Mock Interview မေးခွန်း နမူနာ (၄) ခု

Mock Interview ဆိုတာကတော့ အင်တာဗျူးမဝင်ခင် အကြိုလေ့ကျင့်တဲ့အင်တာဗျူးပဲဖြစ်ပါတယ်။ မေးလာနိုင်တဲ့ မေးခွန်းတွေကို ကြိုတင်ပြင်ဆင်သုံးသပ်နိုင်ဖို့အတွက် လုပ်ကြတဲ့ အင်တာဗျူးအမျိုးအစားဖြစ်ပါတယ်။ဒီလေ့ကျင့်မှုကနေတဆင့် အင်တာဗျူးစွမ်းရည်ကို တိုးတက်စေပါတယ်။ ဒီ mock interview မှာမေးတတ်တဲ့ နမူနာမေးခွန်း ငါးခုကိုမျှဝေပေးချင်ပါတယ်။

သင့်အကြောင်းပြောပြပါ

ဒီမေးခွန်းက အံ့ဩစရာစိန်ခေါ်မှုပဲဖြစ်ပါတယ်။ သင့်ကိုယ်သင့်မိတ်ဆက်ဖို့,သင့်အားသာချက်များအကြောင်း ဆွေးနွေးဖို့အတွက်နဲ့ သင့်ရဲ့ထူးခြားချက်တွေကိုမီးမောင်းထိုးပြဖို့ အခွင့်အရေးလည်းဖြစ်သလို၊ တဖက်မှာလည်း စိန်ခေါ်မှုကြီးမားပါတယ်။ဒီမေးခွန်းကို ပေါ့သေးသေး သဘောမထားဘဲ မေးလာခဲ့ရင် ဘယ်လိုဖြေမလဲဆိုတာကိုထောင့်စေ့အောင်စဉ်းစားထားသင့်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကကိုယ့်ကိုယ်ကိုယ်ရောင်းချနိုင်တဲ့ အဓိကအချက်ပါပဲ။

မင်းရဲ့အားနည်းချက်ကဘာလဲ

ဒီမေးခွန်းကတော့ ခါးသီးပေမဲ့ ဖြေရမှာပါပဲ။ မင်းရဲ့အားသာချက်တွေကိုထုတ်ဖော်ပြောကြားရတာလောက် မင်းအတွက်သက်သောင့် သက်သာမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ဘယ်သူကမှ ပြီးပြည့်စုံမှုမရှိဘူးဆိုတာကို သတိရပါ။ ဒီမေးခွန်းက မင်းရဲ့ အားနည်းချက်အပေါ်အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တဲ့ အချိန်နဲ့ပတ်သက်ပြီး စတိုရီကောင်းကောင်းပြောပြပါ။

ပဋိပက္ခကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသလဲ

ပဋိပက္ခစီမံခန့်ခွဲမှုပုံစံများစွာရှိပြီး ဒီအချက်တွေကိုဖော်ပြတာက တွေ့ဆုံမေးမြန်းသူကိုအထင်ကြီးစေနိုင်ပါတယ်။ဒီအချက်က မိမိကိုယ်မိမိ သတိရှိမှုကို ပြသပြီး အလုပ်မှာပဋိပက္ခများကို သင်ဘယ်လို ကိုင်တွယ်သလဲဆိုတာကို မျှော်လင့်ကြောင်း ပြသရာလည်းရောက်ပါတယ်။ ဥပမာတစ်ခုပေးရန်အတွက် အဆင်သင့်ဖြစ်ပါစေ။

မင်းမှာ ဘာမေးစရာရှိသလဲ

ဖြစ်နိုင်ချေက မင်းအင်တာဗျူးပြီးရင် လူတိုင်းပင်ပန်းကြပါလိမ့်မယ်။ ဒါပေမယ့် စကားဝိုင်းကိုဆွဲဆန့်ဖို့ ဖိတ်ခေါ်ချက်ကို ဘယ်တော့မှ မဖြုန်းတီးသင့်ပါဘူး။ အင်တာဗျူးမှာအလုပ်ခန့်မန်နေဂျာကို မေးရမယ့်မေးခွန်းတွေကို စဉ်းစားပါ။ ဥပမာ“ကုမ္ပဏီယဉ်ကျေးမှုအကြောင်း ပြောပြပါ” ဒါမှမဟုတ် “ဒီမှာ အလုပ်လုပ်ရတာ ဘာကိုနှစ်သက်သလဲ” စတာတွေပဲဖြစ်ပါတယ်။ဒီအချက်တွေကတော့ mock interview မှာမေးတတ်တဲ့ မေးခွန်းနမူနာတွေပဲဖြစ်ပါတယ်။ကိုယ်တိုင်လည်း ဒီမေးခွန်းလေးတွေမေးလာရင် ဘယ်လိုဖြေမလဲဆိုတာ စဉ်းစားကြည့်ပြီးပြင်ဆင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

