အင်တာဗျူးမတိုင်ခင် ပြင်ဆင်ရမယ့် အကြံပြုချက် (၄)

ထူးချွန်သော အင်တာဗျူးစွမ်းရည်က ဒီအတိုင်းရောက်မလာတတ်ပါဘူး။သေချာပြင်ဆင်ဖို့လိုအပ်ပါတယ်။ ယုံကြည်မှု၊ စိတ်ဖိစီးမှုကိုစီမံခန့်ခွဲနိုင်တဲ့စွမ်းရည်၊ဖောက်ထွက်တဲ့အတွေးစတာတွေကို ကြိုတင်လေ့ကျင့်ပြီး ခိုင်မာအောင်ပြင်ဆင်နိုင်ပါတယ်။ဒီအချက်တွေကတော့ အင်တာဗျူးမတိုင်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့အတွက်အကြံပြုချက်တွေပဲဖြစ်ပါတယ်။

အိမ်စာလုပ်တာ

အင်တာဗျူးသွားဖြေတဲ့အခါ အိမ်စာလုပ်တဲ့သူက တပန်းသာတာပါပဲ။ အိမ်စာလုပ်တယ်ဆိုတာအဖွဲ့အစည်းအကြောင်း၊ သူတို့ရဲ့အခန်းကဏ္ဍအကြောင်း တတ်နိုင်သမျှလေ့လာဖို့ပါ။ကုမ္ပဏီဝက်ဘ်ဆိုက်တွေမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့ရဲ့ရည်မှန်းချက်တွေ၊ပန်း တိုင်တွေကို အကြမ်းဖျင်းလေ့လာနိုင်ပါတယ်။ ဒီအရာတွေကို ကိုယ်နဲ့ရင်းနှီးအောင်လုပ်ပါ။ပြီးတော့ ဒီလေ့လာချက်တွေကနေတဆင့် သင့်ရဲ့အရည်အချင်း၊ အရည်အသွေးတွေကသူတို့အလုပ်မှာ ဘယ်လိုအဖိုးတန်မလဲ၊ ဘယ်လိုကိုက်ညီမလဲဆိုတာကို စဉ်းစားပါ။ ကိုယ်က
ကုမ္ပဏီအတွက် ဘယ်လိုအရာမျိုးတွေ စဉ်းစားထားသလဲစတဲ့အချက်တွေကတခြားသူတွေနဲ့ယှဉ်တဲ့အခါ အလေးသာစေမယ့်အချက်တွေပါပဲ။မင်းရဲ့လုပ်ငန်းအတွေ့အကြုံက ဘယ်လိုအခန်းကဏ္ဍနဲ့ကိုက်ညီမလဲဆိုတာကိုသုံးသပ်ပြင်ဆင်ပြီးမှ အင်တာဗျူးသွားဖြေပါ။ တနည်းအားဖြင့်တော့ အလုပ်နဲ့ပတ်သက်တဲ့အိမ်စာလုပ်ပြီးမှ အင်တာဗျူးဖြေပါ။

လေ့ကျင့်တာ

မှန်ထဲမှာ ကိုယ့်ကိုကိုယ် စကားပြောတာ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်နဲ့အင်တာဗျူးပုံစံလုပ်တာမျိုး အလေ့အကျင့်လိုပါတယ်။ ကောင်းကောင်းပြင်ဆင်ထားတဲ့သူကကောင်းမွန်တဲ့နေရာနဲ့ထိုက်တန်ပါတယ်။ မေးလေ့ရှိတဲ့ အင်တာဗျူးမေးခွန်းတွေအတွက်ကြိုတင်ပြင်ဆင်ပါ။ကိုယ်မမျှော်လင့်ထားတဲ့ မေးခွန်းတွေလည်း ရှိလာနိုင်တာမို့လို့သေသေချာချာစဉ်းစားပြီး ပြင်ဆင်ထားသင့်ပါတယ်။ ဘယ်လိုမေးခွန်းလာလာ အတတ်နိုင်ဆုံးစိတ်အေးအေးနဲ့ သေချာစဉ်းစားပြီးဖြေဆိုပါ။ အင်တာဗျူးအတွက်လေ့ကျင့်ခြင်းကလည်းအကောင်းဆုံး ယှဉ်ပြိုင်ခြင်းတခုဖြစ်ပါတယ်။ မှန်တချပ်ရှေ့မှာ၊ ဒါမှမဟုတ်မိသားစုဝင်တဦးဦးရှေ့မှာ၊ လုပ်ဖော်ကိုင်ဖက်ရှေ့မှာ မေးခွန်းတွေကိုအကြိမ် ကြိမ်အခါခါလေ့ကျင့်မှုလုပ်ပါ။

