စကြာဝဠာကြီးက သင့်ဆန္ဒကို ဖြည့်ဆည်းပေးတော့မယ့် နမိတ် (၄) ခု
မင်းရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ ဆန္ဒရှိလား။ မင်းရဲ့အနက်ရှိုင်းဆုံးဆန္ဒတွေကိုစကြဝဠာကြီးကဖြည့်ဆည်းပေးတော့မယ်လို့ တွေးဖူးပါသလား။ ဒီအချက်တွေကတော့သင့်ရဲ့ဆန္ဒတွေအမှန်တကယ်ပြည့်လာတော့မယ့် နမိတ်တွေပဲဖြစ်ပါတယ်။
တူညီတဲ့ဂဏန်းတွေကိုမြင်ရတာ
မကြာခဏ 11:11လိုမျို့ ကိန်းဂဏန်းတွေကို ထပ်ခါတလဲလဲမြင်နေရတာ၊ ချိန်ကိုက်ထားသလိုနေရာတိုင်းမှာဖြစ်နေတာတွေက သင်က လမ်းကြောင်းမှန်ပေါ်ကိုရောက်နေပြီဆိုတဲ့ သဘောပါပဲ။စကြာဝဠာကြီးကနေ အားကောင်းတဲ့အချက်ပြမှုတွေပါပဲ။ သင့်ရဲ့အလိုဆန္ဒတွေကိုစကြာဝဠာကြီးက မကြာခင်ဖြည့်ဆည်းပေးတော့မယ့် သဘောလည်းဖြစ်ပါတယ်။
အပြုသဘောဆောင်တဲ့ စွမ်းအင်
အပြုသဘောဆောင်တဲ့စွမ်းအင်နဲ့ အရှိန်အဟုန်ကို ခံစားမိပါသလား။ ဆန္ဒတွေပြည့်စုံလာတဲ့အခါမင်းရဲ့စွမ်းအင်တွေက သိသိသာသာပြောင်းလဲသွားတာကို သတိထားမိပါလိမ့်မယ်။အပြုသဘောဆောင်တဲ့ အတွေးတွေ စီးဆင်းနေပြီးမကြာခင်ကိုယ့်ဆန္ဒတွေပြီးမြောက်လာတော့မယ်ဆိုတာကို ပြသနေတဲ့ နိမိတ်တခုပဲဖြစ်ပါတယ်။ဒါကြောင့် အကောင်းမြင်စိတ်နဲ့ များများတွေးပါ။
အိပ်မက်များနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်း
တချို့အချိန်တွေမှာ အိပ်မက်တွေနဲ့ အလိုလိုသိစိတ်တွေကလည်း အလုပ်ဖြစ်ပါတယ်။စကြာဝဠာကြီးကနေ ကိုယ့်အတွက် ပို့ပေးလိုက်တဲ့ မက်ဆေ့ချ်တွေပဲဖြစ်ပါတယ်။ စကြာဝဠာရဲ့တီးတိုးစကားသံကိုယုံကြည်ပါ။
အတားအဆီးများက အခွင့်အလမ်းများအဖြစ်သို့ ပြောင်းလဲသွားတာ
ဒီလိုအခါမျိုးမှာ ထူးဆန်းတယ်လို့ သင်တွေးကောင်းတွေးပါလိမ့်မယ်။ ဒါတွေကကောင်းဖို့အတွက်ဖြစ်လာတာပါလို့ သင်လက်ခံရပါတော့မယ်။ တခါတလေမှာ ကိုယ့်အတွက်အတားအဆီးလို့ထင်တဲ့အရာက အခွင့်အလမ်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အခက်အခဲတွေ
အတားအဆီးတွေတွေ့တဲ့အခါစိတ်ဓာတ်မကျပါနဲ့။ ဒါက စကြာဝဠာကြီးက ပို့ပေးတဲ့သတင်းစကားတခုပါပဲ။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*