အကောင်းမြင်နိုင်ဆုံး ထိပ်တန်းရာသီခွင် (၃)ခု

ဘယ်ရာသီခွင်နိမိတ်တွေက အကောင်းမြင်စိတ်အရှိဆုံးဆိုတာ သင်သိပါသလား။ သူတို့မှာတက်ကြွတဲ့ စွမ်းအင်နဲ့ စိတ်နေသဘောထားကြောင့် အကောင်းမြင်နိုင်ဆုံး ရာသီခွင်တွေအဖြစ်ထိပ်ဆုံးက‌နေ ရပ်တည်နေကြပါတယ်။

Sagittarius
Sagittarians များက သူတို့ရဲ့အကန့်အသတ်မရှိတဲ့စိတ်အားထက်သန်မှုနဲ့ စွန့်စားခန်းတွေကြောင့်ကျော်ကြားတာ အားလုံးသိပြိးသားပါ။ သူတို့က အကောင်းမြင်စိတ်ရှိကြပြီးစူးစမ်းရတာကိုနှစ်သက်ကြပါတယ်။ သူတို့က ခရီးစဉ်အသစ်၊ စွန့်စားခန်းအသစ်ကိုစဖို့အမြဲအဆင် သင့်ဖြစ်နေတတ်ပါတယ်။ သူတို့က မတူကွဲပြားတဲ့အလှကိုလက်ခံပြီး သဘာဝရဲ့ဖြစ်နိုင်ချေများကို လက်ခံယုံကြည်ဖို့ တခြားသူတွေကို လှုံ့ဆော်ပေးကြပါတယ်။

Leo
Leo တွေက သဘာဝအတိုင်းနွေးထွေးမှုနဲ့ တောက်ပမှုတို့ကိုပိုင်ဆိုင်ထားကြပြီး တခြားသူများကိုမီးဖိုထဲကို ပိုးဖလံက ဆွဲငင်သလို ဆွဲငင်နိုင်ကြပါတယ်။ သူတို့တွေက အကောင်းမြင်စိတ်ရှိကြပြီးစိတ်အားထက်သန်မှုတို့နဲ့ ချစ်ရသူကို ပံ့ပိုးကူညီဖို့၊ မြှင့်တင်ဖို့ အမြဲအဆင်သင့်ရှိနေကြပါတယ်။သူတို့က သစ္စာရှိတဲ့ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြပြီး ချစ်ရသူများအတွက်အမြဲတမ်းအကောင်းမြင်စိတ်နဲ့ အဆင်သင့်ရှိနေကြပါတယ်။

Libra
Libras များက ငြိမ်းချမ်းရေးကိုဖန်တီးသူများဖြစ်တာကြောင့် အကောင်းမြင်စိတ်ရှိကြပါတယ်။ချစ်ခြင်းမေတ္တာနဲ့ အလှတရားကိုဟန်ချက်ညီအောင်ကြိုးပမ်းကြပြီးသာယာကြည်နူးမှုများဆီကို ဆွဲဆောင်ထားကြပါတယ်။ သူတို့တွေကသံတမန်သဘောသဘာဝနဲ့ ဆွဲဆောင်မှုရှိတဲ့ အမူအရာတို့က လူမှုအခြေအနေများမှာလွယ်ကူစေပါတယ်။ သူတို့က အကောင်းဆုံးညှိနှိုင်းရေးသမားများဖြစ်ကြပြီးအကောင်းမြင်စိတ်နဲ့ လုပ်ဆောင်ကြပါတယ်။

MYit

zawgyi


Sagittarius

Leo

Libra

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*