အလုပ်ထဲမှာ နစ်နေတဲ့ အနီရောင်အလံလက္ခဏာ (၅)ခု

လုပ်ငန်းခွင်မှာ ရံဖန်ရံခါငြီးငွေ့လာတယ်လို့ ခံစားရတာက ပုံမှန်ပါပဲ။ မကြာခဏဆိုသလိုဒီမသက်မသာဖြစ်ရတဲ့ ခံစားချက်ကို ပြန်လည်အ ကဲဖြတ်ဖို့အတွက်ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း ပန်းတိုင်ကို ပြန်ကြည့်တတ်ကြပါတယ်။အလုပ်ကထွက်ပြီး ရာထူးအသစ်ရှာတာဟာ ဘဝရဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။အသင့်တော်ဆုံးလို့ရွေးခဲ့တဲ့ အလုပ်ကနေ နောက်ထပ်ထပ်ရွေ့ဖို့က အရေးတကြီးဂရုတစိုက်ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ သင်က လက်ရှိအလုပ်မှာ နစ်မြှုပ်နေပြီးအနီရောင်အလံ လက္ခဏာတွေခံစားနေရပြီဆိုတာ သိနိုင်တဲ့အ ချက်တွေကိုဖော်ပြပေးချင်ပါတယ်။

ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို အပြည့်အဝအသုံးမချဘူးလို့ ခံစားရတာ

ကိုယ့်ရဲ့လက်ရှိအလုပ်ရာထူးမှာ သင့်အသိပညာ၊ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကိုအပြည့်အဝအသုံးချခွင့်မရဘူးလို့ ခံစားနေရပါသ လား။ နှစ်အတော်ကြာ ဒီအလုပ်မှာရှိနေပေမဲ့ဒီအဖွဲ့အစည်းနဲ့အသားမကျဘူးလို့ ခံစားရပြီး စီမံခန့်ခွဲမှုအသုံးချမှုနည်းပါးနေတယ်လို့ခံစားနေရတတ်ပါတယ်။ ဒီကိုအလုပ်စဝင်ကတည်းက ဒီတာဝန်တွေက မပြောင်းလဲဘူးလို့ခံစားနေရတာမျိုး ဒီအချက်တွေက အနီရောင်အလံဖြစ်စေတဲ့ လက္ခဏာတွေပါပဲ။

ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှု

ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုအောက်မှာ လုပ်ကိုင်နေရရင်လည်း အလုပ်မှာ မပျော်ရွှင်နိုင်ပါဘူး။တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ်နစ်မြှုပ်နေတယ်လို့ စိတ်ထဲခံစားနေရနိုင်ပါတယ်။လမ်းညွှန်ချက်တွေမရှိတာ၊ အလုပ်နဲ့ပတ်သက်ပြီး အကြံဉာဏ်တွေကို ဘယ်သူကမှတက်ကြွစွာနား ထောင်မပေးတာ၊ ဒါမှမဟုတ် ဘယ်သူဆီကမှ အကြံဉာဏ်တွေမရတာမျိုးတွေကြုံရရင် ဒီအလုပ်မှာ ကိုယ့်ရဲ့ဖြစ်တည်မှုကို မေးခွန်းထုတ်လာတတ်ကြပါတယ်။ ငါတော့ဒီအလုပ်မှာဆက်ရှိနေဖို့မဖြစ်နိုင်တော့ဘူးဆိုတာမျိုး အနီရောင်အလံရဲ့ အရိပ်အယောင်တွေကိုသိရှိပြီး ကိုယ်တိုင်က အဲဒီအလုပ်ကနေ ရုန်းထွက်ဖို့ ကြိုးစားမိပါလိမ့်မယ်။

တိုးတက်မှုမရှိတာ

ပရောဂျက်အသစ်များမှာ ကိုယ်ကလုပ်ကိုင်ခွင့်မရတာ၊ ကိုယ့်ရဲ့ဖန်တီးမှုများ၊ စိတ်ကူးများကိုထုတ်ပြခွင့်မရတာ။ ကိုယ်ပိုင်စွမ်းရည်ကို ချုပ်နှောင်ထားသလိုခံစားရတာမျိုးကလည်းအနီရောင်အလံ လက္ခဏာတွေပဲဖြစ်ပါတယ်။

