အကောင်းဆုံးအကြံဉာဏ်ပေးတတ်တဲ့ ရာသီခွင် (၄)ခု

ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုကြုံရတဲ့အခါကိုယ့်ကိုအကောင်းဆုံးအကြံဉာဏ်တွေပေးတတ်တဲ့သူတွေကို တွေ့ရပါသလား။ သူတို့တွေက
ဒီရာသီခွင်လေးခုထဲက တခုဖြစ်နိုင်ပါတယ်။ ဒီရာသီခွင်တွေက အလုပ်ကိစ္စကနေအချစ်ရေးကိစ္စအထိ တိုင်ပင်လို့ရတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဆီကနေအကောင်းဆုံးအကြံဉာဏ်တွေလည်း ရရှိကြပါတယ်။

Virgo
Virgos တွေက စေ့စပ်သေချာမှုနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်မှုကြေင့် လူသိများပါတယ်။ သူတို့ကအစစအရာရာကို အာရုံစိုက်ပြီး စေ့စေ့စပ်စပ်တွေးတောကြပါတယ်။ သူတို့ဆီကအကြံဉာဏ်ယူတဲ့အခါ လက်တွေ့ကျပြီး ကောင်းမွန်စွာ တွေးခေါ်နိုင်တဲ့အကြံပြုချက်များသင်ရရှိနိုင်ပါတယ်။ သူတို့က သင်ကြားချင်တဲ့အရာကိုပြောပြရုံမက၊ သင့်ကိုလက်တွေ့ကျပြီးလုပ်ဆောင်နိုင်တဲ့အကြံဉာဏ်တွေကိုလည်း ပေးနိုင်ပါတယ်။

Libra
သံတမန်ရေးရာအတိုင်ပင်ခံတွေဖြစ်ကြတဲ့ ဒီရာသီခွင်တွေက သူငယ်ချင်းမိတ်ဆွေတွေကိုအကြံကောင်းတွေပေးတတ်တယ်ဆိုတာ အထူးပြောနေစရာမလိုတော့ပါဘူး။ သူတို့တွေကကိုယ်ချင်းစာတတ်ပြီး မင်းရဲ့ခံစားချက်ကိုလည်း နားလည်ပေးနိုင်ပါတယ်။သင့်ကိုကောင်းကျိုးနဲ့ ဆိုးကျိုးများကိုချိန်ဆပြီး ဟန်ချက်ညီစေမယ့်လမ်းကြောင်းကိုရှာဖွေဖို့အကူအညီပေးနိုင်ပါတယ်။

Capricorn
Capricorn များကသူတို့ရဲ့ဉာဏ်ပညာနဲ့ ရင့်ကျက်မှုအတွက်လူသိများပါတယ်။ သူတို့ကဘဝအတွေ့အကြုံကြွယ်ဝပြီး တခြားသူတွေကိုအကြံဉာဏ်ကောင်းတွေပေးနိုင်ပါတယ်။အသက်မွေးဝမ်းကြောင်းနဲ့ ရေရှည်ရည်မှန်းချက်များမှာအထူးကောင်းမွန်တဲ့ အကြံဉာဏ်တွေကို
ပေးနိုင်ကြပါတယ်။ သူတို့က စည်းကမ်းမြင့်မားပြီးတာဝန်သိစိတ်လည်းရှိကြပါတယ်။သူတို့ရဲ့အကြံဉာဏ်ကိုသင်တောင်းတဲ့အခါမှာ သူတို့ဆီကနေလက်တွေ့ကျကျနဲ့သေချာစဉ်းစားထားတဲ့ လမ်းညွှန်မှုကို ရရှိနိုင်ပါတယ်။

Aquarius
တီထွင်ဆန်းသစ်တဲ့ တွေးခေါ်ရှင်တွေလို့လူသိများတဲ့ သူတို့တွေကတော့ တခြားသူတွေကိုအကြံဉာဏ်ပေးရာမှာလည်း ကောင်းမွန်တဲံအကြံဉာဏ်တွေပေးနိုင်ပါတယ်။ သူတို့ဆီကနေအကြံဉာဏ်တောင်းတဲ့အခါမှာ ထူးခြားပြီး သမားရိုးကျမဟုတ်တဲ့ အမြင်များကိုသင်ရရှိနိုင်ပါတယ်။ သင်မစဉ်းစားမိတဲ့ ဖြစ်နိုင်ချေများကိုမြင်နိုင်ပြီး ကူညီပေးနိုင်ပါတယ်။သူတို့က အလွန်ပွင့်လင်းတဲ့သူများဖြစ်ပါတယ်။ သင့်စိတ်ကူးတွေကို ဘက်လိုက်မှုမရှိဘဲနားထောင်ပြီး ဖြစ်နိုင်ချေအသစ်ကိုရှာဖွေပြီး အပြောင်းအလဲကိုလက်ခံနိုင်ဖို့အကြံဉာဏ်တွေပေးနိုင်ပါတယ်။

