ပြီးပြည့်စုံတဲ့ အမျိုးသား ရာသီခွင် (၄)ခု

အိပ်မက်ထဲက လူတယောက်ကိုရှာဖွေဖို့ ကြိုးစားနေသလား။မင်းရဲ့နှလုံးသားတွေကိုတုန်လှုပ်စေပြီး မင်းရဲ့စိတ်ဝိညာဉ်ကိုနိုးထစေမယ့်သူတယောက်ဆိုရင်တော့ အခုရာသီခွင်တွေပဲဖြစ်ပါတယ်။ သူတို့တွေကဘယ်သူမဆိုလိုချင်တဲ့ ချစ်သူပုံစံဖြစ်ပါတယ်။

Aries
Aries အမျိုးသားများက စွန့်စားတတ်တာ၊ အကန့်အသတ်မရှိတဲ့စွမ်းအင်တွေကြောင့်လူသိများပါတယ်။ သူတို့က စိတ်လှုပ်ရှားတက်ကြွပြီး စိန်ခေါ်မှုတခုအတွက် အမြဲတမ်းတက်ကြွနေတတ်ပါတယ်။ ယုံကြည်မှုရှိပြီး ရင်ခုန်စရာကောင်းတဲ့ စွန့်စားခန်းတွေနဲ့အတူလိုက်ပါနိုင်မယ့် လက်တွဲဖော်ကိုရှာနေတယ်ဆိုရင် Aries အမျိုးသားတွေက သင့်အတွက် ပြီးပြည့်စုံတဲ့လိုက်ဖက်မှုပါပဲ။

Leo
Leo တွေက ရာသီခွင်တွေရဲ့ဘုရင်လို့ အများကသတ်မှတ်ထားကြပါတယ်။လီယိုအမျိုးသားတွေက ယုံကြည်မှု ဆွဲဆောင်မှုနဲ့ နွေးထွေးမှုတွေကိုဖော်ပြတတ်ကြပါတယ်။သူတို့တွေက အာရုံစိုက်ခံရတာကို နှစ်သက်ပြီး မွေးရာပါခေါင်းဆောင်များလည်းဖြစ်ကြပါတယ်။ရက်ရောတဲ့နှလုံးသားနဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေကြောင့်သစ္စာရှိတဲ့လက်တွဲဖော်ဖြစ်လာစေပါတယ်။ လီယိုအမျိုးသားတွေက သူတို့ချစ်တဲ့သူကို
ဘုရင်မလို ဆက်ဆံတတ်ကြပါတယ်။

Libra
ချစ်စရာကောင်းတဲ့ ရိုမန်းတစ်သမားတယောက်ကိုရှာဖွေနေတယ်ဆိုရင်တော့ Libraအမျိုးသားတွေရှိပါတယ်။ သူတို့တွေရဲ့ ဆွဲဆောင်မှု၊ စွဲမက်ဖွယ်အပြုံးတွေကဘယ်သူနှလုံးသားကိုမဆို အနိုင်ယူနိုင်ပါတယ်။ သူတို့က အချစ်ရဲ့စွမ်းအားကိုယုံကြည်ကြပြီးစစ်မှန်တဲ့အချစ်ရေးကို အလေးထား ကြပါတယ်။သူတို့က ပေါင်းသင်းဆက်ဆံရေးမှာ သဟဇာတဖြစ်မှုကိုအလေးထားကြပါတယ်။ ဒါကြောင့်စာနာထောက် ထားပြီး ကြင်နာတတ်တဲ့ ချစ်သူကိုရှာနေတာဆိုရင်တော့ Libra အမျိုးသားတွေကသင့်အတွက် ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုပါပဲ။

Pisces
Pisces အမျိုးသားများကတော့ နက်ရှိုင်းတဲ့စိတ်ပိုင်းဆိုင်ရာ အာရုံခံနိုင်စွမ်းရှိပြီး Romance ဖြစ်ကြပါတယ်။ သူတို့က သနားကြင်တာတတ်သလို စာနာတတ်ကြပါတယ်။ နောက်ပြီးမယုံကြည်နိုင် လောက်အောင် အလိုက်သိတတ်ကြပါတယ်။ ကဗျာဆန်တဲ့ စိတ်ဝိညာဉ်နဲ့
နူးညံ့သိမ်မွေ့တဲ့ နှလုံးသားနဲ့ ချစ်တတ်တဲ့ ချစ်သူကိုရှာဖွေနေတာဆိုရင်တော့ Pisces အမျိုးသားတွေက သင့်အတွက်ပြီးပြည့်စုံတဲ့ လက်တွဲဖော်ပါပဲ။

MYit

zawgyi


Aries

Leo

Libra

Pisces

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*