လုပ်ငန်းခွင်မှာ ဒေါသထိန်းဖို့ နည်းလမ်း (၉)ခု

လုပ်နင်းခွင်မှာ စိတ်ပျက်စရာ၊ ဒေါသဖြစ်စရာကြုံရတတ်တာက အဆန်းမဟုတ်ပါဘူး။အလုပ်ခွင်ထဲမှာ ဒေါသတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့အချက်ကသာ ပိုပြီးအရေးပါပတယ်။လုပ်ငန်းခွင်ဒေါသတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ထိရောက်တဲ့နည်းလမ်းတွေကို ရှာဖွေတာကစိန်ခေါ်မှုတခုလည်းဖြစ်ပါတယ်။ ဒီအချက်တွေကတော့ သင့်ရဲ့ဒေါသတွေကို ပြေလျော့ဖို့အထောက်အကူဖြစ်စေပါလိမ့်မယ်။

အသက်ပြင်းပြင်းရှူတာ

အသက်ပြင်းပြင်းရှူတာက Parasympathetic အာရုံကြောစနစ်ကို အသက်ဝင်စေပြီး ခန္ဓာကိုယ်ရဲ့အကြောတွေကိုပြေလျော့စေပါတယ်။ သင့်နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး သွေးပေါင်ချိန်ကိုလျော့ကျစေကာ ကြွက်သားတင်းမာမှုကို လျှော့ချပေးနိုင်တာကြောင့် စိတ်တည်ငြိမ်မှုကိုမြှင်တင်ပေးနိုင်ပါတယ်။

သတိပဋ္ဌာန် ကျင့်တာ

သတိပဋ္ဌာန်တရားက ပစ္စုပ္ပန်အခိုက်အတန့်ကို အာရုံပြုခြင်းဖြစ်တာကြောင့်သင့်ဒေါသတွေကိုပေါ်လာချိန်မှာ သတိပြုမိလာစေရန် အတွေးများနဲ့စိတ်ခံစားချက်များကိုစောင့်ကြည့်လေ့လာကာ ဒေါသကိုဖယ်ထုတ်ပေးနိုင်ပါတယ်။

ဒေါသအစပျိုးမှုများကို ဖော်ထုတ်တာ

ဒေါသက ဘယ်ကနေစဖြစ်လာသလဲ။ သင့်ကိုဒေါသဖြစ်စေနိုင်တဲ့ အခြေအနေကိုကြိုတင်ပြင်ဆင်ဖို့ အချိန်ရစေပါတယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေများကို စီမံခန့်ခွဲဖို့ ဒါမှမဟုတ်ရှောင်ရှားဖို့ မဟာဗျူဟာများကို ပြုစုပျိုးထောင်နိုင်ပါတယ်။

အပြုသဘောဆောင်တဲ့ စကားများကို ကိုယ့်ကိုယ်ကိုယ်ပြောဆိုပါ

အပြုသဘောဆောင်တဲ့ ပြောဆိုချက်များကို ကိုယ့်ကိုယ်ကိုယ်မကြာခဏပြောဆိုပေးပါ။ကိုယ့်ကိုယ်ကိုယ်အပျက်သဘောဆောင်တဲ့အ တွေးတွေ၊ စကားပြောဆိုမှုတွေကို ပြောဆိုတာ၊တွေးတောတာကိုရှောင်ပါ။ ဒေါသပြင်းထန်မှုကိုလျှော့ချနိုင်ဖို့အတွက်ကောင်းမွန်တဲ့အ တွေးတွေနဲ့ မျှတတဲ့ပြောဆိုမှုတွေနဲ့ချဉ်းကပ်နိုင်ပါတယ်။

ထောက်ခံမှုရယူတာ

ယုံကြည်ရတဲ့လုပ်ဖော်ကိုင်ဖက်၊ ကြီးကြပ်ရေးမှူး ဒါမှမဟုတ် သူငယ်ချင်းတဦးနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ စိုးရိမ်ပူပန်မှုများကို မျှဝေခြင်းကလည်း ကိုယ့်ရဲ့စိတ်ပိုင်ဆိုင်ရာကိုပံ့ပိုးပေးနိုင်ပါတယ်။ ဒီအချက်က သင့်ဒေါသကိုကိုင်တွယ်ဖြေရှင်းရာမှာ မတူညီတဲ့အမြင်တွေ၊စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေကြောင့် ဒေါသတွေပြေလျော့သွားစေနိုင်ပါတယ်။