အသွင်အပြင်အတွက် ပြင်ဆင်တာ

အင်တာဗျူးတစ်ခုမှာ ဝတ်ဆင်သင့်တဲ့ အဝတ်အစားကိုလျှော်ညီစွာ ဝတ်စားတတ်ဖို့လိုပါတယ်။အင်တာဗျူးက ကိုယ်လျှောက်တဲ့ အလုပ်နဲ့ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုဖြစ်ဖိုလိုပါတယ်။ကုမ္ပဏီယဉ်ကျေးမှုကို နားလည်တယ်ဆိုတဲ့အကြောင်းပြသဖို့အတွက် အလုပ်အင်တာ ဗျူးမှာဝတ်စားဆင်ယင်မှုက အဓိကပါပဲ။ သင့်ရဲ့အဝတ်အစားဝတ်ဆင်ပုံကိုကြည့်ပြီးသင့်ကိုအကြမ်းဖျင်း အကဲခတ်တာကိုသတိပြုသင့်ပါတယ်။ အင်တာဗျူးမှာဘာဝတ်ဖို့ဆုံးဖြတ်ဆုံးဖြတ် ကိုယ့်ကိုကိုယ်စားပြုပြီး အလုပ်မှာတကယ်ဝတ်နိုင်တဲ့အဝတ်ဖြစ်ဖို့သေချာဖို့လိုပါတယ်။ ပရော်ဖက်ရှင်နယ်ပီသတာကလည်းသင့်ကိုဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားလို့မရပါဘူး။

အချိန်မီရောက်ဖို့ ကြိုးစားတာ

ဒီအချက်ကအပေါ်က သုံးချက်လိုပဲ အရေးကြီးတဲ့အချက်ဖြစ်တယ်ဆိုတာ အကြံပြုလိုပါတယ်။အင်တာဗျူးနောက်ကျတယ်ဆိုရင် သင့်မှာအရည်အချင်းဘယ်လောက်ရှိရှိအလုပ်ခန့်သူတွေစိတ်ထဲမှာ အမှတ်တွေလျော့နည်းသွားတတ်ပါတယ်။ယာဉ်ကြောပိတ်ဆို့မှုအခြေအနေတွေ ထည့်တွက်ပြီး တတ်နိုင်သမျှ စောရောက်အောင်သွားပါ။အချိန်ကိုစီမံခန့်ခွဲတာကလည်း စွမ်းရည်တရပ်ဖြစ်တာကြောင့် အင်တာဗျူးကိုအချိန်မီရောက်တာ၊ မရောက်တာကလည်း သင့်အတွက်အရည်အချင်းစစ်စာမေးပွဲတခုဖြစ်တာကို သတိပြုပါ။အလုပ်အင်တာဗျူးသွားမယ်ဆိုရင် ဒီလေးချက်ကို ကြိုတင်ပြင်ဆင်ပါ။ ကြိုတင်ပြင်ဆင်ခြင်းကကောင်းမွန်တဲ့ ရလဒ်တွေကို ရလာစေပါတယ်။

