ဒရာမာအသစ်မှာအတူတွဲမြင်ရတော့မယ့် Lee Se Young နဲ့ Na In Woo

Lee Se Young နဲ့ Na In Woo တို့ ဒရာမာအသစ် “Motel California” မှာပါဝင်သရုပ်ဆောင်မယ်လို့ ဇွန်လ ၁၃ရက်နေ့က တရားဝင်ကြေညာလိုက်ပါတယ်။ အပိုင်း ၁၂ပိုင်းပါတဲ့ ဒရာမာစီးရီးမှာ MBC ကနေ ၂၀၂၅မှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်။“Motel California” ကို Lee Seo Yoon ရေးသားထားတဲ့ အချစ်ဒရာမာဖြစ်ပြီး ဒါရိုက်တာ Jang Joon Ho နဲ့ Kim Hyung Min တို့က ရိုက်ကူးမှာဖြစ်ပါတယ်။ Shim Yoon Seo ရဲ့ ဝတ္ထုဖြစ်တဲ့ “Home, Bitter Home” ကို အခြေခံထားတာဖြစ်ပါတယ်။ဇာတ်လမ်းက “Motel California” လို့ခေါ်တဲ့ ကျေးလက်မိုတယ်တခုမှာ ကြီးပြင်းလာတဲ့အမျိုးသမီးတဦးရဲ့ နောက်ဆက်တွဲအကြောင်းဖြစ်ပါတယ်။ ဇာတိမြို့ကနေထွက်လာပြီးနောက်မှာ ၁၂နှစ်အကြာမှာ သူမရဲ့အချစ်ဦးနဲ့ ပြန်လည်ချိတ်ဆက်မိပြီးစိန်ခေါ်မှုအသစ်တွေရင်ဆိုင်ရတာဖြစ်ပါတယ်။

Lee Se Young က ​​သူမရဲ့ ဖခင်ပိုင်ဆိုင်တဲ့ မိုတယ်တစ်ခုမှာ ကြီးပြင်းလာတဲ့ Ji Kang Hee အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ သူမက ဘဝနောက်ခံကြောင့် စိန်ခေါ်မှုများစွာနဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာများနဲ့ကြီးပြင်းလာရသူဖြစ်ပါတယ်။ သူမရဲ့ငယ်သူငယ်ချင်း Cheon
Yeon Soo ကိုချစ်မိပေမဲ့ အသက် ၂၀မှာ အားလုံးကိုချန်ထားခဲ့ပြီးဆိုးလ်မြို့ကိုပြောင်းရွေ့ခဲ့ပါတယ်။ ဆိုးလ်မှာ Interior Designer အဖြစ် အသက်မွေးခဲ့ပါတယ်။ ၁၂နှစ်အကြာမျာ သူမရဲ့အသက်မွေးဝမ်းကြောင်းက အထွတ်အထိပ်အောင်မြင်လာတဲ့အခါမှာသူမရဲ့မွေးရပ်မြေကိုပြန်သွားပြီး အချစ်ဦးနဲ့ ပြန်လည်ဆက်သွယ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် Na In Woo က Cheon Yeon Soo အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ Yeon Soo က တသက်လုံး မိန်းမတယောက်တည်းကိုသာ ချစ်မြတ်နိုးသောယောက်ျားအဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူက တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးအဖြစ်လုပ် ကိုင်နေပြီး ကျေးရွာမှာ တောင်သူအားလုံးရဲ့ အလေးပေးမှုကို ခံနေရသူလည်းဖြစ်ပါတယ်။သူတို့ရဲ့သမီးများနဲ့ ကမ်းလှမ်းဖို့ နေ့ရောညပါ ကြိုးစားနေကြပါတယ်။ ဒီဇာတ်လမ်းလေးကစိတ်ဝင်စားစရာကောင်းမှာအမှန်ဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးနဲ့နောက်ဆုံးမိန်းကလေးပြန်ရောက်လာတဲ့အခါမှာ သူတို့အဆင်ပြေကြလား၊ဘယ်လိုတွေရင်ဆိုင်ကြရမလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။

“လူတိုင်းရဲ့ အချစ်ဦးရဲ့ လွမ်းဆွတ်ဖွယ်ရာ ခံစားချက်တွေကို ကြည်နူးစရာကောင်းပြီးလှည့်ကွက်တွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဖမ်းစားထားပါတယ်လို့ထုတ်လုပ်ရေးအဖွဲ့က မှတ်ချက်ပေးပါတယ်။ “Lee Se Young နဲ့ Na In Woo တို့ဟာအရမ်းလေးစားရတဲ့ သရုပ်ဆောင်တွေပါ။ သူတို့အတွဲက လိုက်ဖက်နေပြီး ကြည့်ရှုသူတွေကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ လူငယ်အချစ်ဇာတ်လမ်းသစ်ကို မျှော်လင့်နိုင်ပါတယ်။” “Motel California” ကို ၂၀၂၅မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။

