ဒါရိုက်တာရင်ပါဝင်တဲ့ Arthdal Chronicles 2 ထွက်ရှိတော့မယ်

မြန်မာပရိသတ်တွေကြား ဒါရိုက်တာရင်လို့လူသိများတဲ့ Jang Dong Gun က Arthdal Chronicles 2 ဇာတ်လမ်းတွဲမှာလည်းဆက်လက်ပါဝင်လာပြီး သူ့ရဲ့ Character ကတော့ပြောင်းလဲသွားတယ်လို့ဆိုပါတယ်။Season 2 မှာတော့ သူဟာ လူတွေကြောက်ရွံ့ပြီး အထီးကျန်ဆန်တဲ့ ဘုရင်တစ်ပါးအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Arthdal Chronicles 1 ဇာတ်လမ်းတွဲကိုလွန်ခဲ့တဲ့ ၄ နှစ်ကထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး Lee Joon Gi နဲ့Shin Se Kyung တို့လိုနာမည်ကြီးသရုပ်ဆောင်တွေလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ Season 2 မှာလည်းသူတို့ဟာခေါင်းဆောင်နေရာကနေပဲဆက်လက်ပါဝင်လာဦးမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇာတ်လမ်းတွဲမှာတော့ တာဂွန်လို့ခေါ်တဲ့စစ်သူကြီးဟာ တိုက်ပွဲတွေတစ်ခုပြီးတစ်ခုဆင်နွှဲလာခဲ့ပြီးပြည်သူတွေချစ်တဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ Season 2 မှာတော့ လူတွေချစ်တဲ့မင်းတစ်ပါးကနေဘယ်လိုပြောင်းလဲမှုတွေနဲ့ စိတ်ဝင်စားဖွယ်ဆွဲခေါ်သွားဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရမှာပါ။Arthdal Chronicles 2 ကို စက်တင်ဘာလ ၉ ရက်နေ့မှာစတင်ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

Ju Ju

zawgyi

Be the first to comment

Leave a Reply

Your email address will not be published.

*