အရက်မူးပြီးကားမောင်းလို့ စွဲချက်တင်ခံရပြီး ပြန်လည်လွတ်လာတဲ့ Justin Timberlake

အဆိုတော် Justin Timberlake က အရက်မူးပြီးကားမောင်းလို့စွဲချက်တင်ခံရပြီးနယူးယောက်မှာ ချုပ်နှောင်မှုခံရတာကနေ ဒီကနေ့မှာလွတ်မြောက်လာခဲ့တယ်လို့ သူ့ရဲ့ရှေ့နေကပြောခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဆိုတော်က ဇွန်လ ၁၈ရက်နေ့ နံနက် ၁၂နာရီ ၃၇မိနစ်မှာနယူးမြောက် Sag Harbor မှာ အရက်မူးပြီးကားမောင်းနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုထားပါတယ်။ အဆိုတော်က ကားရပ်ဖို့အချက်ပြတာကိုလည်း ပျက်ကွက်ခဲ့တယ်လို့ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုတော်က မျက်လုံးများနီရဲနေပြီး အရက်နံ့များလည်း ထွက်နေတယ်လို့တရားရုံးမှတ်တမ်းများက စွပ်စွဲထားပါတယ်။အရက်သောက်ထား၊ မထား ဓာတုစမ်းသပ်မှုကိုလုပ်ဖို့အတွက် အဆိုတော်ကသုံးကြိမ်တိုင်တိုင်ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။အဆိုတော်ကို အာမခံမပါဘဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက်ထပ်ရုံးချိန်ကို ဇူလိုင် ၂၆ရက်နေ့မှာချိန်းထားတယ်လို့ CNN ကိုပြောပါတယ်။အသက် ၄၃နှစ်အရွယ်အဆိုတော်နဲ့ထုတ်လုပ်သူက သရုပ်ဆောင် Jessica Biel နဲ့လက်ထပ်ခဲ့ပြီးကလေးနှစ်ဦးရှိပါတယ်။

MYit

zawgyi

အဆိုေတာ္ Justin Timberlake က အရက္မူးၿပီးကားေမာင္းလို႔စြဲခ်က္တင္ခံရၿပီးနယူးေယာက္မွာ ခ်ဳပ္ေႏွာင္မႈခံရတာကေန ဒီကေန႔မွာလြတ္ေျမာက္လာခဲ့တယ္လို႔ သူ႔ရဲ႕ေရွ႕ေနကေျပာခဲ့ပါတယ္။ရဲတပ္ဖြဲ႕ရဲ႕ ေျပာၾကားခ်က္အရ အဆိုေတာ္က ဇြန္လ ၁၈ရက္ေန႔ နံနက္ ၁၂နာရီ ၃၇မိနစ္မွာနယူးေျမာက္ Sag Harbor မွာ အရက္မူးၿပီးကားေမာင္းေနတာကိုေတြ႕ခဲ့ရတယ္လို႔ဆိုထားပါတယ္။ အဆိုေတာ္က ကားရပ္ဖို႔အခ်က္ျပတာကိုလည္း ပ်က္ကြက္ခဲ့တယ္လို႔ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

အဆိုေတာ္က မ်က္လုံးမ်ားနီရဲေနၿပီး အရက္နံ႔မ်ားလည္း ထြက္ေနတယ္လို႔တရား႐ုံးမွတ္တမ္းမ်ားက စြပ္စြဲထားပါတယ္။အရက္ေသာက္ထား၊ မထား ဓာတုစမ္းသပ္မႈကိုလုပ္ဖို႔အတြက္ အဆိုေတာ္ကသုံးႀကိမ္တိုင္တိုင္ျငင္းဆိုခဲ့တယ္လို႔ ေျပာပါတယ္။အဆိုေတာ္ကို အာမခံမပါဘဲ ျပန္လႊတ္ေပးခဲ့ပါတယ္။ ေနာက္ထပ္႐ုံးခ်ိန္ကို ဇူလိုင္ ၂၆ရက္ေန႔မွာခ်ိန္းထားတယ္လို႔ CNN ကိုေျပာပါတယ္။အသက္ ၄၃ႏွစ္အ႐ြယ္အဆိုေတာ္နဲ႔ထုတ္လုပ္သူက သ႐ုပ္ေဆာင္ Jessica Biel နဲ႔လက္ထပ္ခဲ့ၿပီးကေလးႏွစ္ဦးရွိပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*