သင့် Relationship ကို ပျော်ရွှင်အောင်ထားဖို့ လျှို့ဝှက်ချက် (၇) ချက်

အချစ်ဆိုတာ ဘဝမှာ ရှိဖူးသမျှထဲမှာ အလှပဆုံးအရာပါ။ ဘယ်အသိုင်းအဝန်း ဒါမှမဟုတ် ဘယ်ဘာသာတရားမှ မခွဲခြားဘဲ ပေါက်ဖွားလာတတ်ပါတယ်။ ဒါပေမဲ့ အတူတကွ ပျော်ရွှင်တဲ့ပေါင်းသင်းဆက်ဆံရေးတခုကို တည်ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ သင့်အချစ်ရေးမှာအမှန်တကယ်ပျော်ရွှင်စေချင်ရင် ဒီအချက်တွေက သင့်အတွက်အထောက်အကူပြုပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို အစစ်အမှန်ဖြစ်ပါစေ

အချစ်ရေးမှာ နံပါတ်တစ်အရေးအကြီးဆုံးက စစ်မှန်ဖို့ပါပဲ။ သင်က သင်ကိုယ်တိုင်ဖြစ်နေဖို့ပါပဲ။အစပိုင်းမှာ လူတွေက အကောင်းတွေပဲ ရွေးပြတတ်ပါတယ်။ကိုယ့်ရဲ့ကောင်းတဲ့ဘက်အခြမ်းရော ဆိုးတဲ့ဘက်အခြမ်းရော ပြတဲ့သူ အင်မတန်နည်းပါတယ်။အစပိုင်းမှာတော့ ဒါက ကြည်နူးစရာ ပျော်ရွှင်စရာပေမဲ့ တကယ်တမ်းရေရှည်မှာကျရင်အဲဒီအစစ်အမှန်မဟုတ်တာတွေက ပြဿနာဖြစ်လာစေပါတယ်။ သင့်ရဲ့ချစ်သူနဲ့သင့်အကြောင်းတွေကို များများမျှဝေပေးပါ။ ဒီလိုမျှဝေပေးလေစိတ်အေးလက်အေးပိုခံစားရလေပါပဲ. ဒီအချက်ကပဲ မင်းတို့ရဲ့နှောင်ကြိုးကို ပိုမိုခိုင်မြဲအောင်ကူညီပေးပြီး ချောမွေ့တဲ့ဆက်ဆံရေးကိုဖြစ်ပေါ်စေပါလိမ့်မယ်။

မင်းရဲ့ဆက်ဆံရေးကို လေးစားပါ

ဒုတိယအချက်ကတော့ အချင်းချင်း လေးစားဖို့ပါ။ဆ ဒီအချက်က မင်းတို့နှစ်ယောက်ကိုသက်ဆုံးတိုင် ပျော်ရွှင်သွားစေမယ့် အချက်ဖြစ်ပါတယ်။ Relationship တခုမှာ လေးစားမှုကအရေးပါပါတယ်။ တဦးကိုတဦးလေးစားမှ ရေရှည်တည်တံ့နိုင်မယ့်ဆက်ဆံရေးတခုဖြစ်ပါလိမ့်မယ်။ တခါတလေမှာ သင်လက်တွဲဖော်၊ချစ်သူရဲ့ ထင်မြင်ချက်နဲ့ဆုံးဖြတ်ချက်များကိုလေးစားဖို့ အရေးကြီးပါတယ်။ ရိုင်းစိုင်းတဲ့ ဘာသာစကားကိုရှောင်ပြီးသင့်ချစ်သူရဲ့ မိသားစုနဲ့ သူငယ်ချင်းများကိုလည်း လေးစားမှုထားပါ။

အတူအချိန်ဖြုန်းပါ

မင်းရဲ့ဆက်ဆံရေးကို ဆက်ထိန်းထားဖို့ အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းတွေထဲက၂၄/၇ အတူနေဖို့ မဆိုလိုပေမဲ့ စိတ်ဓာတ်ကျတဲ့အခါတိုင်းအပြင်ထွက်ပြီး တန်ဖိုးရှိတဲ့အချိန်တွေကို အတူဖြတ်သန်းလိုက်ပါ။