အနားယူတာ

ဒေါသထွက်စေတဲ့ နေရာကနေ ဝေးရာကိုထွက်သွားတာကလည်း သင့်စိတ်ကိုပြေပျောက်စေပြီးစိတ်အေးလက်အေးဖြစ်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက သွေးစီးဆင်းမှုကိုတိုးစေပြီးစိတ်ဖိစီးမှုနဲ့ ဒေါသကိုသက်သာစေပါတယ်။ အနားယူခြင်းက အေးချမ်းတဲ့ အမြင်ကိုရရှိစေပြီးအခြေအနေကို အကောင်းမြင်စိတ်နဲ့ ချဉ်းကပ်ဖို့ အခွင့်အရေးပေးပါတယ်။

အလေးအနက် နားထောင်တာ

တက်ကြွစွာနားထောင်တာက စကားပြောသူကို အပြည့်အဝအာရုံစိုက်နိုင်ပြီးသူ့ရဲ့အမြင်ကိုနားလည်အောင် အဖြေရှာဖို့လွယ်ကူစေပါတယ်။ အလေးအနက်နားထောင်တာကလေးစားမှုကိုပြသပြီး စာနာမှုကို မွေးမြူကာ အပြုသဘောဆောင်တဲ့ ဆက်သွယ်မှုနဲ့ပဋိပက္ခဖြေရှင်းမှုအတွက် အထောက်အကူဖြစ်စေပါတယ်။

လက်တွေ့ကျတဲ့ မျှော်လင့်ချက်များ သတ်မှတ်တာ

လက်တွေ့မကျတဲ့ မျှော်လင့်ချက်များက စိတ်ပျက်အားငယ်ခြင်းနဲ့ဒေါသကိုဖြစ်စေတတ်ပါတယ်။ ဒါကြောင့် လက်တွေ့ကျတဲ့ ပန်းတိုင်များကို သတ်မှတ်ပါ။ဒေါသကို စီမံခန့်ခွဲရာမှာ အခြေအနေအရင်းအမြစ်များကိုထည့်သွင်းစဉ်းစားပြီး လက်တွေ့ကျတဲ့ပန်းတိုင်တွေကိုသတ် မှတ်တာလည်း တခုအပါအဝင်ဖြစ်ပါတယ်။

ပြဿနာများဖြေရှင်းနိုင်တဲ့စွမ်းရည်ကို မြင့်မားအောင်လုပ်တာ

ပြဿနာများကို အာရုံစိုက်နေမယ့်အစား ဖြေရှင်းနည်းလမ်းတွေကို အာရုံစိုက်တာကပိုပြီးကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ပြဿနာများကို စီမံခန့်ခွဲနိုင်တဲ့အဆင့်များ ခွဲခြားပြီး တခုချင်းစီအတွက် ဖြစ်နိုင်ချေရလဒ်များ ထည့်သွင်းစဉ်းစားပါ။ပြဿနာများဖြေရှင်းနိုင်တဲ့ စွမ်းရည်ကလည်း မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တခုဖြစ်ပြီးဒေါသတွေကိုလျှော့ချပေးနိုင်ပါတယ်။

MYit

zawgyi

လုပ္နင္းခြင္မွာ စိတ္ပ်က္စရာ၊ ေဒါသျဖစ္စရာႀကဳံရတတ္တာက အဆန္းမဟုတ္ပါဘူး။အလုပ္ခြင္ထဲမွာ ေဒါသေတြကို ဘယ္လိုစီမံခန႔္ခြဲမလဲဆိုတဲ့အခ်က္ကသာ ပိုၿပီးအေရးပါပတယ္။လုပ္ငန္းခြင္ေဒါသေတြကို ကိုင္တြယ္ေျဖရွင္းရာမွာ ထိေရာက္တဲ့နည္းလမ္းေတြကို ရွာေဖြတာကစိန္ေခၚမႈတခုလည္းျဖစ္ပါတယ္။ ဒီအခ်က္ေတြကေတာ့ သင့္ရဲ႕ေဒါသေတြကို ေျပေလ်ာ့ဖို႔အေထာက္အကူျဖစ္ေစပါလိမ့္မယ္။

