အလုပ်မှာ ယုံကြည်မှုတည်ဆောက်ဖို့ နည်းလမ်း (၆)ခု

အလုပ်မှာ ယုံကြည်မှုရှိရှိနေနိုင်ဖို့က အရေးအကြီးဆုံးအချက်တွေထဲက တခုပါပဲ။ဒီလိုဖြစ်အောင် ကိုယ့်ရဲ့ယုံကြည်မှုကို ဘယ်လိုတည် ဆောက်မလဲဆိုတာကိုမျှဝေပေးသွားချင်ပါတယ်။

သေးသေးလေးကနေ စတင်ပါ

တိုးမြှင့်လာတဲ့ ခြေလှမ်းများက သင့်အတွက် ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှုများကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ သေးငယ်ပြီး လွယ်ကူတဲ့ ရည်မှန်းချက်ပန်းတိုင်များ သတ်မှတ်ပြီးသင့်အောင်မြင်မှုကို တည်ဆောက်နိုင်စေဖို့အတွက် ပိုမိုယုံကြည်မှုရှိလာစေပါတယ်။အသေးအမွှားလေးကနေစပြီး ပိုပြီးစိန်ခေါ်မှုရှိတဲ့ ထိရောက်တဲ့မှတ်တိုင်တွေအထိလုပ်ဆောင်နိုင်ပါတယ်။

မေးခွန်းများမေးရန်လေ့လာပါ

မင်းရဲ့အသိပညာချို့တဲ့မှုက ယုံကြည်မှုကင်းမဲ့မှုကို အားဖြည့်ပေးတယ်ဆိုရင်ထိရောက်တဲ့မေးခွန်းတွေမေးဖို့ သင်ယူရမယ့်အချိန်ပါပဲ။ သင့်အခန်းကဏ္ဍကို ပိုမိုကောင်းမွန်စွာနားလည်ရန် ကြိုးစားခြင်းက သင့်အတွက်ကျေနပ်ဖွယ်ကောင်းပါလိမ့်မယ်။

သက်တောင့်သက်သာရှိစေရန် ၀တ်စားဆင်ယင်ပါ

သင်ရဲ့ဗီရိုကိုစစ်ဆေးပါ။ သင့်ရဲ့အလုပ်အဝတ်အစားတွေက သင့်ကိုဘယ်လိုခံစားရလဲ။သက်တောင့်သက်သာရှိပြီး လိုက်ဖက်ညီတဲ့ ၀တ်စုံကို ဝတ်ဆင်ခြင်းက ယုံကြည်မှုကိုအမှန်တကယ် တိုးပွားစေနိုင်ပါတယ်။ ဖက်ရှင်က သင်နဲ့လိုက်ဖက်မညီနေဘူးဆိုရင်သင့်အတွက်ဖက်ရှင်ကျစေမယ့် စုစည်းမှုကိုလုပ်ပါ။ ပြီးတော့သင့်ခန္ဓာကိုယ်ဘာသာစကားကိုမမေ့ပါနဲ့။ ကောင်းမွန်တဲ့ ကိုယ်ဟန်အနေအထားက ယုံကြည်မှုကို ဖော်ဆောင်ပေးရုံသာမကဘဲ၊တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေတာမို့ သင့်ခေါင်းကို မြင့်မြင့်ထားပြီး မတ်မတ်ရပ်ပြီးမတ်မတ်သေချာထိုင်ပါ။

အမှားတွေနဲ့ ကျရှုံးမှုတွေကို လက်ခံလိုက်ပါ

စိန်ခေါ်မှုများကို ခံယူပြီး ပန်းတိုင်အသစ်များချမှတ်တဲ့အခါ အမှားအယွင်းများနဲ့ဆုတ်ယုတ်မှုများ မလွဲမသွေကြုံရနိုင်ပါတယ်။ ဒါကလည်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်အတွက်တစိတ်တပိုင်းဖြစ်ပါတယ်။ သင့်အမှားများကို သင်ယူပြီး ကျရှုံးမှုများကို လက်ခံဖို့အတွက်သင့်ကိုယ်သင် သတိပေးသင့်ပါတယ်။

နည်းပြကို ရှာပါ

နည်းပြတစ်ဦးက ၎င်းတို့၏ကိုယ်ပိုင်အတွေ့အကြုံကနေ အသက်မွေးဝမ်းကြောင်းဆိုင်ရာထိုးထွင်းသိမြင်မှုနဲ့ အကြံဉာဏ်များကို မျှဝေနိုင်ပါတယ်။ စိန်ခေါ်မှုများရင်ဆိုင်ရတဲ့အခါစိတ်ဖြေသိမ့်မှုဖြစ်စေတဲ့ အရင်းအမြစ်တခုဖြစ်စေပါတယ်။ မင်းရဲ့ဘက်မှာ တစုံတယောက်က
ရှိတဲ့အခါ ရည်မှန်းချက်တွေပြည့်မီဖို့ ယုံကြည်ချက်နဲ့ခွန်အားတွေဖြစ်လာစေပါတယ်။

အပျက်သဘောဆောင်တဲ့ စကားပြောခြင်းကို ရပ်တန့်ပါ

မိမိကိုယ်ကို နှိမ့်ချတဲ့စကားက ကြောက်ရွံ့ခြင်းရဲ့ လက္ခဏာတခုဖြစ်ပါတယ်။အနုတ်လက္ခဏာဆောင်တဲ့ စကားကိုပြောဆိုမယ့်အစား အားသာချက်ကိုအာရုံစိုက်ပါ။ဒီအချက်တွေက အလုပ်ခွင်မှာ ကိုယ့်ရဲ့ယုံကြည်မှုကိုတိုးလာစေပါတယ်။ဒီအချက်တွေကတော့ လုပ်ငန်းခွင်မှာ ယုံကြည်မှုတိုးစေဖို့လိုက်နာသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

MYit

zawgyi


သေးသေးလေးကနေ စတင်ပါ








နည်းပြကို ရှာပါ




MYit

Be the first to comment

Leave a Reply

Your email address will not be published.


*