ထိုးထွင်းသိမြင်မှုအားကောင်းတဲ့ ရာသီခွင် (၄)ခု

ဒီရာသီခွင်တွေက တခြားသူတွေနဲ့မတူဘဲ အလိုလိုသိမြင်စိတ်၊ ထိုးထွင်သိမြင်မှုအားကောင်းတဲ့ရာသီခွင်တွေဖြစ်ပါတယ်။ တခုခုကို သူတို့စိတ်ထဲမှာ ထင်၊ မြင်နေရင် မှန်တတ်ပါတယ်။သူတို့တွေကို လိမ်ညာလှည့်စားလို့မရနိုင်ပါဘူး။ တခါတလေမှာကြိုတင်ဖြစ်လာမယ့်အရာတချို့ကိုလည်း သိမြင်နေ တတ်ကြပါတယ်။

Cancer
ဒီရာသီဖွားတွေက အလိုလိုသိစိတ်မြင့်မားကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ထိုးထွင်းသိမြင်မှုကြောင့် သူတို့ကိုလိမ်ညာလှည့်စားလို့မရနိုင်ပါဘူး။ သူတို့ရဲ့နက်နဲတဲ့စိတ်ခံစားမှုအာရုံခံနိုင်စွမ်းကြောင့် ကျော်ကြားပါတယ်။ သိမ်မွေ့တဲ့စွမ်းအင်များနဲ့စကားအနေနဲ့မဖော်ပြနိုင်တဲ့ ခံစားချက်များကို ဆုပ်ကိုင်နိုင်တာက သူတို့ရဲ့ သဘာဝကပေးတဲ့လက်ဆောင်တခုဖြစ်ပါတယ်။

Scorpio
လျှို့ဝှက်ဆန်းကြယ်မှုနဲ့ နက်နဲတဲ့အရာတွေကို မြင်နိုင်တဲ့ ဆဋ္ဌအာရုံကိုပိုင်ဆိုင်ထားကြပါတယ်။သူတို့ရဲ့ ပင်ကိုယ်ဉာဏ်နဲ့ မသိစိတ်က အဲဒီအရာတွေကို ထိုးထွင်းသိမြင်နိုင်ပါတယ်။လျှို့ဝှက်ထားတဲ့ အမှန်တရားတွေကို ဖော်ထုတ်ရာမှာ သူတို့ရဲ့ထိုးထွင်းသိမြင်မှုကနာမည်ကြီးပါတယ်။ တခြားသူတွေ လျစ်လျူရှုပြီး မမြင်နိုင်၊ မသိနိုင်တဲ့အရာတွေကိုဖော်ထုတ်ရာမှာ ကျွမ်းကျင်ကြပါတယ်။

Pisces
ဒီရာသီဖွားတွေက ဝိညာဉ်ရေးရာနယ်ပယ်များနဲ့ နက်ရှိုင်းစွာ ဆက်စပ်နေပါတယ်။သူတို့ရဲ့ပင်ကိုယ်သိစိတ်မှာ ကွက်ကွက်ကွင်းကွင်း အိပ် မက်မက်တာ၊ စိတ်ပိုင်းဆိုင်ရာအရသိရှိနေတာတွေကို ပင်ကိုယ်သဘာဝပိုင်ဆိုင်ထားကြပါတယ်။ သူတို့ကသဘာဝအလျှောက်မွေးဖွားလာတဲ့ Healer တွေလည်းဖြစ်ကြပါတယ်။

Sagittarius
အလိုလိုသိတဲ့ ဒဿနပညာရှင်များလို့ Sagi တွေကိုခေါ်ဆိုကြပါတယ်။ကြာသပတေးဂြိုလ်အုပ်စိုးတဲ့ ဒီရာသီခွင်တွေက ထိုးထွင်းသိမြင်မှုကိုအလိုလိုပိုင်ဆိုင်ထားကြပါတယ်။ သူတို့ရဲ့ အရာခပ်သိမ်းကို သိနိုင်တဲ့ ပင်ကိုယ်ဉာဏ်နဲ့အပြန်အလှန်ဆက်နွယ်မှုကနေ ဖြစ်ပေါ်လာတဲ့ ထိုးထွင်းသိမြင်နိုင်တဲ့ အာရုံကို ပေါင်းစပ်ပြီးတခုခုကိုမဖြစ်ခင်က ကြိုတင်ပြီးခန့်မှန်းနိုင်၊ သိမြင်နိုင်ကြပါတယ်။သူတို့ရဲ့အတွင်းစိတ်လမ်း ညွှန်မှုက သူတို့ရဲ့စွန့်စားရတဲ့ခရီးကြမ်းတွေ၊ ဖြတ်သန်းရတဲ့ဘဝခရီးတွေမှာ လမ်းပြပေးကြပါတယ်။

MYit

zawgyi


Cancer

Scorpio

Pisces

Sagittarius

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*