အသက္ျပင္းျပင္းရႉတာ

အသက္ျပင္းျပင္းရႉတာက Parasympathetic အာ႐ုံေၾကာစနစ္ကို အသက္ဝင္ေစၿပီး ခႏၶာကိုယ္ရဲ႕အေၾကာေတြကိုေျပေလ်ာ့ေစပါတယ္။ သင့္ႏွလုံးခုန္ႏႈန္းကို ေႏွးေကြးေစၿပီး ေသြးေပါင္ခ်ိန္ကိုေလ်ာ့က်ေစကာ ႂကြက္သားတင္းမာမႈကို ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ စိတ္တည္ၿငိမ္မႈကိုျမႇင္တင္ေပးႏိုင္ပါတယ္။

သတိပ႒ာန္ က်င့္တာ

သတိပ႒ာန္တရားက ပစၥဳပၸန္အခိုက္အတန႔္ကို အာ႐ုံျပဳျခင္းျဖစ္တာေၾကာင့္သင့္ေဒါသေတြကိုေပၚလာခ်ိန္မွာ သတိျပဳမိလာေစရန္ အေတြးမ်ားနဲ႔စိတ္ခံစားခ်က္မ်ားကိုေစာင့္ၾကည့္ေလ့လာကာ ေဒါသကိုဖယ္ထုတ္ေပးႏိုင္ပါတယ္။

ေဒါသအစပ်ိဳးမႈမ်ားကို ေဖာ္ထုတ္တာ

ေဒါသက ဘယ္ကေနစျဖစ္လာသလဲ။ သင့္ကိုေဒါသျဖစ္ေစႏိုင္တဲ့ အေျခအေနကိုႀကိဳတင္ျပင္ဆင္ဖို႔ အခ်ိန္ရေစပါတယ္။ ျဖစ္ေပၚလာတဲ့အေျခအေနမ်ားကို စီမံခန႔္ခြဲဖို႔ ဒါမွမဟုတ္ေရွာင္ရွားဖို႔ မဟာဗ်ဴဟာမ်ားကို ျပဳစုပ်ိဳးေထာင္ႏိုင္ပါတယ္။

အျပဳသေဘာေဆာင္တဲ့ စကားမ်ားကို ကိုယ့္ကိုယ္ကိုယ္ေျပာဆိုပါ

အျပဳသေဘာေဆာင္တဲ့ ေျပာဆိုခ်က္မ်ားကို ကိုယ့္ကိုယ္ကိုယ္မၾကာခဏေျပာဆိုေပးပါ။ကိုယ့္ကိုယ္ကိုယ္အပ်က္သေဘာေဆာင္တဲ့အ ေတြးေတြ၊ စကားေျပာဆိုမႈေတြကို ေျပာဆိုတာ၊ေတြးေတာတာကိုေရွာင္ပါ။ ေဒါသျပင္းထန္မႈကိုေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ေကာင္းမြန္တဲ့အ ေတြးေတြနဲ႔ မွ်တတဲ့ေျပာဆိုမႈေတြနဲ႔ခ်ဥ္းကပ္ႏိုင္ပါတယ္။

ေထာက္ခံမႈရယူတာ

ယုံၾကည္ရတဲ့လုပ္ေဖာ္ကိုင္ဖက္၊ ႀကီးၾကပ္ေရးမႉး ဒါမွမဟုတ္ သူငယ္ခ်င္းတဦးနဲ႔ကိုယ့္ရဲ႕စိတ္ခံစားခ်က္နဲ႔ စိုးရိမ္ပူပန္မႈမ်ားကို မွ်ေဝျခင္းကလည္း ကိုယ့္ရဲ႕စိတ္ပိုင္ဆိုင္ရာကိုပံ့ပိုးေပးႏိုင္ပါတယ္။ ဒီအခ်က္က သင့္ေဒါသကိုကိုင္တြယ္ေျဖရွင္းရာမွာ မတူညီတဲ့အျမင္ေတြ၊စိတ္ပိုင္းဆိုင္ရာပံ့ပိုးမႈေတြေၾကာင့္ ေဒါသေတြေျပေလ်ာ့သြားေစႏိုင္ပါတယ္။

