ပါရီအိုလံပစ်အတွက် မီးရှူးတိုင်ကို သယ်ဆောင်သွားမယ့် BTS အဖွဲ့ဝင် Jin

ကေပေါ့ပ်ဂီတရဲ့ BTS အဖွဲ့ဝင် Jin က ၂၀၂၄ခုနှစ် ပါရီအိုလံပစ်မှာ မီးရှူးတိုင်ကိုသယ်ဆောင်သွားမှာဖြစ်တယ်လို့ ကိုရီးယား Yonhap News ကနေ ဇူလိုင်၂ရက်နေ့သတင်းများအရ သိရပါတယ်။အသက် ၃၁ နှစ်အရွယ် တောင်ကိုရီးယားအဆိုတော် Kim Seok-jin ကမကြာ မီအိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်ဖို့အတွက်ပြင်သစ်နိုင်ငံကိုသွားရောက်မှာဖြစ်ပါတယ်။ မီးရှူးတိုင်လွှင့်တင်မည့်နေရာနဲ့အချိန် ဇယားအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားတာမျိုးမရှိသေးပါဘူး။ Jin က မကြာသေးမီက သူ့ရဲ့စစ်မှုထမ်းကာလပြီးဆုံးခဲ့တာဖြစ်ပါတယ်။ Jin ရဲ့အေဂျင်စီဖြစ်တဲ့ BigHit Music က ဒီသတင်းကို အဆင်သင့်ဖြစ်ပြီဆိုတာနဲ့အတည်ပြုမယ်လို့ ပြောဆိုထားပါတယ်။

ပါရီအိုလံပစ်မီးရှူးတိုင်ကို ဧပြီလတုန်းက ဂရိနိုင်ငံမှာ ထွန်းညှိခဲ့ပြီး မေလမှာ ပြင်သစ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ရှိ နေရာပေါင်း ၄၀၀ ကျော်ကို ဖြတ်သန်းသွားမှာဖြစ်ပြီးဇူလိုင်လ ၂၆ ရက်နေ့မှာ ပါရီရှိ Jardins du Trocadero ဖွင့်ပွဲအခမ်းအနားကို မရောက်ရှိမီမှာလှည့်လည်မှာဖြစ်ပါတယ်။ Jinနဲ့အတူ ထင်ရှားတဲ့ပုဂ္ဂိုလ်များဖြစ်ကြတဲ့ Ivorian ဘောလုံးကစားသမားဟောင်း Didier Drogba၊ ပြင်သစ်-အမေရိကန်ဘတ်စကက်ဘောလုံးကြယ်ပွင့်ဟောင်း Tony Parker စတဲ့နာမည်ကျော်များအပြင် လူပေါင်း တသောင်းကျော်တက်ရောက်မှာဖြစ်ပါတယ်။ ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁၁ ရက်အထိ ကျင်းပမှာဖြစ်ပြီးအားကစားသမား တသောင်း နဲ့ ငါးရာကျော်က အားကစား ၃၂မျိုးမှာပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

MYit

zawgyi

ေကေပါ့ပ္ဂီတရဲ႕ BTS အဖြဲ႕ဝင္ Jin က ၂၀၂၄ခုႏွစ္ ပါရီအိုလံပစ္မွာ မီးရႉးတိုင္ကိုသယ္ေဆာင္သြားမွာျဖစ္တယ္လို႔ ကိုရီးယား Yonhap News ကေန ဇူလိုင္၂ရက္ေန႔သတင္းမ်ားအရ သိရပါတယ္။အသက္ ၃၁ ႏွစ္အ႐ြယ္ ေတာင္ကိုရီးယားအဆိုေတာ္ Kim Seok-jin ကမၾကာ မီအိုလံပစ္မီးရႉးတိုင္ကို သယ္ေဆာင္ဖို႔အတြက္ျပင္သစ္ႏိုင္ငံကိုသြားေရာက္မွာျဖစ္ပါတယ္။ မီးရႉးတိုင္လႊင့္တင္မည့္ေနရာနဲ႔အခ်ိန္ ဇယားအေသးစိတ္ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားတာမ်ိဳးမရွိေသးပါဘူး။ Jin က မၾကာေသးမီက သူ႔ရဲ႕စစ္မႈထမ္းကာလၿပီးဆုံးခဲ့တာျဖစ္ပါတယ္။ Jin ရဲ႕ေအဂ်င္စီျဖစ္တဲ့ BigHit Music က ဒီသတင္းကို အဆင္သင့္ျဖစ္ၿပီဆိုတာနဲ႔အတည္ျပဳမယ္လို႔ ေျပာဆိုထားပါတယ္။

ပါရီအိုလံပစ္မီးရႉးတိုင္ကို ဧၿပီလတုန္းက ဂရိႏိုင္ငံမွာ ထြန္းညႇိခဲ့ၿပီး ေမလမွာ ျပင္သစ္ကိုေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ျပင္သစ္ရွိ ေနရာေပါင္း ၄၀၀ ေက်ာ္ကို ျဖတ္သန္းသြားမွာျဖစ္ၿပီးဇူလိုင္လ ၂၆ ရက္ေန႔မွာ ပါရီရွိ Jardins du Trocadero ဖြင့္ပြဲအခမ္းအနားကို မေရာက္ရွိမီမွာလွည့္လည္မွာျဖစ္ပါတယ္။ Jinနဲ႔အတူ ထင္ရွားတဲ့ပုဂၢိဳလ္မ်ားျဖစ္ၾကတဲ့ Ivorian ေဘာလုံးကစားသမားေဟာင္း Didier Drogba၊ ျပင္သစ္-အေမရိကန္ဘတ္စကက္ေဘာလုံးၾကယ္ပြင့္ေဟာင္း Tony Parker စတဲ့နာမည္ေက်ာ္မ်ားအျပင္ လူေပါင္း တေသာင္းေက်ာ္တက္ေရာက္မွာျဖစ္ပါတယ္။ ၂၀၂၄ ပါရီ အိုလံပစ္ၿပိဳင္ပြဲကို ဇူလိုင္ ၂၆ ရက္မွ ဩဂုတ္ ၁၁ ရက္အထိ က်င္းပမွာျဖစ္ၿပီးအားကစားသမား တေသာင္း နဲ႔ ငါးရာေက်ာ္က အားကစား ၃၂မ်ိဳးမွာပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*