MYit

zawgyi

ထူးခြၽန္ေသာ အင္တာဗ်ဴးစြမ္းရည္က ဒီအတိုင္းေရာက္မလာတတ္ပါဘူး။ေသခ်ာျပင္ဆင္ဖို႔လိုအပ္ပါတယ္။ ယုံၾကည္မႈ၊ စိတ္ဖိစီးမႈကိုစီမံခန႔္ခြဲႏိုင္တဲ့စြမ္းရည္၊ေဖာက္ထြက္တဲ့အေတြးစတာေတြကို ႀကိဳတင္ေလ့က်င့္ၿပီး ခိုင္မာေအာင္ျပင္ဆင္ႏိုင္ပါတယ္။ဒီအခ်က္ေတြကေတာ့ အင္တာဗ်ဴးမတိုင္ခင္မွာ ႀကိဳတင္ျပင္ဆင္ဖို႔အတြက္အႀကံျပဳခ်က္ေတြပဲျဖစ္ပါတယ္။

အိမ္စာလုပ္တာ

အင္တာဗ်ဴးသြားေျဖတဲ့အခါ အိမ္စာလုပ္တဲ့သူက တပန္းသာတာပါပဲ။ အိမ္စာလုပ္တယ္ဆိုတာအဖြဲ႕အစည္းအေၾကာင္း၊ သူတို႔ရဲ႕အခန္းက႑အေၾကာင္း တတ္ႏိုင္သမွ်ေလ့လာဖို႔ပါ။ကုမၸဏီဝက္ဘ္ဆိုက္ေတြမွာ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြ၊ သူတို႔ရဲ႕ရည္မွန္းခ်က္ေတြ၊ပန္း တိုင္ေတြကို အၾကမ္းဖ်င္းေလ့လာႏိုင္ပါတယ္။ ဒီအရာေတြကို ကိုယ္နဲ႔ရင္းႏွီးေအာင္လုပ္ပါ။ၿပီးေတာ့ ဒီေလ့လာခ်က္ေတြကေနတဆင့္ သင့္ရဲ႕အရည္အခ်င္း၊ အရည္အေသြးေတြကသူတို႔အလုပ္မွာ ဘယ္လိုအဖိုးတန္မလဲ၊ ဘယ္လိုကိုက္ညီမလဲဆိုတာကို စဥ္းစားပါ။ ကိုယ္က
ကုမၸဏီအတြက္ ဘယ္လိုအရာမ်ိဳးေတြ စဥ္းစားထားသလဲစတဲ့အခ်က္ေတြကတျခားသူေတြနဲ႔ယွဥ္တဲ့အခါ အေလးသာေစမယ့္အခ်က္ေတြပါပဲ။မင္းရဲ႕လုပ္ငန္းအေတြ႕အႀကဳံက ဘယ္လိုအခန္းက႑နဲ႔ကိုက္ညီမလဲဆိုတာကိုသုံးသပ္ျပင္ဆင္ၿပီးမွ အင္တာဗ်ဴးသြားေျဖပါ။ တနည္းအားျဖင့္ေတာ့ အလုပ္နဲ႔ပတ္သက္တဲ့အိမ္စာလုပ္ၿပီးမွ အင္တာဗ်ဴးေျဖပါ။

ေလ့က်င့္တာ

မွန္ထဲမွာ ကိုယ့္ကိုကိုယ္ စကားေျပာတာ ဒါမွမဟုတ္ မိသားစုဝင္တစ္ေယာက္နဲ႔အင္တာဗ်ဴးပုံစံလုပ္တာမ်ိဳး အေလ့အက်င့္လိုပါတယ္။ ေကာင္းေကာင္းျပင္ဆင္ထားတဲ့သူကေကာင္းမြန္တဲ့ေနရာနဲ႔ထိုက္တန္ပါတယ္။ ေမးေလ့ရွိတဲ့ အင္တာဗ်ဴးေမးခြန္းေတြအတြက္ႀကိဳတင္ျပင္ဆင္ပါ။ကိုယ္မေမွ်ာ္လင့္ထားတဲ့ ေမးခြန္းေတြလည္း ရွိလာႏိုင္တာမို႔လို႔ေသေသခ်ာခ်ာစဥ္းစားၿပီး ျပင္ဆင္ထားသင့္ပါတယ္။ ဘယ္လိုေမးခြန္းလာလာ အတတ္ႏိုင္ဆုံးစိတ္ေအးေအးနဲ႔ ေသခ်ာစဥ္းစားၿပီးေျဖဆိုပါ။ အင္တာဗ်ဴးအတြက္ေလ့က်င့္ျခင္းကလည္းအေကာင္းဆုံး ယွဥ္ၿပိဳင္ျခင္းတခုျဖစ္ပါတယ္။ မွန္တခ်ပ္ေရွ႕မွာ၊ ဒါမွမဟုတ္မိသားစုဝင္တဦးဦးေရွ႕မွာ၊ လုပ္ေဖာ္ကိုင္ဖက္ေရွ႕မွာ ေမးခြန္းေတြကိုအႀကိမ္ ႀကိမ္အခါခါေလ့က်င့္မႈလုပ္ပါ။