MYit

zawgyi

Mock Interview ဆိုတာကေတာ့ အင္တာဗ်ဴးမဝင္ခင္ အႀကိဳေလ့က်င့္တဲ့အင္တာဗ်ဴးပဲျဖစ္ပါတယ္။ ေမးလာႏိုင္တဲ့ ေမးခြန္းေတြကို ႀကိဳတင္ျပင္ဆင္သုံးသပ္ႏိုင္ဖို႔အတြက္ လုပ္ၾကတဲ့ အင္တာဗ်ဴးအမ်ိဳးအစားျဖစ္ပါတယ္။ဒီေလ့က်င့္မႈကေနတဆင့္ အင္တာဗ်ဴးစြမ္းရည္ကို တိုးတက္ေစပါတယ္။ ဒီ mock interview မွာေမးတတ္တဲ့ နမူနာေမးခြန္း ငါးခုကိုမွ်ေဝေပးခ်င္ပါတယ္။

သင့္အေၾကာင္းေျပာျပပါ

ဒီေမးခြန္းက အံ့ဩစရာစိန္ေခၚမႈပဲျဖစ္ပါတယ္။ သင့္ကိုယ္သင့္မိတ္ဆက္ဖို႔,သင့္အားသာခ်က္မ်ားအေၾကာင္း ေဆြးေႏြးဖို႔အတြက္နဲ႔ သင့္ရဲ႕ထူးျခားခ်က္ေတြကိုမီးေမာင္းထိုးျပဖို႔ အခြင့္အေရးလည္းျဖစ္သလို၊ တဖက္မွာလည္း စိန္ေခၚမႈႀကီးမားပါတယ္။ဒီေမးခြန္းကို ေပါ့ေသးေသး သေဘာမထားဘဲ ေမးလာခဲ့ရင္ ဘယ္လိုေျဖမလဲဆိုတာကိုေထာင့္ေစ့ေအာင္စဥ္းစားထားသင့္ပါတယ္။ ဒီေမးခြန္းရဲ႕ အေျဖကကိုယ့္ကိုယ္ကိုယ္ေရာင္းခ်ႏိုင္တဲ့ အဓိကအခ်က္ပါပဲ။

မင္းရဲ႕အားနည္းခ်က္ကဘာလဲ

ဒီေမးခြန္းကေတာ့ ခါးသီးေပမဲ့ ေျဖရမွာပါပဲ။ မင္းရဲ႕အားသာခ်က္ေတြကိုထုတ္ေဖာ္ေျပာၾကားရတာေလာက္ မင္းအတြက္သက္ေသာင့္ သက္သာမျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ဘယ္သူကမွ ၿပီးျပည့္စုံမႈမရွိဘူးဆိုတာကို သတိရပါ။ ဒီေမးခြန္းက မင္းရဲ႕ အားနည္းခ်က္အေပၚအေကာင္းဆုံးျဖစ္ေအာင္လုပ္ခဲ့တဲ့ အခ်ိန္နဲ႔ပတ္သက္ၿပီး စတိုရီေကာင္းေကာင္းေျပာျပပါ။

ပဋိပကၡကို ဘယ္လို ကိုင္တြယ္ေျဖရွင္းသလဲ

ပဋိပကၡစီမံခန႔္ခြဲမႈပုံစံမ်ားစြာရွိၿပီး ဒီအခ်က္ေတြကိုေဖာ္ျပတာက ေတြ႕ဆုံေမးျမန္းသူကိုအထင္ႀကီးေစႏိုင္ပါတယ္။ဒီအခ်က္က မိမိကိုယ္မိမိ သတိရွိမႈကို ျပသၿပီး အလုပ္မွာပဋိပကၡမ်ားကို သင္ဘယ္လို ကိုင္တြယ္သလဲဆိုတာကို ေမွ်ာ္လင့္ေၾကာင္း ျပသရာလည္းေရာက္ပါတယ္။ ဥပမာတစ္ခုေပးရန္အတြက္ အဆင္သင့္ျဖစ္ပါေစ။

မင္းမွာ ဘာေမးစရာရွိသလဲ

ျဖစ္ႏိုင္ေခ်က မင္းအင္တာဗ်ဴးၿပီးရင္ လူတိုင္းပင္ပန္းၾကပါလိမ့္မယ္။ ဒါေပမယ့္ စကားဝိုင္းကိုဆြဲဆန႔္ဖို႔ ဖိတ္ေခၚခ်က္ကို ဘယ္ေတာ့မွ မျဖဳန္းတီးသင့္ပါဘူး။ အင္တာဗ်ဴးမွာအလုပ္ခန႔္မန္ေနဂ်ာကို ေမးရမယ့္ေမးခြန္းေတြကို စဥ္းစားပါ။ ဥပမာ“ကုမၸဏီယဥ္ေက်းမႈအေၾကာင္း ေျပာျပပါ” ဒါမွမဟုတ္ “ဒီမွာ အလုပ္လုပ္ရတာ ဘာကိုႏွစ္သက္သလဲ” စတာေတြပဲျဖစ္ပါတယ္။ဒီအခ်က္ေတြကေတာ့ mock interview မွာေမးတတ္တဲ့ ေမးခြန္းနမူနာေတြပဲျဖစ္ပါတယ္။ကိုယ္တိုင္လည္း ဒီေမးခြန္းေလးေတြေမးလာရင္ ဘယ္လိုေျဖမလဲဆိုတာ စဥ္းစားၾကည့္ၿပီးျပင္ဆင္ၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*