စာဖတ်အားကောင်းတဲ့ ရာသီခွင် (၄)ခု

စာဖတ်အားကောင်းပြီး စာဂျပိုးတွေလို့ခေါ်လို့ရနိုင်တဲ့ ရာသီခွင်တွေကို မျှဝေပေးချင်ပါတယ်။စာမျက်နှာတွေကတဆင့် တခြားကမ္ဘာ့ကိုပို့ဆောင်ပေးတယ်လို့ ယုံကြည်ကြပြီးစိတ်ကူးစိတ်သန်းတွေ၊ စိတ်အားထက်သန်မှု၊ နှစ်သိမ့်မှုတွေ၊ ပျော်ရွှင်မှုတွေကို ရှာဖွေကြပါတယ်။

Aries
မတ်လ ၂၁ရက်နေ့ကနေ ဧပြီလ ၁၉ရက်နေ့အတွင်း မွေးဖွားကြတဲ့ ဒီရာသီခွင်တွေကတော့အကန့်အသတ်မဲ့စွမ်းအင်များကို စာဖတ်ခြင်းကနေ ရရှိနိုင်လို့ ယုံကြည်ကြပါတယ်။ သူတို့ကအက်ရှင်ဇာတ်လမ်းများ၊ ရဲရဲတောက်စွန့်စားခန်းများနဲ့ ရည်မှန်းချက်များကိုလှုံ့ဆော်ပေးတဲ့
စာပေများကို ကြိုက်ကြပါတယ်။ သူတို့က တိုးတက်စေမယ့်စာအုပ်စာပေတွေကိုရှာဖွေဖတ်ရှုကြပါတယ်။

Taurus
ဧပြီလ ၂၀ရက်ကနေ မေလ ၂၀ရက်အတွင်း မွေးဖွားကြသူတွေဖြစ်ပြီး သူတို့က ရိုမန်တစ်ဆန်တဲ့ပုံပြင်များ၊ အချက်အပြုတ်နည်းများနဲ့ လှပတဲ့နေရာတွေအကြောင်း ခင်းကျင်းထားတဲ့ဇာတ်လမ်းတွေကို နှစ်သက်ကြပါတယ်။ သူတို့တွေက စကားပြေနဲ့ သရုပ်ဖော်ထားတဲ့
ဇာတ်လမ်းတွေကို နှစ်သက်ကြပါတယ်။

Gemini
ဒီရာသီခွင်တွေကတော့ မေလ ၂၁ရက်ကနေ ဇွန်လ ၂၀ရက်အတွင်းမွေးဖွားကြသူတွေဖြစ်ကြပါတယ်။ သူတို့က ဉာဏ်ရည်ဉာဏ်သွေးကို လှုံ့ဆော်ပေးပြီးဆွေးနွေးမှုများပါဝင်တဲ့ စာအုပ်တွေကို နှစ်သက်ကြပါတယ်။ သူတို့က ဆက်သွယ်ရေး၊စိတ်ပညာနဲ့ မတူကွဲပြားတဲ့ ဇာတ်ကြောင်းများဆိုင်ရာ စာအုပ်များကိုကြိုက်နှစ်သက်ကြပါတယ်။

Cancer
ဇွန်လ ၂၁ရက်ကနေ ဇူလိုင်လ ၂၂ရက်အတွင်း မွေးဖွားကြသူတွေဖြစ်ကြပါတယ်။စာဖတ်ဝါသနာပါပြီး အတွေ့အကြုံများနဲ့ ထပ်တူကျတဲ့ ရသစာပေတွေဖတ်ရှုကြပါတယ်။ကဗျာတွေ၊ မိသားစုဇာတ်လမ်းများနဲ့ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုစတာတွေကိုရှာဖွေဖတ်ရှုကြပါတယ်။

MYit

zawgyi


Aries

Taurus

Gemini

Cancer

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*