ကလေးဆန်တဲ့ ရာသီခွင် (၃)ခု

နက္ခတ်ဗေဒင်ပညာက ပင်ကိုယ်စရိုက်လက္ခဏာများကို ဘယ်လိုလွှမ်းမိုးမှုရှိသလဲဆိုတာသင်သိချင်ပါသလား။ မရင့်ကျက်မှုကြောင့် လူသိများတဲ့ ရာသီခွင် ၃ခုအကြောင်းကိုဖော်ပြချင်ပါတယ်။ ဒီရာသီဖွားတွေကတော့ ကလေးဆန်တယ်၊မရင့်ကျက်ဘူးလို့ နက္ခတ်ဗေဒင်အရ သတ်မှတ်ထားကြပါတယ်။

Aries
စိတ်အားထက်သန်တဲ့ ဒီရာသီခွင်တွေက အရာရာကို တဇွတ်ထိုးနဲ့ တခါတလေမှာကလေးဆန်ကြပါတယ်။ ကလေးဆန်တယ်လို့ပြောလိုက်ရင် Aries တွေက ထိပ်ဆုံးမှာရှိနေပါတယ်။ သူတို့က စိတ်လှုပ်ရှားစွာနဲ့ ရှင်သန်ကြပြီး အကျိုးဆက်ကို မစဉ်းစားဘဲအသစ်အသစ်စွန့်စားခန့်တွေကို အမြဲတမ်းလုပ်ချင်ကြပါတယ်။ ဒါကြောင့် သူတို့ကိုကလေးဆန်တယ်လို့ဆိုကြတာပါ။ တခုခုဆိုရင် အကျိုးဆက်ကို မတွေးဘဲလုပ်ချလိုက်တဲ့သူတွေဖြစ်ပါတယ်။ သူတို့တွေက သကြားလုံးကိုလိုချင်တဲ့ ကလေးနဲ့တူပါတယ်။သူတို့က တခုခုကိုလိုချင်ပြီ၊ ရချင်ပြီဆိုရင် မရရအောင်ကြိုးပမ်းကြပါတယ်။

Gemini
အပျော်အပါးနဲ့ပတ်သက်ရင် Gemini တွေကထိပ်ဆုံးမှာရှိနေပါတယ်။ ပြီးတော့ သူတို့ကကလေးလည်းဆန်ကြပါတယ်။ သူတို့တွေက လူမှုရေးကောင်းပြီး သူတို့ရဲ့ဉာဏ်ပညာကြောင့်လူသိများပါတယ်။ ဒါပေမဲ့ တခါတရံမှာ သူတို့ရဲ့တာဝန်တွေကိုရှောင်လွှဲတတ်ကြပြီးထိပ် တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားလိုတဲ့အခါမှာ သူတို့ရဲ့မရင့်ကျက်မှုကို တွေ့နိုင်ပါတယ်။သူတို့က အမြဲတမ်း အတွေ့အကြုံအသစ်များရှာ ဖွေနေကြပါတယ်။

Sagittarius
စွန့်စားသွားလာသူလို့ အများကသတ်မှတ်ထားကြတဲ့ Sagi တွေကလည်းကလေးဆန်ကြပါတယ်။ သူတို့က ကြီးမားတဲ့စိတ်လှုပ်ရှားမှုကိုအမြဲလိုက်ရှာနေလေ့ရှိပြီးသူတို့ဖြစ်ချင်တာ လုပ်ချင်တာတွေကိုဆိုရင် သိပ်မတွေးဘဲ လုပ်လေ့ရှိပါတယ်။ ဒါကြောင့်ပဲတခါတရံမှာ မရင့် ကျက်တဲ့ပုံမျိုးဖြစ်စေပါတယ်။ သူတို့ရဲ့ အကန့်အသတ်မရှိစူးစမ်းလိုစိတ်ကကလေးများနဲ့တူပါတယ်။ သူတို့က ရင့်ကျက်မှုကိုဆုပ်ကိုင်ထားပြီး လက်တွေ့ကျကျသင်ယူမယ်ဆိုရင် ပြီးပြည့်စုံတဲ့ဘဝတခုကိုဦးဆောင်နိုင်မှာဖြစ်ပါတယ်။

MYit

zawgyi


Aries

Gemini

Sagittarius

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*