ကိုယ့်ရဲ့ Twin Flame ကကိုယ့်အကြောင်းတွေးနေတဲ့ လက္ခဏာ (၄) ခု
သင့်ရဲ့ twin flame က မင်းကိုသတိရနေတယ်၊ မင်းအကြောင်းတွေးနေတယ်ဆိုရင် ကြုံရတဲ့လက္ခဏာတွေက ဘာတွေများဖြစ်မလဲ။ ကိုယ့်ရဲ့ twin flame နဲ့ကိုယ့်ရဲ့နှောင်ကြိုးက နက်နဲပြီးရုပ်ပိုင်းဆိုင်ရာ အကွာအဝေးနဲ့ အချိန်တွေကို ကျော်လွန်သွားတတ်ပါတယ်။
ရုတ်တရက် ပြင်းထန်သော စိတ်ခံစားမှုများ
ရုတ်တရတ် ခံစားချက်လှိုင်းလုံးများ လွှမ်းသွားတာကို သင်ကြုံဖူးပါလိမ့်မယ်။ဘယ်လိုအကြောင်းမှ ထင်ထင်ရှားရှားရှိမနေဘဲ ကြည်နူးမှုကနေ ဝမ်းနည်းမှုအထိခံစားချက်တွေက ကွဲပြားကောင်း ကွဲပြားနိုင်ပါလိမ့်မယ်။ ဒါက သင့်ရဲ့ twin flame ကတူညီတဲ့ခံစားချက်တွေကို ခံစားရပြီး မင်းတို့နှစ်ယောက်ကြားမှာ telepathic ဆက်သွယ်မှုကိုဖန်တီးနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
Vivid Dreams နဲ့ Telepathic မက်ဆေ့ခ်ျများ
အိပ်မက်များက twin flame ဆက်သွယ်မှုအတွက် အားကောင်းတဲ့ ကြားခံတခုဖြစ်ပါတယ်။မင်းရဲ့ twin flame အကြောင်းတသမတ်တည်း အိပ်မက်မက်နေတာ ဒါမှမဟုတ်အိပ်မက်တွေကနေ မက်ဆေ့ချ်တွေ လက်ခံရရှိတာမျိုးဆိုရင် သူတို့တွေကမင်းနဲ့ပိုနက်နဲတဲ့အဆင့်ထိ ဆက်သွယ်ဖို့ကြိုးစားနေတဲ့ လက္ခဏာဖြစ်ပါတယ်။ သင့်အိပ်မက်ထဲမှာထပ်တလဲလဲဖြစ်နေတဲ့ သင်္ကေတများ၊ ပုံစံများကို အာရုံစိုက်ပါ။
ထပ်တူကျမှုနဲ့ လက္ခဏာများ
စကြာဝဠာက ကျွန်ုပ်တို့နဲ့ ထပ်တူကျတဲ့ လက္ခဏာများကတဆင့် ကျွန်ုပ်တို့ကို မကြာခဏဆက်သွယ်တ်ပါတယ်။ သင့်ရဲ့ twin flameများကို သတိပေးတဲ့ ထပ်တလဲလဲကိန်းဂဏန်းများ၊သင်္ကေတများ ဒါမှမဟုတ် တိုက်ဆိုင်မှုများကို သတိပြုမိပါက သူတို့က သင့်ကိုအဝေးကနေ
မက်ဆေ့ခ်ျများ ပေးပို့နေတယ်ဆိုတာကို ညွှန်ပြနိုင်ပါတယ်။
မရှင်းပြနိုင်သော ရုပ်ပိုင်းဆိုင်ရာခံစားမှုများ
Twin flame များက ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများမှာ ထင်ရှားစေတဲ့ စွမ်းအင်ဆိုင်ရာ နှောင်ကြိုးကိုမျှဝေပါတယ်။ မင်းရဲ့ twin flameက မင်းအကြောင်းတွေးနေတာ ဒါမှမဟုတ်မင်းကိုချစ်ခြင်းမေတ္တာနဲ့အပြုသဘောဆောင်တဲ့ စွမ်းအင်တွေပို့ပေးတဲ့အခါ တုန်လှုပ်နေတဲ့ခံစား ချက်တွေ၊ နွေးထွေးမှုတွေ ဒါမှမဟုတ် မင်းရဲ့ခန္ဓာကိုယ်ထဲမှာရုတ်တရက်စွမ်းအင်တွေရလာသလို ခံစားရနိုင်ပါတယ်။ မင်းရဲ့အတွေးထဲမှာ twin flame ရှိနေတာကို အတည်ပြုချက်ပေးနိုင်တာကြောင့် ဒီခံစားချက်တွေကိုအာရုံစိုက်လေ့လာလို့ရပါတယ်။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*