ကမ္ဘာကျော်အမှတ်တံဆိပ် Louis Vuitton ရဲ့ သံတမန်အသစ်ဖြစ်လာတဲ့ လီဆာ

ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Louis Vuitton က BLACKPINK ရဲ့ မမလီဆာကိုအိမ်တော်သံတမန်အဖြစ် ကြေညာလိုက်ပါတယ်။
Louis Vuitton ရဲ့ House Ambassador အဖြစ် Lisa ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာခန့်အပ်လိုက်တာဖြစ်ပြီး အဆိုတော်က LV အမှတ်တံဆိပ်အဝတ်အစား၊ အသုံးအဆောင်များကိုဝတ်ဆင်ထားတဲ့ ဓာတ်ပုံတချို့နဲ့အတူ ကြေညာခဲ့ပါတယ်။ Lisa ကို House Ambassador တစ်ယောက်အနေနဲ့ ကြိုဆိုရတာ အရမ်းစိတ်လှုပ်ရှားမိပါတယ်။သူ့မှာ ရဲရင့်တဲ့ စိတ်ဓာတ်နဲ့ ဆွဲဆောင်မှုရှိတဲ့အရည်အချင်းတွေရှိပါတယ်။ သူမဟာဖက်ရှင်ကျကျနဲ့ ရဲရင့်ပြီး ဂီတကိုဖန်တီးနိုင်သူဖြစ်ပါတယ်။ သူမနဲ့အတူ တွဲဖက်လုပ်ကိုင်ခွင့်ရတာဝမ်းသာပါတယ်” လို့ LV ရဲ့ဖက်ရှင်ကျကျနဲ့ ရဲရင့်ပြီး ဂီတကို ဖန်တီးနိုင်သူဖြစ်ပြီး သူမနဲ့အတူ လိုက်ပါခွင့်ရတာဝမ်းသာပါတယ်။ ဒီခရီးမှာ” လို့ Louis Vuitton ရဲ့ Women’s Collections ကအနုပညာဒါရိုက်တာ Ghesquière က ပြောပါတယ်။

K-pop ကြယ်ပွင့်က သူမရဲ့တေးသီချင်းအသစ် “Rockstar” က ဇယားထိပ်ကို လျင်မြန်စွာတက်လာခဲ့ပါတယ်။ ဒီသီချင်းကို ထုတ်လွှင့်ပြီးနောက် သံတမန်အဖြစ် ခန့်အပ်ခံရတယ်လို့သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Lisa က “ကျမ အရမ်းလေးစားရတဲ့ အမှတ်တံဆိပ်တစ်ခုနဲ့ တွဲလုပ်ရတာအရမ်းဂုဏ်ယူမိပါတယ်၊ ဒါကြောင့် Louis Vuitton နဲ့ ပိုကြီးကျယ်တဲ့ အခိုက်အတန့်တွေကိုဖန်တီးနိုင်ဖို့ မျှော်လင့်နေပါတယ်” လို့ပြောဆိုထားပါတယ်။အခုအချိန်မှာ လီဆာရဲ့အခန်းကဏ္ဍအသစ်က ဘယ်လိုရှိမယ်ဆိုတာ အတိအကျမသိရသေးပေမဲ့
အနာဂတ် LV ရှိုးပွဲများတက်ရောက်ပြီး ကမ်းပိန်းများမှာ ပါဝင်လာဖွယ်ရှိပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*