ဘယ်လိုအသက်မွေးဝမ်းကျောင်းအတွက်မဆို လိုအပ်တဲ့ Teamwork Skills (၆)ခု

အခုမျှဝေပေးချင်တာကတော့ ဘယ်လိုအသက်မွေးဝမ်းကျောင်းအတွက်မဆို အရေးကြီးတဲ့အဖွဲ့လိုက်လုပ်ဆောင်မှုစွမ်းတွေပဲဖြစ်ပါတယ်။ အဖွဲ့လိုက်လုပ်ဆောင်မှုရဲ့အရေးပါမှုကိုသံသဝင်စရာမရှိပါဘူး။ ဒီစွမ်းရည်တွေက ဘယ်လိုနယ်ပယ်မှာမဆို သင့်ကိုထူးချွန်စေဖို့
ကူညီပေးပါလိမ့်မယ်။

Communication

လုပ်ငန်းခွင်မှာ ဆက်သွယ်မှုပုံစံအမျိုးအစားများစွာရှိပါတယ်။လူတွေရဲ့အကြောင်းလေ့လာခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို မြှင့်တင်ဖို့မရှိမဖြစ်လိုအပ်တယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။ အမျိုးမျိုးသော ဆက်သွယ်မှုတွေကိုနားလည်ပြီး ပိုမိုထိရောက်တဲ့ ဆက်သွယ်ရေးကို ဦးဆောင်ဖို့အတွက် လိုအပ်တာတွေကိုသိရှိလာနိုင်ပါတယ်။ ဒီဆက်ဆံရေးတွေထဲမှာ နားထောင်ခြင်းစွမ်းရည်ကလည်း
လျစ်လျူရှုထားလို့မရတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်ဆိုတာကို သတိချပ်သင့်ပါတယ်။တက်ကြွစွာနားထောင်ခြင်းကလည်း သတင်းအ ချက်အလက်များကို စုဆောင်းဖို့အကောင်းဆုံးနည်းလမ်းတခုပါပဲ။

ပူးပေါင်းဆောင်ရွက်ခြင်း

အသင်းအဖွဲ့နဲ့လုပ်ဆောင်တဲ့အခါ ပူးပေါင်းဆောင်ရွက်မှုက အခရာကျပါတယ်။ဘုံရည်မှန်းတခုကိုလုပ်ဆောင်ဖို့အတွက် ဆွေးနွေးပွဲများကို မဟာဗျူဟာမြောက်ချမှတ်နိုင်ဖို့အတွက် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုကအရေးပါပါတယ်။မှန်ကန်စွာလုပ်ဆောင်မယ်ဆိုရင် ပူး ပေါင်းဆောင်ရွက်ခြင်းရဲ့ အကျိုးကျေးဇူးကိုသင်စတင်မြင်တွေ့ရမှာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတာကအကောင်းမြင်စိတ်နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ပါပဲ။ ပူးပေါင်းဆောင်ရွက်မှုကအလုပ်ပြီးမြောက်ဖို့အတွက် ထိရောက်တဲ့နည်းလမ်းတခုလည်းဖြစ်ပါတယ်။

ပြဿနာဖြေရှင်းခြင်း

ပြဿနာဖြေရှင်းနိုင်းသူများက ဘယ်လိုလုပ်ငန်းခွင်မှာမဆို တန်ဖိုးရှိပါတယ်။ပြဿနာကိုဖြေရှင်းနိုင်မှုစွမ်းရည်က လူတိုင်းမှာမရှိနိုင်ပါဘူး။ လုပ်ငန်းခွင်မှာ အမှားအယွင်းမရှိမှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ ဖြေရှင်းနိုင်တာက အဖိုးတန်တဲ့ အရည်အချင်းတခုပါပဲ။ပြဿနာတခုအ တွက် ဝေဖန်ပိုင်းခြားမှုနဲ့ ခွဲခြမ်းစိတ်ဖြာမှုစတဲ့ စွမ်းရည်တွေက လိုအပ်ပါတယ်။

တာဝန်ခံမှု

အောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့အတွက် သင်ကိုယ်တိုင်ကတာဝန်ခံမှုရှိဖို့လိုပါတယ်။ သင့်အဖွဲ့ရဲ့အောင်မြင်မှုများကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အမှားများအတွက်လည်း တာဝန်ယူဖို့လိုအပ်ပါတယ်။ အမှားတွေကိုသင်ခန်းစာယူပြီးအနာဂတ်မှာ မင်းဘယ်လိုတိုးတက်နိုင်မလဲဆိုတာကို အဖြေရှာနိုင်တာကလည်း တန်ဖိုးတခုပါပဲ။

အားလုံးပါဝင်မှု

အားလုံးပါဝင်နိုင်မှုက အရေးအကြီးဆုံးအချက်ပါပဲ။ ကျား၊ မ တန်းတူညီမျှမှု၊မတူကွဲပြားမှုအားလုံးကို လက်ခံယုံကြည်ခြင်းတွေပါဝင်ပါတယ်။ လူတဦးချင်းစီရဲ့စံတန်ဖိုးတွေကို လက်ခံတာကလည်း မတူညီကွဲပြားမှုကို လက်ခံပြီး အားလုံးပါဝင်မှုကိုအလေးထားတယ်ဆိုတာကို ပြသတာပါပဲ။ ဒီစွမ်းရည်ကလည်း လိုအပ်ပါတယ်။

လေးစားမှုရှိပါ

လုပ်ငန်းခွင်မှာ လေးစားမှုရှိခြင်းက ကျန်းမာပျော်ရွှင်တဲ့လုပ်ငန်းခွင်တခုကိုဖော်ဆောင်နိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကို ပိုကောင်းစေပါတယ်။လုပ်ဖော်ကိုင်ဖက်များကို ကျေးဇူးတင်ကြောင်းမှတ်ချက်တွေက လေးစားမှုနဲ့လေးမြတ်မှုကိုပြသဖို့ အကောင်းဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်။

MYit

zawgyi

ကူညီပေးပါလိမ့်မယ်။

Communication




ပြဿနာဖြေရှင်းခြင်း


တာဝန်ခံမှု


အားလုံးပါဝင်မှု


လေးစားမှုရှိပါ


MYit

Be the first to comment

Leave a Reply

Your email address will not be published.


*