Green Day အနေနဲ့ Dookie တေးအယ်လ်ဘမ်ထွက်ရှိမှုနှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ်ထိုအယ်လ်ဘမ်ကို မတူညီတဲ့ပုံစံနဲ့ပြန်လည်ထုတ်ဝေမယ်လို့သိရပါတယ်။စက်တင်ဘာလ ၂၉ ရက်နေ့မှာထွက်ရှိလာမယ့် ဒီအယ်လ်ဘမ်ထဲမှာ မူရင်းတေးအယ်လ်ဘမ်အပြင် demos ၊ outtakes နဲ့ live recordings တွေပါပါဝင်လာမှာဖြစ်ပါတယ်။ ပါဝင်လာမယ့် Live tracks တွေကတော့ ၁၉၉၄ ခုနစ်၊ ဇွန်လက ဘာစီလိုနာမှာကျင်းပခဲ့တဲ့Show မှဖြစ်ပါတယ်။
Green Day အနေနဲ့ Dookie အယ်လ်ဘမ်ကို ၁၉၉၄ ခုနစ်က ထုတ်ဝေခဲ့တာဖြစ်ပြီး အဲဒီအချိန်က Billboard 200 မှာ နံပါတ် ၂ ချိတ်ခဲ့ပါတယ်။ဒီနှစ်အစောပိုင်းကလည်း Green Day အနေနဲ့ Nimrod ရဲ့ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ပြန်လည်ဖြန့်ချိမှုလုပ်ခဲ့ပါသေးတယ်။Green Day ရဲ့နောက်ဆုံးထွက်ရှိထားတဲ့တေးအယ်လ်ဘမ်ကတော့ ၂၀၂၀ ခုနစ်မှာထုတ်ဝေခဲ့တဲ့
Father of All Motherfuckers ပဲဖြစ်ပါတယ်။
Ju Ju
zawgyi
Green Day အေနနဲ႔ Dookie ေတးအယ္လ္ဘမ္ထြက္ရွိမႈႏွစ္ ၃၀ ျပည့္အထိမ္းအမွတ္အျဖစ္ထိုအယ္လ္ဘမ္ကို မတူညီတဲ့ပုံစံနဲ႔ျပန္လည္ထုတ္ေဝမယ္လို႔သိရပါတယ္။စက္တင္ဘာလ ၂၉ ရက္ေန႔မွာထြက္ရွိလာမယ့္ ဒီအယ္လ္ဘမ္ထဲမွာ မူရင္းေတးအယ္လ္ဘမ္အျပင္ demos ၊ outtakes နဲ႔ live recordings ေတြပါပါဝင္လာမွာျဖစ္ပါတယ္။ ပါဝင္လာမယ့္ Live tracks ေတြကေတာ့ ၁၉၉၄ ခုနစ္၊ ဇြန္လက ဘာစီလိုနာမွာက်င္းပခဲ့တဲ့Show မွျဖစ္ပါတယ္။
Green Day အေနနဲ႔ Dookie အယ္လ္ဘမ္ကို ၁၉၉၄ ခုနစ္က ထုတ္ေဝခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္က Billboard 200 မွာ နံပါတ္ ၂ ခ်ိတ္ခဲ့ပါတယ္။ဒီႏွစ္အေစာပိုင္းကလည္း Green Day အေနနဲ႔ Nimrod ရဲ႕ ၂၅ ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ျပန္လည္ျဖန႔္ခ်ိမႈလုပ္ခဲ့ပါေသးတယ္။Green Day ရဲ႕ေနာက္ဆုံးထြက္ရွိထားတဲ့ေတးအယ္လ္ဘမ္ကေတာ့ ၂၀၂၀ ခုနစ္မွာထုတ္ေဝခဲ့တဲ့
Father of All Motherfuckers ပဲျဖစ္ပါတယ္။
Ju Ju
Leave a Reply