သူတို့အချစ်ရေးကို တရားဝင်ကြေညာလိုက်တဲ့ Dua Lipa နဲ့ Callum Turner

ပေါ့ပ်စတားအဆိုတော် ​​Dua Lipa နဲ့ ဗြိတိန်သရုပ်ဆောင် Callum Turner တို့နှစ်ဦးက သူတို့ရဲ့အချစ်ရေးကို ဆိုရှယ်မီဒီယာကနေ လူသိ ရှင်ကြား ထုတ်ဖော်ခဲ့ကြပါတယ်။ဗြိတိန်နိုင်ငံ Glastonbury ဂီတပွဲတော်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို အသက် ၂၈ နှစ်အရွယ်အင်္ဂလိပ်-အယ်လ်ဘေးနီးယန်း အဆိုတော်က ဇူလိုင် ၂ ရက်က အင်စတာဂရမ်မှာမျှဝေခဲ့ပါတယ်။ဓာတ်ပုံတွေက Lipa နဲ့ Turner နှစ်ယောက်တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။ Turner က စိတ်ကူးယဉ်ရုပ်ရှင်များဖြစ်တဲ့ Fantastic Beasts: The Crimes Of Grindelwald (၂၀၁၈) နဲ့ Fantastic Beasts: The Secrets Of Dumbledore (၂၀၂၂) တို့မှာ ဇာတ်ကောင် Newt Scamander ရဲ့ အစ်ကို Theseus အဖြစ် သရုပ် ဆောင်ခဲ့ပြီး လူသိများခဲ့ပါတယ်။

ဇန်နဝါရီလမှာ Los Angeles မှာ သူ့ရဲ့ စစ်ပွဲဒရာမာဇာတ်လမ်းတွဲ Masters Of The Air (2024) ပွဲဦးထွက်ပွဲအပြီးမှာ သူတို့နှစ်ဦးအတူတူတွေ့ခဲ့ကြတဲ့ ကောလာဟလများထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။သူတို့စုံတွဲကိုမတ်လမှာ မက္ကဆီကိုအားလပ်ရပ်အပန်းဖြေခရီးနဲ့ ဇွန်လမှာ နယူးယောက်မှာချိန်းတွေ့ခြင်းအပါအဝင် ပရိသတ်များက ကြိမ်ဖန်များစွာ တွေ့ခဲ့ရပါတယ်။အခုတော့ သူတို့ရဲ့အချစ်ရေးကို တရားဝင်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

MYit

zawgyi

ေပါ့ပ္စတားအဆိုေတာ္ ​​Dua Lipa နဲ႔ ၿဗိတိန္သ႐ုပ္ေဆာင္ Callum Turner တို႔ႏွစ္ဦးက သူတို႔ရဲ႕အခ်စ္ေရးကို ဆိုရွယ္မီဒီယာကေန လူသိ ရွင္ၾကား ထုတ္ေဖာ္ခဲ့ၾကပါတယ္။ၿဗိတိန္ႏိုင္ငံ Glastonbury ဂီတပြဲေတာ္မွာ ႐ိုက္ကူးခဲ့တဲ့ ဓာတ္ပုံေတြကို အသက္ ၂၈ ႏွစ္အ႐ြယ္အဂၤလိပ္-အယ္လ္ေဘးနီးယန္း အဆိုေတာ္က ဇူလိုင္ ၂ ရက္က အင္စတာဂရမ္မွာမွ်ေဝခဲ့ပါတယ္။ဓာတ္ပုံေတြက Lipa နဲ႔ Turner ႏွစ္ေယာက္တြဲ႐ိုက္ထားတဲ့ ဓာတ္ပုံေတြပါ။ Turner က စိတ္ကူးယဥ္႐ုပ္ရွင္မ်ားျဖစ္တဲ့ Fantastic Beasts: The Crimes Of Grindelwald (၂၀၁၈) နဲ႔ Fantastic Beasts: The Secrets Of Dumbledore (၂၀၂၂) တို႔မွာ ဇာတ္ေကာင္ Newt Scamander ရဲ႕ အစ္ကို Theseus အျဖစ္ သ႐ုပ္ ေဆာင္ခဲ့ၿပီး လူသိမ်ားခဲ့ပါတယ္။

ဇန္နဝါရီလမွာ Los Angeles မွာ သူ႔ရဲ႕ စစ္ပြဲဒရာမာဇာတ္လမ္းတြဲ Masters Of The Air (2024) ပြဲဦးထြက္ပြဲအၿပီးမွာ သူတို႔ႏွစ္ဦးအတူတူေတြ႕ခဲ့ၾကတဲ့ ေကာလာဟလမ်ားထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။သူတို႔စုံတြဲကိုမတ္လမွာ မကၠဆီကိုအားလပ္ရပ္အပန္းေျဖခရီးနဲ႔ ဇြန္လမွာ နယူးေယာက္မွာခ်ိန္းေတြ႕ျခင္းအပါအဝင္ ပရိသတ္မ်ားက ႀကိမ္ဖန္မ်ားစြာ ေတြ႕ခဲ့ရပါတယ္။အခုေတာ့ သူတို႔ရဲ႕အခ်စ္ေရးကို တရားဝင္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*