ပရိုမိုးရှင်းမရှိတာ

အလုပ်က ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ဘယ်လောက်ပဲတော်တော်ရာထူးတိုးမှုမရှိရင်လည်း ဘယ်သူကမှ အလုပ်မှာမပျော်ရွှင်နိုင်ပါဘူး။ ရှေ့မှာအနာဂတ်မရှိသလိုဖြစ်နေပါလိမ့်မယ်။ သွားသာသွားနေတယ် မှတ်တိုင်မရှိတဲ့ခရီးလိုဖြစ်နေပါလိမ့်မယ်။

လေးစားမှုမရှိတာ

အလုပ်မှာအရေးကြီးဆုံးအချက်ကတော့ အပြန်အလှန်လေးစားမှုပဲဖြစ်ပါတယ်။လေးစားမှုမခံရရင် အလုပ်မှာ အရေးမပါသလိုခံစားလာရနိုင်ပါတယ်။တဦးနဲ့တဦးအပြန်အလှန်လေးစားမှုကလည်း လုပ်ငန်းခွင်ကျန်းမာရေးကိုအထူးကောင်းမွန်စေတဲ့အချက်ဖြစ်ပါတယ်။ ဒီအ ချက်မရှိဘူးဆိုရင် သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒီအချက်ကလည်းအနီရောင်အလံလက္ခ ဏာတွေပဲဖြစ်ပါတယ်။

MYit

zawgyi

လုပ္ငန္းခြင္မွာ ရံဖန္ရံခါၿငီးေငြ႕လာတယ္လို႔ ခံစားရတာက ပုံမွန္ပါပဲ။ မၾကာခဏဆိုသလိုဒီမသက္မသာျဖစ္ရတဲ့ ခံစားခ်က္ကို ျပန္လည္အ ကဲျဖတ္ဖို႔အတြက္ကိုယ့္ရဲ႕အသက္ေမြးဝမ္းေၾကာင္း ပန္းတိုင္ကို ျပန္ၾကည့္တတ္ၾကပါတယ္။အလုပ္ကထြက္ၿပီး ရာထူးအသစ္ရွာတာဟာ ဘဝရဲ႕ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္တစ္ခုပါ။အသင့္ေတာ္ဆုံးလို႔ေ႐ြးခဲ့တဲ့ အလုပ္ကေန ေနာက္ထပ္ထပ္ေ႐ြ႕ဖို႔က အေရးတႀကီးဂ႐ုတစိုက္ဆုံးျဖတ္ရမယ့္ကိစၥျဖစ္ပါတယ္။ သင္က လက္ရွိအလုပ္မွာ နစ္ျမႇဳပ္ေနၿပီးအနီေရာင္အလံ လကၡဏာေတြခံစားေနရၿပီဆိုတာ သိႏိုင္တဲ့အ ခ်က္ေတြကိုေဖာ္ျပေပးခ်င္ပါတယ္။

ကိုယ့္ရဲ႕ကြၽမ္းက်င္မႈေတြကို အျပည့္အဝအသုံးမခ်ဘူးလို႔ ခံစားရတာ

ကိုယ့္ရဲ႕လက္ရွိအလုပ္ရာထူးမွာ သင့္အသိပညာ၊ အေတြ႕အႀကဳံနဲ႔ ကြၽမ္းက်င္မႈေတြကိုအျပည့္အဝအသုံးခ်ခြင့္မရဘူးလို႔ ခံစားေနရပါသ လား။ ႏွစ္အေတာ္ၾကာ ဒီအလုပ္မွာရွိေနေပမဲ့ဒီအဖြဲ႕အစည္းနဲ႔အသားမက်ဘူးလို႔ ခံစားရၿပီး စီမံခန႔္ခြဲမႈအသုံးခ်မႈနည္းပါးေနတယ္လို႔ခံစားေနရတတ္ပါတယ္။ ဒီကိုအလုပ္စဝင္ကတည္းက ဒီတာဝန္ေတြက မေျပာင္းလဲဘူးလို႔ခံစားေနရတာမ်ိဳး ဒီအခ်က္ေတြက အနီေရာင္အလံျဖစ္ေစတဲ့ လကၡဏာေတြပါပဲ။

