အေးစက်တဲ့ နှလုံးသားပိုင်ဆိုင်ထားတဲ့ ရာသီခွင် (၄)ခု

ရေခဲလို အေးစက်တဲ့ နှလုံးသားများ ပိုင်ဆိုင်ထားပုံရတဲ့ သူတွေကို သင်သိပါသလား။အေးစက်တဲ့အမူအရာနဲ့ လူတယောက်ကို သင်ကြုံ တွေ့ဖူးပါသလား။ ဒီရာသီခွင်တွေကတော့အေးစက်တဲ့ နှလုံးသားကြောင့် ကျော်ကြားတဲ့ ရာသီခွင်လေးခုပဲဖြစ်ပါတယ်။

Capricorn
မကာရရာသီဖွားတွေက သူတို့ရဲပန်းတိုင်တွေအပေါ် မယိမ်းယိုင်တဲ့ အာရုံစူးစိုက်မှုတွေကြောင့်လူသိများပါတယ်။ သူတို့က စိတ်ခံစားမှုထက် ရည်မှန်းချက်ကိုဦးစားပေးလေ့ရှိပါတယ်။ သူတို့ရဲ့အေးစက်တဲ့ မျက်နှာအောက်မှာ သူတို့ချစ်ခင်မြတ်နိုးရသူများကိုလေးလေးနက်နက်ဂရုပြုတတ်တဲ့ သဘောသဘာဝရှိကြပါတယ်။

Aquarius
Aquarians များက ဘဝနဲ့ပတ်သက်ပြီးသမားရိုးကျမဟုတ်တဲ့ ရှုမြင်ပုံများကြောင့် တခါတရံအများနဲ့ကင်းကွာစေပြီး သူတို့ကိုအထီးကျန်စေပါတယ်။ သူတို့က လွတ်လပ်မှုကိုပြင်းထန်စွာတန်ဖိုးထားကြပြီး စိတ်ခံစားချက်များကို ပွင့်ပွင့်လင်းလင်းဖော်ပြဖို့အတွက် ခက်ခဲကြပါတယ်။ဒါကြောင့်ပဲ သူတို့က နှလုံးသားတွေအေးစက်တဲ့ ရာသီခွင်အဖြစ်ရှုမြင်ကြတာပါ။ ဒါပေမဲ့သူတို့ရဲ့ယုံကြည်မှုကိုသင်ရရှိခဲ့ရင်တော့ သူတွေက သစ္စာကိုအထူးခိုင်မြဲကြသူတွေဖြစ်ပါတယ်။

Scorpio
Scorpios က သူတို့ရဲ့ပြင်းထန်တဲ့ စိတ်ခံစားမှုများနဲ့ သံလိုက်ဓာတ်ရှိတာကြောင့်လူသိများပါတယ်။ အာဏာနဲ့ကြီးစိုးလိုစိတ်တို့ရဲ့ မွေးရာပါဆန္ဒက ခြိမ်းခြောက်ခံရတာ၊ဒါမှမဟုတ် သစ္စာဖောက်ခံရတာတို့ ခံစားရတဲ့အခါမှာနှလုံးသားတွေအေးစက်သွားတတ်ပါတယ်။ သူတို့တွေက အပြင်ပန်းကြမ်းတမ်းတယ်လို့ထင်ရပေမဲ့ ချစ်ရသူတွေကိုတော့ အပြင်းအထန်ကာကွယ်ပေးတတ်ပါတယ်။

Virgo
Virgos တွေက သူတို့ဘဝမှာ ဘက်စုံက ထူးချွန်ဖို့အတွက် ကြိုးစားကြသူတွေဖြစ်ပြီးပြီးပြည့်စုံသူများလည်းဖြစ်ကြပါတယ်။ သူတို့က ဝေ ဖန်ပိုင်းခြားနိုင်သူတွေဖြစ်ပြီးစိတ်ခံစားမှုထက် ဆင်ခြင်တုံတရားကို ဦးစားပေးတာကြောင့် နှလုံးသားတွေမာကြောအေးစက်ကြပါတယ်။

MYit

zawgyi


Capricorn

Aquarius

Scorpio

Virgo

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*