ပဋိပက္ခတွေကိုဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိတဲ့ ရာသီခွင် (၂)ခု

ပဋိပက္ခဖြေရှင်းတာက ဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတခုဖြစ်ပြီးပုဂ္ဂိုလ်ရေးဆက်ဆံရေးကနေ ပရော်ဖက်ရှင်နယ်အထိ လိုအပ်ပါတယ်။ လူတဦးချင်းစီမှာမတူညီတဲ့ ပဋိပက္ခများကို ချဉ်းကပ်တဲ့အမြင်ရှိကြပေမဲ့ ဒီရာသီခွင်တွေကတော့ ထူးခြားတဲ့စွမ်းရည်ကြောင့် ထင်ရှားပါတယ်။ ပဋိပက္ခဖြေရှင်းမှုကို စနစ်တကျနဲ့အကျွမ်းတဝင်ရှိကြသူတွေဖြစ်ပါတယ်။

Libra
စက်တင်ဘာ ၂၃ ကနေ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားတဲ့ Libras တွေကိုသံတမန်ငြိမ်းချမ်းရေးဖော်ဆောင်သူလို့ ခေါ်ကြပါတယ်။ Libra တွေကပဋိပက္ခဖြေရှင်းတဲ့နေရာမှာ ထိပ်ဆုံးကနေ ရှိကြပါတယ်။ သူတို့တွေက ဟန်ချက်ညီမှုနဲ့သဟဇာတကိုကိုယ်စားပြုကြသူတွေဖြစ်တာ ကြောင့် မျှတတဲ့စိတ်ထားရှိကြပါတယ်။ သဘာဝသံတမန်များဖြစ်ကြပြီး ပြဿနာအရပ်ရပ်ကို မျှတတဲ့အမြင်နဲ့မြင်နိုင်ပြီးအပေး အယူနဲ့အလျှော့အတင်းကို လုပ်ဖို့အထူးကျွမ်းကျင်ကြပါတယ်။ သူတို့ရဲ့သံတမန်ရေးရာချဉ်းကပ်မှု၊စာနာနားလည်မှုတို့ကြောင့် တင်းမာမှုများကို တရားနည်းလမ်းကျကျဖြေရှင်းရာမှာကျွမ်းကျင်ကြပါတယ်။ကိုယ်ရေးကိုယ်တာနဲ့ ပရော်ဖက်ရှင်အပိုင်းတွေမှာ သူတို့တွေက ဖျန် ဖြေသူများအဖြစ်တာဝန်ဘူကြပါတယ်။ နွေးထွေးတဲ့ဆွေးနွေးမှုတွေက အပြုသဘောဆောင်စေပြီးငြိမ်းချမ်းမှုရရှိအောင် လုပ်နိုင်တဲ့ အ ရည်အချင်းရှိကြပါတယ်။

Pisces
ကိုယ်ချင်းစာစိတ် ပြဿနာဖြေရှင်းသူလို့နာမည်ကြီးတဲ့ Pisces တွေကိုတော့ ဖေဖော်ဝါရီ ၁၉ ကနေ မတ်လ ၂၀ အတွင်းမွေးဖွားအတွင်း မွေးဖွားကြပါတယ်။ Pisces တွေရဲ့စာနာတတ်တဲ့သဘောသဘာဝနဲ့ ကိုယ်ချင်းစာစိတ်ကြောင့် လူသိများပါတယ်။တခြားသူများရဲ့ခံစားချက်များကို နားလည်ခံစားနိုင်ကြပြီး ထိလွယ်ရှလွယ်ဖြစ်တဲ့ပဋိပက္ခများကို ဖြေရှင်းရာမှာ အထူးကျွမ်းကျင်ကြပါတယ်။ သဘောထားကွဲ လွဲမှုများကိုပွင့်လင်းမြင်သာစွာချဉ်းကပ်ကြပြီး အကွဲအပြဲများကို ကုစားလိုတဲ့ စစ်မှန်တဲ့ ဆန္ဒနဲ့ချဉ်းကပ်ကြတာကြောင့် ပဋိပက္ခဖြေရှင်းရာမှာ ထူးချွန်ကြပါတယ်။ Pisceans များက တခြားသူတွေရဲ့အသံကိုနားထောင်ရာမှာ ကျွမ်းကျင်ကြပါတယ်။အပေါ်ယံပြဿနာများထက် ပြဿနာရဲ့မူလဇစ်မြစ်ကိုရှာဖွေဖြေရှင်းရာမှာကျွမ်းကျင်ကြပါတယ်။ သူတို့ရဲ့စာနာမှုက ယုံကြည်မှုနဲ့ နားလည်မှုတွေကိုပိုမိုတိုးပွားစေပါတယ်။

MYit

zawgyi


Libra

Pisces

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*