ညံ့ဖ်င္းတဲ့ စီမံခန႔္ခြဲမႈ

ညံ့ဖ်င္းတဲ့ စီမံခန႔္ခြဲမႈေအာက္မွာ လုပ္ကိုင္ေနရရင္လည္း အလုပ္မွာ မေပ်ာ္႐ႊင္ႏိုင္ပါဘူး။တျဖည္းျဖည္းနဲ႔ ကိုယ့္ကိုယ္ကိုယ္နစ္ျမႇဳပ္ေနတယ္လို႔ စိတ္ထဲခံစားေနရႏိုင္ပါတယ္။လမ္းၫႊန္ခ်က္ေတြမရွိတာ၊ အလုပ္နဲ႔ပတ္သက္ၿပီး အႀကံဉာဏ္ေတြကို ဘယ္သူကမွတက္ႂကြစြာနား ေထာင္မေပးတာ၊ ဒါမွမဟုတ္ ဘယ္သူဆီကမွ အႀကံဉာဏ္ေတြမရတာမ်ိဳးေတြႀကဳံရရင္ ဒီအလုပ္မွာ ကိုယ့္ရဲ႕ျဖစ္တည္မႈကို ေမးခြန္းထုတ္လာတတ္ၾကပါတယ္။ ငါေတာ့ဒီအလုပ္မွာဆက္ရွိေနဖို႔မျဖစ္ႏိုင္ေတာ့ဘူးဆိုတာမ်ိဳး အနီေရာင္အလံရဲ႕ အရိပ္အေယာင္ေတြကိုသိရွိၿပီး ကိုယ္တိုင္က အဲဒီအလုပ္ကေန ႐ုန္းထြက္ဖို႔ ႀကိဳးစားမိပါလိမ့္မယ္။

တိုးတက္မႈမရွိတာ

ပေရာဂ်က္အသစ္မ်ားမွာ ကိုယ္ကလုပ္ကိုင္ခြင့္မရတာ၊ ကိုယ့္ရဲ႕ဖန္တီးမႈမ်ား၊ စိတ္ကူးမ်ားကိုထုတ္ျပခြင့္မရတာ။ ကိုယ္ပိုင္စြမ္းရည္ကို ခ်ဳပ္ေႏွာင္ထားသလိုခံစားရတာမ်ိဳးကလည္းအနီေရာင္အလံ လကၡဏာေတြပဲျဖစ္ပါတယ္။

ပ႐ိုမိုးရွင္းမရွိတာ

အလုပ္က ဘယ္ေလာက္ပဲ ႀကိဳးစား ႀကိဳးစား၊ ဘယ္ေလာက္ပဲေတာ္ေတာ္ရာထူးတိုးမႈမရွိရင္လည္း ဘယ္သူကမွ အလုပ္မွာမေပ်ာ္႐ႊင္ႏိုင္ပါဘူး။ ေရွ႕မွာအနာဂတ္မရွိသလိုျဖစ္ေနပါလိမ့္မယ္။ သြားသာသြားေနတယ္ မွတ္တိုင္မရွိတဲ့ခရီးလိုျဖစ္ေနပါလိမ့္မယ္။

ေလးစားမႈမရွိတာ

အလုပ္မွာအေရးႀကီးဆုံးအခ်က္ကေတာ့ အျပန္အလွန္ေလးစားမႈပဲျဖစ္ပါတယ္။ေလးစားမႈမခံရရင္ အလုပ္မွာ အေရးမပါသလိုခံစားလာရႏိုင္ပါတယ္။တဦးနဲ႔တဦးအျပန္အလွန္ေလးစားမႈကလည္း လုပ္ငန္းခြင္က်န္းမာေရးကိုအထူးေကာင္းမြန္ေစတဲ့အခ်က္ျဖစ္ပါတယ္။ ဒီအ ခ်က္မရွိဘူးဆိုရင္ သင့္ရဲ႕႐ုပ္ပိုင္းဆိုင္ရာ၊စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကိုထိခိုက္ေစႏိုင္ပါတယ္။ ဒီအခ်က္ကလည္းအနီေရာင္အလံလကၡ ဏာေတြပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*