ပြင်းပြတဲ့ အချစ်ရေးကြောင့် လူသိများတဲ့ ရာသီခွင် (၄)ခု

စိတ်အားထက်သန်ပြီး ပြင်းပြတဲ့ အချစ်နဲ့ချစ်တတ်တာကြောင့် နာမည်ကျော်တဲ့ရာသီခွင်လေးခုရှိပါတယ်။ သင်က ဒီလိုအချစ်မျိုးနဲ့ ကြုံဖူးပါသလား။ ဒါမှမဟုတ်သင့်ရဲ့ချစ်သူက ဒီရာသီခွင်တွေထဲက တခုလား။

Aries (Mar 21 – Apr 19)
Aries လေးတွေကတော့ ထိပ်ဆုံးက ပါနေပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်တဲ့ အချစ်ကသူတို့ရဲ့ဆက်ဆံရေးထဲကို စိမ့်ဝင်သွားတတ်ပါတယ်။ အေးရီလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ဒီရာသီခွင်လေးတွေ ချစ်မိသွားတဲ့အခါ စိတ်နှလုံးအကြွင်းမဲ့နဲ့ သူတို့ရဲ့လက်တွဲဖော်၊ ချစ်သူကိုဂရု စိုက်မှုနဲ့ ချစ်ခင်မှုပေးတတ်ပါတယ်။ သင်က Aries လေးတွေနဲ့ ချိန်းတွေ့မယ်ဆိုရင်အမြဲတမ်းအံ့အားသင့်မှုတွေနဲ့ စိတ်လှုပ်ရှားနေရမှာအသေအချာပါပဲ။

Leo (July 23-Aug 22)
ဆွဲဆောင်မှုရှိတဲ့ ရိုမန်းတစ်ပါတနာတွေက လီယိုတွေဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။လီယိုတွေက ချစ်သူ့အတွက်ဆို ပြင်းထန်စွာ အ ကာအကွယ်ပေးကြသူတွေလည်းဖြစ်ပါတယ်။သူတို့က အချစ်ရေးမှာ ပြင်းပြပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့သူတွေဖြစ်ကြပြီးတော့နေ့ ရက်တိုင်းက ရင်ခုန်စရာ၊ စွန့်စားစရာတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။

Scorpio (Oct 23-Nov 21)
Scorpios တွေက စိတ်ခံစားမှုနဲ့ပြင်းထန်တဲ့ အချစ်စိတ်ရှိကြပါတယ်။လျှို့ဝှက်ဆန်းကြယ်တဲ့သူတို့ရဲ့သဘာဝနဲ့ အမြဲတမ်းချစ်တဲ့သူတွေကို စိတ်လှုပ်ရှားစေပါတယ်။မယုံနိုင်လောက်အောင် သစ္စာရှိပြီး သူတို့ပေးသလို ပြန်ရဖို့လည်း မျှော်လင့်တတ်ကြပါတယ်။တကယ်ချစ်မိသွားတဲ့အခါ ချစ်တဲ့သူအပေါ်မှာလေးလေးနက်နက်ဖြည့်ဆည်းပေးတတ်ကြပါတယ်။

Sagittarius (Nov22-Dec 21)
စွန့်စားတတ်တဲ့ချစ်သူလေးတွေဖြစ်ကြတဲ့ ဆာဂျီတွေကတော့တူညီတဲ့စိတ်အားထက်သန်မှုနဲ့ချစ်သူဆီက မျှော်လင့်တတ်ကြပါတယ်။ သူတို့ရဲ့အကောင်းမြင်စိတ်နဲ့ ဟာသဉာဏ်က ချစ်သူအတွက် စိတ်လှုပ်ရှားမှုကိုဖြစ်စေပါတယ်။

MYit

zawgyi


Aries (Mar 21 – Apr 19)

Leo (July 23-Aug 22)

Scorpio (Oct 23-Nov 21)


MYit

Be the first to comment

Leave a Reply

Your email address will not be published.


*