အသြင္အျပင္အတြက္ ျပင္ဆင္တာ

အင္တာဗ်ဴးတစ္ခုမွာ ဝတ္ဆင္သင့္တဲ့ အဝတ္အစားကိုေလွ်ာ္ညီစြာ ဝတ္စားတတ္ဖို႔လိုပါတယ္။အင္တာဗ်ဴးက ကိုယ္ေလွ်ာက္တဲ့ အလုပ္နဲ႔ကိုက္ညီတဲ့ ဝတ္စားဆင္ယင္မႈျဖစ္ဖိုလိုပါတယ္။ကုမၸဏီယဥ္ေက်းမႈကို နားလည္တယ္ဆိုတဲ့အေၾကာင္းျပသဖို႔အတြက္ အလုပ္အင္တာ ဗ်ဴးမွာဝတ္စားဆင္ယင္မႈက အဓိကပါပဲ။ သင့္ရဲ႕အဝတ္အစားဝတ္ဆင္ပုံကိုၾကည့္ၿပီးသင့္ကိုအၾကမ္းဖ်င္း အကဲခတ္တာကိုသတိျပဳသင့္ပါတယ္။ အင္တာဗ်ဴးမွာဘာဝတ္ဖို႔ဆုံးျဖတ္ဆုံးျဖတ္ ကိုယ့္ကိုကိုယ္စားျပဳၿပီး အလုပ္မွာတကယ္ဝတ္ႏိုင္တဲ့အဝတ္ျဖစ္ဖို႔ေသခ်ာဖို႔လိုပါတယ္။ ပေရာ္ဖက္ရွင္နယ္ပီသတာကလည္းသင့္ကိုဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာကို ဖုံးကြယ္ထားလို႔မရပါဘူး။

အခ်ိန္မီေရာက္ဖို႔ ႀကိဳးစားတာ

ဒီအခ်က္ကအေပၚက သုံးခ်က္လိုပဲ အေရးႀကီးတဲ့အခ်က္ျဖစ္တယ္ဆိုတာ အႀကံျပဳလိုပါတယ္။အင္တာဗ်ဴးေနာက္က်တယ္ဆိုရင္ သင့္မွာအရည္အခ်င္းဘယ္ေလာက္ရွိရွိအလုပ္ခန႔္သူေတြစိတ္ထဲမွာ အမွတ္ေတြေလ်ာ့နည္းသြားတတ္ပါတယ္။ယာဥ္ေၾကာပိတ္ဆို႔မႈအေျခအေနေတြ ထည့္တြက္ၿပီး တတ္ႏိုင္သမွ် ေစာေရာက္ေအာင္သြားပါ။အခ်ိန္ကိုစီမံခန႔္ခြဲတာကလည္း စြမ္းရည္တရပ္ျဖစ္တာေၾကာင့္ အင္တာဗ်ဴးကိုအခ်ိန္မီေရာက္တာ၊ မေရာက္တာကလည္း သင့္အတြက္အရည္အခ်င္းစစ္စာေမးပြဲတခုျဖစ္တာကို သတိျပဳပါ။အလုပ္အင္တာဗ်ဴးသြားမယ္ဆိုရင္ ဒီေလးခ်က္ကို ႀကိဳတင္ျပင္ဆင္ပါ။ ႀကိဳတင္ျပင္ဆင္ျခင္းကေကာင္းမြန္တဲ့ ရလဒ္ေတြကို ရလာေစပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*