အရေပြားကင်ဆာရောဂါခံစားနေရတဲ့ အဆိုတော် Kevin Jonas

အဆိုတော် Kevin Jonas က မကြာသေးမီက အရေပြားကင်ဆာကို ကုသခဲ့ပြီးနောက် လူများကိုသူတို့ရဲ့အရေးပြားနဲ့ပတ်သက်ပြိးဆရာဝန်ပြဖို့ တိုက်တွန်းနေပါတယ်။ Jonas Brothers အဆိုတော်က အင်္ဂါနေ့မှာ လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုတခုတင်ခဲ့ပြီးသူ့ရဲ့ရောဂါရှာဖွေတွေ့ရှိမှုကို အတည်ပြုထားပါတယ်။ဒါကြောင့် ဒီနေ့ ကျွန်တော့်ဦးခေါင်းကနေ basal cell carcinoma ကို ဖယ်ရှားလိုက်ပါပြီလို့
Jonas က သူ့နဖူးပေါ်က နေရာကို ညွှန်ပြရင်း ပြောခဲ့ပါတယ်။

ဟုတ်တယ်၊ အဲဒါက တကယ့်အရေပြားကင်ဆာ အကောင်သေးသေးလေးဖြစ်ပြီး အခုမှဖယ်ထုတ်ဖို့ ခွဲစိတ်ရတော့မယ် Basal cell carcinoma က အရေပြားပေါ်ရှိ အကြည်ဖုလို အဖုအထစ်တခုဖြစ်နိုင်ပြီး ဦးခေါင်း၊လည်ပင်းနဲ့ နေရောင်ခြည်နဲ့ အများဆုံးထိတွေ့တဲ့နေရာမှာ အများဆုံးဖြစ်ပွားလေ့ရှိကြောင်းကျန်းမာရေးကျွမ်းကျင်သူ Dr.Leana Wen က CNN ကိုပြောပါတယ်။“အဲဒီ မှဲ့တွေကို လူတွေက သေချာစစ်ဆေးဖို့ လိုပါတယ်” လို့ Jonas က ကြည့်ရှုသူတွေကိုပြောကြားခဲ့ပါတယ်။ပရိသတ်တွေကလည်း စိတ်မကောင်းကြောင်းနဲ့ အသိပညာပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုပြီး ပြောထားပါတယ်။ အမြန်ဆုံးကောင်းမွန်ပါစေဆိုတဲ့ဆုတောင်းမှတ်ချက်တွေလည်း ရေးသားခဲ့ကြပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*