ဆက်ဆံရေးမှာ အလေးအနက်ထားတတ်တဲ့ ရာသီခွင် (၄) ခု

အချစ်ရေးမှာ အလေးအနက်ထားတတ်တဲ့ ရာသီခွင်တွေအကြောင်းပြောပြချင်ပါတယ်။ သူတို့ကချစ်ဆက်ဆံရေးမှာ ကတိကဝတ်တွေကို အလေးအနက်ထားကြပါတယ်။

Capricorn
ဒီရာသီဖွားတွေက သူတို့ရဲ့ တည်ကြည်မှုကြောင့် ကျော်ကြားပြီး ချစ်ဆက်ဆံရေးမှာအလေးနက်ဆုံးရာသီခွင်တွေထဲက တခုဖြစ်ပါတယ်။ သူတို့က အချစ်ရေးမှာ တာဝန်သိစိတ်၊ကတိကဝတ်နဲ့ ချဉ်းကပ်ကြပါတယ်။ သူတို့ရဲ့ တည်ငြိမ်မှုနဲ့ ရေရှည်ကတိကဝတ်များကိုတန်ဖိုးထားကြပြီး သူတို့ရဲ့ရည်မှန်းချက်များကိုမျှဝေမယ့် လက်တွဲဖော်များကိုရှာဖွေလေ့ရှိကြပါတယ်။ ဆက်ဆံရေးမှာ Capricorn တွေက ခိုင်မြဲတဲ့
နှောင်ကြိုးတခုတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ကြိုးစားအားထုတ်မှုတွေကိုပြုလုပ်ကြပါတယ်။

Scorpio
Scorpios တွေကလည်း ချစ်ဆက်ဆံရေးမှာ အလေးအနက်ထားတဲ့ ရာသီခွင်တခုဖြစ်ပါတယ်။ချစ်မိတဲ့အခါ လက်တွဲဖော်ကို သစ္စာရှိပြီး အကာအကွယ်ပေးတတ်သူများဖြစ်ပါတယ်။ချစ်သူပျော်ရွှင်မှုနဲ့ သုခချမ်းသာရရှိဖို့အတွက် ကြိုးစားပေးကြပါတယ်။ သူတို့ကလျှို့ဝှက်ဆန်းကြယ်တဲ့ အမူအရာမျိုးရှိပေမဲ့ ဆက်ဆံရေးမှာ ရင်းနှီးမှုနဲ့ စစ်မှန်မှုကိုလိုလားပြီးသစ္စာရှိတဲ့လက်တွဲဖော်တွေ ဖြစ်ကြပါတယ်။

Virgo
Virgos တွေက လက်တွေ့ကျမှုနဲ့ အသေးစိတ်ကိုအာရုံစိုက်ကြတာ အားလုံးသိပြီးဖြစ်မှာပါ။သူတို့တွေက အချစ်ရေ’မှာလည်း ရိုးသားမှု၊ ယုံကြည်စိတ်ချရမှုကို တန်ဖိုးထားပါတယ်။သူတို့က ပြဿနာများကို ဖြေရှင်းရာမှာ ကျွမ်းကျင်ပြီး လိုအပ်တဲ့အချိန်များမှာယုံကြည်စိတ်ချရတဲ့ ပံ့ပိုးကူညီတတ်တဲ့ ချစ်သူများအဖြစ်ရှိကြပါတယ်။ သူတို့ကချစ်ဆက်ဆံရေးမှာ အလေးအနက်နဲ့ ကတိကဝတ်ပြုမူကို တန်ဖိုးထားသူများဖြစ်ကြပါတယ်။

Taurus
Taurus တွေက တည်ကြည်မှုနဲ့ သစ္စာရှိမှုကြောင့် ကျော်ကြားပြီး သူတို့က ချစ်ဆက်ဆံရေးမှာအလေးနက်ဆုံးရာသီခွင်များထဲက တခုဖြစ်ပါတယ်။ သူတို့ကစိတ်ရှည်ပြီးအားကိုထိုက်တဲ့သူများဖြစ်ပြီး တည်ငြိမ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုတန်ဖိုးထားကြပါတယ်။ ချစ်ရသူရဲ့ သုခချမ်းသာနဲ့ ပျော်ရွှင်မှုကိုဦးစားပေးကြသူတွေဖြစ်ပါတယ်။

MYit

zawgyi


Capricorn

Scorpio

Virgo

Taurus

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*