MYit

zawgyi

ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္တခုႀကဳံရတဲ့အခါကိုယ့္ကိုအေကာင္းဆုံးအႀကံဉာဏ္ေတြေပးတတ္တဲ့သူေတြကို ေတြ႕ရပါသလား။ သူတို႔ေတြက
ဒီရာသီခြင္ေလးခုထဲက တခုျဖစ္ႏိုင္ပါတယ္။ ဒီရာသီခြင္ေတြက အလုပ္ကိစၥကေနအခ်စ္ေရးကိစၥအထိ တိုင္ပင္လို႔ရတဲ့သူေတြျဖစ္ပါတယ္။ သူတို႔ဆီကေနအေကာင္းဆုံးအႀကံဉာဏ္ေတြလည္း ရရွိၾကပါတယ္။

Virgo
Virgos ေတြက ေစ့စပ္ေသခ်ာမႈနဲ႔ ခြဲျခမ္းစိတ္ျဖာႏိုင္မႈေၾကင့္ လူသိမ်ားပါတယ္။ သူတို႔ကအစစအရာရာကို အာ႐ုံစိုက္ၿပီး ေစ့ေစ့စပ္စပ္ေတြးေတာၾကပါတယ္။ သူတို႔ဆီကအႀကံဉာဏ္ယူတဲ့အခါ လက္ေတြ႕က်ၿပီး ေကာင္းမြန္စြာ ေတြးေခၚႏိုင္တဲ့အႀကံျပဳခ်က္မ်ားသင္ရရွိႏိုင္ပါတယ္။ သူတို႔က သင္ၾကားခ်င္တဲ့အရာကိုေျပာျပ႐ုံမက၊ သင့္ကိုလက္ေတြ႕က်ၿပီးလုပ္ေဆာင္ႏိုင္တဲ့အႀကံဉာဏ္ေတြကိုလည္း ေပးႏိုင္ပါတယ္။

Libra
သံတမန္ေရးရာအတိုင္ပင္ခံေတြျဖစ္ၾကတဲ့ ဒီရာသီခြင္ေတြက သူငယ္ခ်င္းမိတ္ေဆြေတြကိုအႀကံေကာင္းေတြေပးတတ္တယ္ဆိုတာ အထူးေျပာေနစရာမလိုေတာ့ပါဘူး။ သူတို႔ေတြကကိုယ္ခ်င္းစာတတ္ၿပီး မင္းရဲ႕ခံစားခ်က္ကိုလည္း နားလည္ေပးႏိုင္ပါတယ္။သင့္ကိုေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးမ်ားကိုခ်ိန္ဆၿပီး ဟန္ခ်က္ညီေစမယ့္လမ္းေၾကာင္းကိုရွာေဖြဖို႔အကူအညီေပးႏိုင္ပါတယ္။

Capricorn
Capricorn မ်ားကသူတို႔ရဲ႕ဉာဏ္ပညာနဲ႔ ရင့္က်က္မႈအတြက္လူသိမ်ားပါတယ္။ သူတို႔ကဘဝအေတြ႕အႀကဳံႂကြယ္ဝၿပီး တျခားသူေတြကိုအႀကံဉာဏ္ေကာင္းေတြေပးႏိုင္ပါတယ္။အသက္ေမြးဝမ္းေၾကာင္းနဲ႔ ေရရွည္ရည္မွန္းခ်က္မ်ားမွာအထူးေကာင္းမြန္တဲ့ အႀကံဉာဏ္ေတြကို
ေပးႏိုင္ၾကပါတယ္။ သူတို႔က စည္းကမ္းျမင့္မားၿပီးတာဝန္သိစိတ္လည္းရွိၾကပါတယ္။သူတို႔ရဲ႕အႀကံဉာဏ္ကိုသင္ေတာင္းတဲ့အခါမွာ သူတို႔ဆီကေနလက္ေတြ႕က်က်နဲ႔ေသခ်ာစဥ္းစားထားတဲ့ လမ္းၫႊန္မႈကို ရရွိႏိုင္ပါတယ္။

Aquarius
တီထြင္ဆန္းသစ္တဲ့ ေတြးေခၚရွင္ေတြလို႔လူသိမ်ားတဲ့ သူတို႔ေတြကေတာ့ တျခားသူေတြကိုအႀကံဉာဏ္ေပးရာမွာလည္း ေကာင္းမြန္တဲံအႀကံဉာဏ္ေတြေပးႏိုင္ပါတယ္။ သူတို႔ဆီကေနအႀကံဉာဏ္ေတာင္းတဲ့အခါမွာ ထူးျခားၿပီး သမား႐ိုးက်မဟုတ္တဲ့ အျမင္မ်ားကိုသင္ရရွိႏိုင္ပါတယ္။ သင္မစဥ္းစားမိတဲ့ ျဖစ္ႏိုင္ေခ်မ်ားကိုျမင္ႏိုင္ၿပီး ကူညီေပးႏိုင္ပါတယ္။သူတို႔က အလြန္ပြင့္လင္းတဲ့သူမ်ားျဖစ္ပါတယ္။ သင့္စိတ္ကူးေတြကို ဘက္လိုက္မႈမရွိဘဲနားေထာင္ၿပီး ျဖစ္ႏိုင္ေခ်အသစ္ကိုရွာေဖြၿပီး အေျပာင္းအလဲကိုလက္ခံႏိုင္ဖို႔အႀကံဉာဏ္ေတြေပးႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*