အနားယူတာ

ေဒါသထြက္ေစတဲ့ ေနရာကေန ေဝးရာကိုထြက္သြားတာကလည္း သင့္စိတ္ကိုေျပေပ်ာက္ေစၿပီးစိတ္ေအးလက္ေအးျဖစ္ေစပါတယ္။ ကိုယ္လက္လႈပ္ရွားမႈက ေသြးစီးဆင္းမႈကိုတိုးေစၿပီးစိတ္ဖိစီးမႈနဲ႔ ေဒါသကိုသက္သာေစပါတယ္။ အနားယူျခင္းက ေအးခ်မ္းတဲ့ အျမင္ကိုရရွိေစၿပီးအေျခအေနကို အေကာင္းျမင္စိတ္နဲ႔ ခ်ဥ္းကပ္ဖို႔ အခြင့္အေရးေပးပါတယ္။

အေလးအနက္ နားေထာင္တာ

တက္ႂကြစြာနားေထာင္တာက စကားေျပာသူကို အျပည့္အဝအာ႐ုံစိုက္ႏိုင္ၿပီးသူ႔ရဲ႕အျမင္ကိုနားလည္ေအာင္ အေျဖရွာဖို႔လြယ္ကူေစပါတယ္။ အေလးအနက္နားေထာင္တာကေလးစားမႈကိုျပသၿပီး စာနာမႈကို ေမြးျမဴကာ အျပဳသေဘာေဆာင္တဲ့ ဆက္သြယ္မႈနဲ႔ပဋိပကၡေျဖရွင္းမႈအတြက္ အေထာက္အကူျဖစ္ေစပါတယ္။

လက္ေတြ႕က်တဲ့ ေမွ်ာ္လင့္ခ်က္မ်ား သတ္မွတ္တာ

လက္ေတြ႕မက်တဲ့ ေမွ်ာ္လင့္ခ်က္မ်ားက စိတ္ပ်က္အားငယ္ျခင္းနဲ႔ေဒါသကိုျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္ လက္ေတြ႕က်တဲ့ ပန္းတိုင္မ်ားကို သတ္မွတ္ပါ။ေဒါသကို စီမံခန႔္ခြဲရာမွာ အေျခအေနအရင္းအျမစ္မ်ားကိုထည့္သြင္းစဥ္းစားၿပီး လက္ေတြ႕က်တဲ့ပန္းတိုင္ေတြကိုသတ္ မွတ္တာလည္း တခုအပါအဝင္ျဖစ္ပါတယ္။

ျပႆနာမ်ားေျဖရွင္းႏိုင္တဲ့စြမ္းရည္ကို ျမင့္မားေအာင္လုပ္တာ

ျပႆနာမ်ားကို အာ႐ုံစိုက္ေနမယ့္အစား ေျဖရွင္းနည္းလမ္းေတြကို အာ႐ုံစိုက္တာကပိုၿပီးေကာင္းမြန္တဲ့ နည္းလမ္းျဖစ္ပါတယ္။ ရႈပ္ေထြးတဲ့ျပႆနာမ်ားကို စီမံခန႔္ခြဲႏိုင္တဲ့အဆင့္မ်ား ခြဲျခားၿပီး တခုခ်င္းစီအတြက္ ျဖစ္ႏိုင္ေခ်ရလဒ္မ်ား ထည့္သြင္းစဥ္းစားပါ။ျပႆနာမ်ားေျဖရွင္းႏိုင္တဲ့ စြမ္းရည္ကလည္း မရွိမျဖစ္လိုအပ္တဲ့ စြမ္းရည္တခုျဖစ္ၿပီးေဒါသေတြကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*