MYit

zawgyi

Lee Se Young နဲ႔ Na In Woo တို႔ ဒရာမာအသစ္ “Motel California” မွာပါဝင္သ႐ုပ္ေဆာင္မယ္လို႔ ဇြန္လ ၁၃ရက္ေန႔က တရားဝင္ေၾကညာလိုက္ပါတယ္။ အပိုင္း ၁၂ပိုင္းပါတဲ့ ဒရာမာစီးရီးမွာ MBC ကေန ၂၀၂၅မွာ ထုတ္လႊင့္ျပသဖို႔ စီစဥ္ထားပါတယ္။“Motel California” ကို Lee Seo Yoon ေရးသားထားတဲ့ အခ်စ္ဒရာမာျဖစ္ၿပီး ဒါ႐ိုက္တာ Jang Joon Ho နဲ႔ Kim Hyung Min တို႔က ႐ိုက္ကူးမွာျဖစ္ပါတယ္။ Shim Yoon Seo ရဲ႕ ဝတၳဳျဖစ္တဲ့ “Home, Bitter Home” ကို အေျခခံထားတာျဖစ္ပါတယ္။ဇာတ္လမ္းက “Motel California” လို႔ေခၚတဲ့ ေက်းလက္မိုတယ္တခုမွာ ႀကီးျပင္းလာတဲ့အမ်ိဳးသမီးတဦးရဲ႕ ေနာက္ဆက္တြဲအေၾကာင္းျဖစ္ပါတယ္။ ဇာတိၿမိဳ႕ကေနထြက္လာၿပီးေနာက္မွာ ၁၂ႏွစ္အၾကာမွာ သူမရဲ႕အခ်စ္ဦးနဲ႔ ျပန္လည္ခ်ိတ္ဆက္မိၿပီးစိန္ေခၚမႈအသစ္ေတြရင္ဆိုင္ရတာျဖစ္ပါတယ္။

Lee Se Young က ​​သူမရဲ႕ ဖခင္ပိုင္ဆိုင္တဲ့ မိုတယ္တစ္ခုမွာ ႀကီးျပင္းလာတဲ့ Ji Kang Hee အျဖစ္ သ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္။ သူမက ဘဝေနာက္ခံေၾကာင့္ စိန္ေခၚမႈမ်ားစြာနဲ႔စိတ္ပိုင္းဆိုင္ရာဒဏ္ရာမ်ားနဲ႔ႀကီးျပင္းလာရသူျဖစ္ပါတယ္။ သူမရဲ႕ငယ္သူငယ္ခ်င္း Cheon
Yeon Soo ကိုခ်စ္မိေပမဲ့ အသက္ ၂၀မွာ အားလုံးကိုခ်န္ထားခဲ့ၿပီးဆိုးလ္ၿမိဳ႕ကိုေျပာင္းေ႐ြ႕ခဲ့ပါတယ္။ ဆိုးလ္မွာ Interior Designer အျဖစ္ အသက္ေမြးခဲ့ပါတယ္။ ၁၂ႏွစ္အၾကာမ်ာ သူမရဲ႕အသက္ေမြးဝမ္းေၾကာင္းက အထြတ္အထိပ္ေအာင္ျမင္လာတဲ့အခါမွာသူမရဲ႕ေမြးရပ္ေျမကိုျပန္သြားၿပီး အခ်စ္ဦးနဲ႔ ျပန္လည္ဆက္သြယ္ခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပင္ Na In Woo က Cheon Yeon Soo အျဖစ္ သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။ Yeon Soo က တသက္လုံး မိန္းမတေယာက္တည္းကိုသာ ခ်စ္ျမတ္ႏိုးေသာေယာက္်ားအျဖစ္သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။ သူက တိရစာၦန္ေဆးကုဆရာဝန္တစ္ဦးအျဖစ္လုပ္ ကိုင္ေနၿပီး ေက်း႐ြာမွာ ေတာင္သူအားလုံးရဲ႕ အေလးေပးမႈကို ခံေနရသူလည္းျဖစ္ပါတယ္။သူတို႔ရဲ႕သမီးမ်ားနဲ႔ ကမ္းလွမ္းဖို႔ ေန႔ေရာညပါ ႀကိဳးစားေနၾကပါတယ္။ ဒီဇာတ္လမ္းေလးကစိတ္ဝင္စားစရာေကာင္းမွာအမွန္ျဖစ္ပါတယ္။ သူ႔ရဲ႕ပထမဆုံးနဲ႔ေနာက္ဆုံးမိန္းကေလးျပန္ေရာက္လာတဲ့အခါမွာ သူတို႔အဆင္ေျပၾကလား၊ဘယ္လိုေတြရင္ဆိုင္ၾကရမလဲဆိုတာ စိတ္လႈပ္ရွားစြာနဲ႔ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

“လူတိုင္းရဲ႕ အခ်စ္ဦးရဲ႕ လြမ္းဆြတ္ဖြယ္ရာ ခံစားခ်က္ေတြကို ၾကည္ႏူးစရာေကာင္းၿပီးလွည့္ကြက္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဇာတ္လမ္းတစ္ပုဒ္အျဖစ္ ဖမ္းစားထားပါတယ္လို႔ထုတ္လုပ္ေရးအဖြဲ႕က မွတ္ခ်က္ေပးပါတယ္။ “Lee Se Young နဲ႔ Na In Woo တို႔ဟာအရမ္းေလးစားရတဲ့ သ႐ုပ္ေဆာင္ေတြပါ။ သူတို႔အတြဲက လိုက္ဖက္ေနၿပီး ၾကည့္ရႈသူေတြကိုစိတ္လႈပ္ရွားစရာေကာင္းတဲ့ လူငယ္အခ်စ္ဇာတ္လမ္းသစ္ကို ေမွ်ာ္လင့္ႏိုင္ပါတယ္။” “Motel California” ကို ၂၀၂၅မွာ ထုတ္လႊင့္ဖို႔ စီစဥ္ထားပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*