မင်းဘက်ကနေ တောင်းပန်စကားပြောပါ

အချစ်ရေးမှာ သင်ဟာ ရန်ပွဲလေးတွေ ကြုံရတယ်ဆိုတာ သိသာထင်ရှားပေမယ့် ဒီရန်ပွဲတွေကမင်းရဲ့လမ်းခွဲမှုအတွက် အကြောင်းပြချက်တစ်ခုဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာပါစေ။သင့်အနားက တောင်းပန်စကားဆိုခြင်းက သင့်ကို ပျော့ညံ့စေမှာ မဟုတ်ပါဘူး။ တ ကယ်တော့ဒါဟာ မင်းရဲ့ဆက်ဆံရေးကို ပိုခိုင်မြဲစေပါလိမ့်မယ်။ တောင်းပန်စကားက ကျိုးပဲ့နေတဲ့နှောင်ကြိုးကိုပြန်လည်ပြုပြင်ပေးနိုင်ပြီး သင့်ဘဝမှာ ပျော်ရွှင်မှုနဲ့ ခံစားချက်အစစ်အမှန်များယူဆောင်လာဖို့အတွက် စွမ်းအားရှိတဲ့ စကားလုံးဖြစ်ပါတယ်။

သင့်ချစ်သူကိုအမြဲဦးစားပေးပါ

တကယ်လို့ သင်က တစုံတဦးကို အမှန်တကယ်ချစ်တယ်ဆိုရင်သူကအမြဲတမ်းပထမဦးစားပေးဖြစ်သင့်ပါတယ်။ ဆိုလိုတာ အစီအစဉ်တခုလုပ်မယ်ဆိုရင်သင့်ချစ်သူကိုမေးမြန်းပြီးမှ သင့်တော်တဲ့ဆုံးဖြတ်ချက်တခုကိုချသင့်ပါတယ်။သူတို့လိုချင်တာကိုနားလည်အောင်ကြိုးစားပြီး အကောင်းဆုံးဘယ်လိုပံ့ပိုးမလဲဆိုတာစဉ်းစားပါ။ ဒါက သင့်ဆက်ဆံရေးကို ကျန်းမာစေတဲ့နည်းလမ်းတခုဖြစ်ပါတယ်။

အထူးနေ့များကို သတိရပါ

အထူးသဖြင့် သူမရဲ့ မွေးနေ့၊ ချစ်သူများနေ့၊ ချစ်သူဖြစ်တဲ့နေ့ အစရှိတဲ့ နေ့ရက်တွေကိုမေ့သွားခဲ့ရင် သင် ဒုက္ခရောက်သွားမှာ သေချာပါတယ်။ မိန်းကလေးများက Surprise ကိုနှစ်သက်ကြပြီး အထူးနေ့များမှာ ဒီလိုလေးတွေလုပ်ပေးတာကလည်းသူတို့ကိုပျော်ရွှင်စေပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲဖို့ မကြိုးစားပါနဲ့

ယနေ့ခေတ် ဆက်ဆံရေးအများစုက အဆင်မပြေရတဲ့အကြောင်းအရင်းတွေထဲကအဓိကပြဿနာတခုကတော့ တယောက်ကိုတယောက်ပြောင်းလဲဖို့ ကြိုးစားတာပါ။တယောက်နဲ့တယောက်ချစ်ကြတယ်ဆိုရင် သူ့ပုံစံအတိုင်းလက်ခံပေးဖို့ လိုပါတယ်။အချစ်ရေးမှာ တယောက်ကိုတယောက်ပြောင်းလဲဖို့ ကြိုးစားတာက အလုပ်မဖြစ်ဘဲအခန့်မသန့်ရင် လမ်းခွဲဖို့ကိုတောင် ဦးတည်သွားနိုင်ပါတယ်။

MYit

zawgyi

အခ်စ္ဆိုတာ ဘဝမွာ ရွိဖူးသမွ်ထဲမွာ အလွပဆုံးအရာပါ။ ဘယ္အသိုင္းအဝန္း ဒါမွမဟုတ္ ဘယ္ဘာသာတရားမွ မခြဲျခားဘဲ ေပါက္ဖြားလာတတ္ပါတယ္။ ဒါေပမဲ့ အတူတကြ ေပ်ာ္႐ႊင္တဲ့ေပါင္းသင္းဆက္ဆံေရးတခုကို တည္ေဆာက္ဖို႔ဆိုတာ မလြယ္ပါဘူး။ သင့္အခ်စ္ေရးမွာအမွန္တကယ္ေပ်ာ္႐ႊင္ေစခ်င္ရင္ ဒီအခ်က္ေတြက သင့္အတြက္အေထာက္အကူျပဳပါလိမ့္မယ္။

