မိတ်ကပ်မကြိုက်တဲ့ အမျိုးသမီးတွေ ရာသီခွင် (၄)ခု

တချို့သူတွေက ရိုးရှင်းတဲ့အလှတရားကိုယုံကြည်တဲ့သူတွေဖြစ်ကြပါတယ်။မိတ်ကပ်တွေလိမ်းဖို့ မှန်ရှေ့မှာ နာရီပေါင်းများစွာ အချိန်ဖြုန်းရတာကိုသူတို့စိတ်ဝင်စားမှုမရှိပါဘူး။ ဒါကသူတို့အတွက် ကြည်နူးစရာထက်ကြောက်စရာကောင်းနေတတ်ပါတယ်။ မိတ်ကပ်လိမ်းရတာမကြိုက်တဲ့အမျိုးသမီးရာသီခွင်တွေက ဘယ်သူတွေများဖြစ်မလဲ။

Virgo
Virgo အမျိုးသမီးတွေကလက်တွေ့ကျမှုနဲ့ အသေးစိတ်ကိုအာရုံစိုက်တာကြောင့်လူသိများပါတယ်။ သူတို့က စစ်မှန်မှုကိုတန်ဖိုးထားပြီး အတုအယောင်ကိုသဘောမကျတတ်ပါဘူး။ သူတို့တွေက သူတို့ရဲ့အရှိအတိုင်းကိုပဲတခြားသူကိုပြသလိုကြပါတယ်။ လွန်ကဲတဲ့ ရွေးချယ်မှုထက် ရိုးရှင်းမှုကိုသဘောကျကြပါတယ်။ ဒါကြောင့်ပဲ မိတ်ကပ်လိမ်းရတာက သူတို့အကြိုက်မဟုတ်ခဲ့ပါဘူး။

Sagittarius
စွန့်စားခြင်းကိုနှစ်သက်တဲ့ ဓနုအမျိုးသမီးများကလည်း အလှအပနဲ့စံနှုန်းများကိုကိုက်ညီဖို့အတွက် ဖိအားများကို မကြိုက်ပါဘူး။ သူတို့တွေကမိတ်ကပ်နဲ့ဖုံးကွယ်တာထက်သူတို့ရဲ့ ထူးခြားတဲ့အသွင်အပြင်အလှအပကိုယုံကြည်မှုရှိကြပါတယ်။ သူတို့က သူတို့ရဲ့ ဂရုမစိုက်တတ်တဲ့ပင်ကိုယ်စရိုက်က အားစိုက်စရာမလိုဘဲ သူတို့ကိုတောက်ပစေပါတယ်။

Aquarius
ဒီရာသီခွင်အမျိုးသမီးများက ထူးခြားတဲ့ ပင်ကိုယ်စရိုက်ကြောင့် လူသိများပါတယ်။ သူတို့ကသမားရိုးကျစံနှုန်းများနဲ့ မကိုက်ညီဘဲကိုယ့် ကိုယ်ကိုယ်စစ်မှန်စွာဖော်ထုတ်ဖို့ကိုလိုလားကြပါတယ်။ သူတို့ကအတွင်းအလှကိုဂုဏ်ယူစွာနဲ့ ပွေ့ဖက်ထားပြီး သူတို့ရဲ့အတွင်းအလှကပ
သူတို့ကိုတောက်ပတဲ့သူတွေဖြစ်စေပါတယ်။

Pisces
အိပ်မက်မက်ပြီး စိတ်ကူးယဉ်တတ်တဲ့ Pisces အမျိုးသမီးများက စစ်မှန်မှုကအတွင်းကဆင်းသက်လာတယ်လို့ ယုံကြည်ကြပြီး ပြင်ပအသွင်အပြင်ထက် အတွင်းအလှကိုဦးစားပေးကြပါတယ်။ မိတ်ကပ်ကို ကျော်လွန်ပြီး သဘာဝအလှနဲ့ဖမ်းစားနိုင်တဲ့သူတွေဖြစ်ပါတယ်။ သူတို့က သဘာဝတရားကို အသန့်ရှင်ဆုံးပုံစံနဲ့တန်ဖိုးထားကြပါတယ်။

MYit

zawgyi


Virgo

Sagittarius

Aquarius

Pisces

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*