ့ အဖြဲ႕ဝင္ျဖစ္လာမွာပါ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*