ကိုယ့္ကိုယ္ကို အစစ္အမွန္ျဖစ္ပါေစ

အခ်စ္ေရးမွာ နံပါတ္တစ္အေရးအႀကီးဆုံးက စစ္မွန္ဖို႔ပါပဲ။ သင္က သင္ကိုယ္တိုင္ျဖစ္ေနဖို႔ပါပဲ။အစပိုင္းမွာ လူေတြက အေကာင္းေတြပဲ ေ႐ြးျပတတ္ပါတယ္။ကိုယ့္ရဲ႕ေကာင္းတဲ့ဘက္အျခမ္းေရာ ဆိုးတဲ့ဘက္အျခမ္းေရာ ျပတဲ့သူ အင္မတန္နည္းပါတယ္။အစပိုင္းမွာေတာ့ ဒါက ၾကည္ႏူးစရာ ေပ်ာ္႐ႊင္စရာေပမဲ့ တကယ္တမ္းေရရွည္မွာက်ရင္အဲဒီအစစ္အမွန္မဟုတ္တာေတြက ျပႆနာျဖစ္လာေစပါတယ္။ သင့္ရဲ႕ခ်စ္သူနဲ႔သင့္အေၾကာင္းေတြကို မ်ားမ်ားမွ်ေဝေပးပါ။ ဒီလိုမွ်ေဝေပးေလစိတ္ေအးလက္ေအးပိုခံစားရေလပါပဲ. ဒီအခ်က္ကပဲ မင္းတို႔ရဲ႕ေႏွာင္ႀကိဳးကို ပိုမိုခိုင္ၿမဲေအာင္ကူညီေပးၿပီး ေခ်ာေမြ႕တဲ့ဆက္ဆံေရးကိုျဖစ္ေပၚေစပါလိမ့္မယ္။

မင္းရဲ႕ဆက္ဆံေရးကို ေလးစားပါ

ဒုတိယအခ်က္ကေတာ့ အခ်င္းခ်င္း ေလးစားဖို႔ပါ။ဆ ဒီအခ်က္က မင္းတို႔ႏွစ္ေယာက္ကိုသက္ဆုံးတိုင္ ေပ်ာ္႐ႊင္သြားေစမယ့္ အခ်က္ျဖစ္ပါတယ္။ Relationship တခုမွာ ေလးစားမႈကအေရးပါပါတယ္။ တဦးကိုတဦးေလးစားမွ ေရရွည္တည္တံ့ႏိုင္မယ့္ဆက္ဆံေရးတခုျဖစ္ပါလိမ့္မယ္။ တခါတေလမွာ သင္လက္တြဲေဖာ္၊ခ်စ္သူရဲ႕ ထင္ျမင္ခ်က္နဲ႔ဆုံးျဖတ္ခ်က္မ်ားကိုေလးစားဖို႔ အေရးႀကီးပါတယ္။ ႐ိုင္းစိုင္းတဲ့ ဘာသာစကားကိုေရွာင္ၿပီးသင့္ခ်စ္သူရဲ႕ မိသားစုနဲ႔ သူငယ္ခ်င္းမ်ားကိုလည္း ေလးစားမႈထားပါ။

အတူအခ်ိန္ျဖဳန္းပါ

မင္းရဲ႕ဆက္ဆံေရးကို ဆက္ထိန္းထားဖို႔ အေကာင္းဆုံးနဲ႔အထိေရာက္ဆုံးနည္းလမ္းေတြထဲက၂၄/၇ အတူေနဖို႔ မဆိုလိုေပမဲ့ စိတ္ဓာတ္က်တဲ့အခါတိုင္းအျပင္ထြက္ၿပီး တန္ဖိုးရွိတဲ့အခ်ိန္ေတြကို အတူျဖတ္သန္းလိုက္ပါ။

