Celine Dion သေဆုံးတယ်ဆိုတာသတင်းအမှားပါ

Titanic ရုပ်ရှင်ရဲ့ဇာတ်ဝင်တေးကိုကြားတိုင်း သူမကိုပါတွဲဖက်အမှတ်ရကြတဲ့အဆိုတော် Celine Dion သေဆုံးပြီဆိုတဲ့သတင်းက လူမှုကွန်ရက်မှာတော်တော်လေးပျံ့နှံ့လာခဲ့ပါတယ်။ တကယ်တော့ဒါဟာသတင်းမှားသာဖြစ်တယ်လို့ သူမနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကအတည်ပြုထားပါတယ်။သူမဟာလတ်တလောမှာ Stiff Person Syndrome လို့ခေါ်တဲ့အကြောဆွဲရောဂါ၊ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါဆန်းတစ်မျိုးကိုခံစားနေရတာဖြစ်ပါတယ်။

ဒီရောဂါဟာလူတစ်သန်းမှာ တစ်ယောက်၊နှစ်ယောက်ခန့်သာခံစားရလေ့ရှိတဲ့ရောဂါဆန်းတစ်မျိုးဖြစ်တယ်လို့သိရပါတယ်။ သူမအနေနဲ့လည်း ဒီရောဂါကိုတိုက်ထုတ်ပြီးအသက်ရှင်သန်နိုင်ဖို့တိုက်ပွဲဝင်နေတယ်ဆိုတာကိုသူမ ကိုယ်တိုင်က ထုတ်ဖော်ပြောပြခဲ့ဖူးပါတယ်။လက်ရှိမှာ Celine Dion ရဲ့ Music Tour တွေအားလုံးကိုဖျက်သိမ်းထားရပြီး အသက်မသေခဲ့ရင်တောင်သီချင်းပြန်ဆိုနိုင်ဖို့မသေချာတော့ဘူးလို့ Celine Dion ရဲ့ညီမဖြစ်သူကသူမရဲ့အင်စတာဂရမ်အကောင့်မှာရေးသားထားပါတယ်။

Ju Ju

zawgyi

Titanic ႐ုပ္ရွင္ရဲ႕ဇာတ္ဝင္ေတးကိုၾကားတိုင္း သူမကိုပါတြဲဖက္အမွတ္ရၾကတဲ့အဆိုေတာ္ Celine Dion ေသဆုံးၿပီဆိုတဲ့သတင္းက လူမႈကြန္ရက္မွာေတာ္ေတာ္ေလးပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ တကယ္ေတာ့ဒါဟာသတင္းမွားသာျဖစ္တယ္လို႔ သူမနဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းကအတည္ျပဳထားပါတယ္။သူမဟာလတ္တေလာမွာ Stiff Person Syndrome လို႔ေခၚတဲ့အေၾကာဆြဲေရာဂါ၊ဦးေႏွာက္နဲ႔အာ႐ုံေၾကာဆိုင္ရာေရာဂါဆန္းတစ္မ်ိဳးကိုခံစားေနရတာျဖစ္ပါတယ္။

ဒီေရာဂါဟာလူတစ္သန္းမွာ တစ္ေယာက္၊ႏွစ္ေယာက္ခန႔္သာခံစားရေလ့ရွိတဲ့ေရာဂါဆန္းတစ္မ်ိဳးျဖစ္တယ္လို႔သိရပါတယ္။ သူမအေနနဲ႔လည္း ဒီေရာဂါကိုတိုက္ထုတ္ၿပီးအသက္ရွင္သန္ႏိုင္ဖို႔တိုက္ပြဲဝင္ေနတယ္ဆိုတာကိုသူမ ကိုယ္တိုင္က ထုတ္ေဖာ္ေျပာျပခဲ့ဖူးပါတယ္။လက္ရွိမွာ Celine Dion ရဲ႕ Music Tour ေတြအားလုံးကိုဖ်က္သိမ္းထားရၿပီး အသက္မေသခဲ့ရင္ေတာင္သီခ်င္းျပန္ဆိုႏိုင္ဖို႔မေသခ်ာေတာ့ဘူးလို႔ Celine Dion ရဲ႕ညီမျဖစ္သူကသူမရဲ႕အင္စတာဂရမ္အေကာင့္မွာေရးသားထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*