မင္းဘက္ကေန ေတာင္းပန္စကားေျပာပါ

အခ်စ္ေရးမွာ သင္ဟာ ရန္ပြဲေလးေတြ ႀကဳံရတယ္ဆိုတာ သိသာထင္ရွားေပမယ့္ ဒီရန္ပြဲေတြကမင္းရဲ႕လမ္းခြဲမႈအတြက္ အေၾကာင္းျပခ်က္တစ္ခုျဖစ္လာမွာ မဟုတ္ဘူးဆိုတာ ေသခ်ာပါေစ။သင့္အနားက ေတာင္းပန္စကားဆိုျခင္းက သင့္ကို ေပ်ာ့ညံ့ေစမွာ မဟုတ္ပါဘူး။ တ ကယ္ေတာ့ဒါဟာ မင္းရဲ႕ဆက္ဆံေရးကို ပိုခိုင္ၿမဲေစပါလိမ့္မယ္။ ေတာင္းပန္စကားက က်ိဳးပဲ့ေနတဲ့ေႏွာင္ႀကိဳးကိုျပန္လည္ျပဳျပင္ေပးႏိုင္ၿပီး သင့္ဘဝမွာ ေပ်ာ္႐ႊင္မႈနဲ႔ ခံစားခ်က္အစစ္အမွန္မ်ားယူေဆာင္လာဖို႔အတြက္ စြမ္းအားရွိတဲ့ စကားလုံးျဖစ္ပါတယ္။

သင့္ခ်စ္သူကိုအၿမဲဦးစားေပးပါ

တကယ္လို႔ သင္က တစုံတဦးကို အမွန္တကယ္ခ်စ္တယ္ဆိုရင္သူကအၿမဲတမ္းပထမဦးစားေပးျဖစ္သင့္ပါတယ္။ ဆိုလိုတာ အစီအစဥ္တခုလုပ္မယ္ဆိုရင္သင့္ခ်စ္သူကိုေမးျမန္းၿပီးမွ သင့္ေတာ္တဲ့ဆုံးျဖတ္ခ်က္တခုကိုခ်သင့္ပါတယ္။သူတို႔လိုခ်င္တာကိုနားလည္ေအာင္ႀကိဳးစားၿပီး အေကာင္းဆုံးဘယ္လိုပံ့ပိုးမလဲဆိုတာစဥ္းစားပါ။ ဒါက သင့္ဆက္ဆံေရးကို က်န္းမာေစတဲ့နည္းလမ္းတခုျဖစ္ပါတယ္။

အထူးေန႔မ်ားကို သတိရပါ

အထူးသျဖင့္ သူမရဲ႕ ေမြးေန႔၊ ခ်စ္သူမ်ားေန႔၊ ခ်စ္သူျဖစ္တဲ့ေန႔ အစရွိတဲ့ ေန႔ရက္ေတြကိုေမ့သြားခဲ့ရင္ သင္ ဒုကၡေရာက္သြားမွာ ေသခ်ာပါတယ္။ မိန္းကေလးမ်ားက Surprise ကိုႏွစ္သက္ၾကၿပီး အထူးေန႔မ်ားမွာ ဒီလိုေလးေတြလုပ္ေပးတာကလည္းသူတို႔ကိုေပ်ာ္႐ႊင္ေစပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာင္းလဲဖို႔ မႀကိဳးစားပါနဲ႔

ယေန႔ေခတ္ ဆက္ဆံေရးအမ်ားစုက အဆင္မေျပရတဲ့အေၾကာင္းအရင္းေတြထဲကအဓိကျပႆနာတခုကေတာ့ တေယာက္ကိုတေယာက္ေျပာင္းလဲဖို႔ ႀကိဳးစားတာပါ။တေယာက္နဲ႔တေယာက္ခ်စ္ၾကတယ္ဆိုရင္ သူ႔ပုံစံအတိုင္းလက္ခံေပးဖို႔ လိုပါတယ္။အခ်စ္ေရးမွာ တေယာက္ကိုတေယာက္ေျပာင္းလဲဖို႔ ႀကိဳးစားတာက အလုပ္မျဖစ္ဘဲအခန႔္မသန႔္ရင္ လမ္းခြဲဖို႔ကိုေတာင္ ဦးတည္သြားႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*