Toxic ဖြစ်နေတဲ့ လုပ်ငန်းခွင်ကို ကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်း (၅)ခု

31162614 - businessman working by using a gas mask and an umbrella

အလုပ်မှာ သင်ပျော်ရွှင်ရဲ့လား။ လုပ်ငန်းခွင်အကြောင်းတွေးလိုက်တာနဲ့ စိတ်ညစ်ညူးပြီးလုပ်ဖော်ကိုင်ဖက်နဲ့ အထက်လူကြီးကအစ အရာအားလုံးက သင့်အတွက်စိတ်ဖိစီးစရာ၊စိတ်ပျက်စရာလို့ ခံစားလာရပြီဆိုရင်တော့ သင်က Toxic ဖြစ်တဲ့ လုပ်ငန်းခွင်မှာ ရောက်နေပါပြီ။
ဒီလိုအခြေအနေမှာ သင့်အနေနဲ့ ဘယ်လိုမျိုးရှေ့ဆက်မလဲဆိုတဲ့အချက်ကစဉ်းစားစရာဖြစ်လာနေပါပြီ။ ဒီလိုအခြေအနေမှာ သင့်အနေနဲ့
လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။

မတူကွဲပြားမှုနဲ့ပေါင်းစည်းခြင်းဆိုင်ရာမူဝါဒကို တောင်းဆိုပါ

လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံမှုတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေကို ဖြေရှင်းဖို့အတွက်မတူကွဲပြားမှုနဲ့ ပေါင်းစည်းခြင်းဆိုင်ရာ မူဝါဒရှိဖို့လိုပါတယ်။ Diversity and Inclusion Policies ပဲဖြစ်ပါတယ်။ ဒီပေါ်လစီက သင့်လုပ်ငန်းခွင်မှာ၊ သင့်အဖွဲ့ထဲမှာ အပြန်အလှန်အကျိုးဖြစ်စေမယ့်ပေါ်လစီဖြစ်ပြီး အပြန်အလှန်ထိန်းကျောင်းပေးနိုင်ပါတယ်။

ကိုယ့်အတွက်ရှင်းလင်းတဲ့ boundary သတ်မှတ်ပါ

လုပ်ငန်းခွင်နဲ့ ဘဝဟန်ချက်ညီညီသွားမှလည်း သင့်အနေနဲ့ ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့ ကိုယ့်ရဲ့ JD တွေကိုသေသေချာချာရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။ မရှိသေးရင်လည်း ကိုယ့်ရာထူးနဲ့ကိုက်ညီတဲ့အလုပ်တာဝန်တွေကို သတ်မှတ်ပေးဖို့ တောင်းဆိုပါ။ ဒါမှသာ ဘယ်အလုပ်ကတော့သင့်ရဲ့ရာထူးအောက်မှာ ရှိတယ်၊ ဘယ်အလုပ်ကတော့ သင့်အနေနဲ့ လုပ်ပေးဖို့တာဝန်မရှိဘူးလဲဆိုတာကို ရှင်းလင်းစွာသိနိုင်မှာဖြစ်ပါတယ်။အလုပ်နဲ့ဘဝဟန်ချက်ညီဖို့အတွက် ကိုယ့်အတွက်ဝန်ပိစေတဲ့ တချို့အရာတွေကို
ပလပ်ဖြုတ်ဖို့ကြိုးစားပါ။

အသိအမှတ်ပြုမှုကို ပိုမိုအားပေးပါ

အသိအမှတ်ပြုမှုက အားလုံးအတွက်၊ ဘယ်လိုနေရာမျိုးအတွက်မဆို အရေးကြီးပါတယ်။ဥပမာသန့်ရှင်းရေးအလုပ်သမားကိုတောင် … အခန်းသန့်ရှင်းထားတာက တော်လိုက်တာ၊ဖုန်တမှုံတောင် မတွေ့ရဘူးဆိုတာမျိုး ချီးကျူးအသိအမှတ်ပြုစကားကလည်းသူ့အလုပ်ရဲ့တန်ဖိုးကို မြှင့်တင်ပေးရာရောက်ပါတယ်။ ဒီအလုပ်ကသူ့အတွက်အရေးကြီးတယ်ဆိုတာကို ထင်မြင်လာစေဖို့ဒီလိုအသိအမှတ်ပြုမှုသေးသေးလေးတွေကလည်း လုပ်ငန်းခွင်မှာအရေးကြီးပါတယ်။လုပ်ဖော်ကိုင်ဖက်အချင်းချင်းဖြစ်စေ၊ ကိုယ့်ရဲ့လက်အောက်က ဝန်ထမ်းကိုဖြစ်စေ၊ကိုယ့်ရဲ့ဂျူနီယာလေးတွေကိုဖြစ်စေ၊ ကိုယ့်ရဲ့စီနီယာကိုဖြစ်စေ အပြန်အလှန်အသိအမှတ်ပြုမှုကတန်ဖိုးနဲ့ယုံကြည်မှုကို မြှင့်တင်ပေးရာရောက်ပါတယ်။ဒီလိုအသိအမှတ်ပြုမှုသေးသေးလေးတွေကလည်း ပိုက်ဆံမကုန်ဘဲ ဝန်ထမ်းတွေကိုချီးမြှောက်တဲ့ နည်းလမ်းတခုပါပဲ။ ဒီလိုအသိအမှတ်ပြုခံရတဲ့ ဝန်ထမ်းက ကိုယ့်ရဲ့တန်ဖိုးကိုပိုမိုသိမြင်လာပြီး ယုံကြည်မှုလည်း ပိုတိုးလာစေတာကြောင့် ကုန်ထုတ်လုပ်မှုလည်း
မြင့်မားလာနိုင်ပါတယ်။

ပြတ်သားတဲ့ ပန်းတိုင်နဲ့ ခိုင်မာတဲ့ ဆက်သွယ်မှုများကိုတည်ဆောက်ပါ

အဖွဲ့အစည်းတခု၊ ကုမ္ပဏီတခုမှာအရေးအကြီးဆုံးကတော့ ပြတ်သားတဲ့ ပန်းတိုင်ရှိဖို့ပါပဲ။ဒီလိုမှမဟုတ်ရင် ဟိုဟာလုပ်ရနိုးနိုး၊ ဒီဟာလုပ်ရနိုးနိုးနဲ့ ရှေ့ကိုသာချီတက်နေရတယ်ပန်းတိုင်ပျောက်သလိုမျိုး ခံစားရမှာပါ။ အောင်မြင်တဲ့အဖွဲ့အစည်းတခုဖြစ်ဖို့ ပြတ်သတ်ားတဲ့ပန်းတိုင်နဲ့ ခိုင်မာတဲ့ ဆက်သွယ်မှုများလိုအပ်ပါတယ်။ ဆက်သွယ်မှုအားနည်းတာကြောင့်လည်းလုပ်ငန်းခွင်မှာ အထင်အမြင်လွဲများမှုတွေ၊ အချင်း ချင်းအမြင်မကြည်လင်မှုတွေ၊နားလည်မှုလွဲတာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ခိုင်မာတဲ့ဆက်သွယ်ချိတ်ဆက်မှုတွေရှိဖို့လိုပါတယ်။

Complaint တွေကိုအမြန်ဖြေရှင်းပါ

မကျေနပ်မှုတခုခုအတွက် အမြန်ဖြေရှင်းတဲ့နည်းလမ်းက လုပ်ငန်းခွင်မှာအဆိပ်အတောက်နည်းစေပါတယ်။ ပြဿနာတခုကို မဖြေရှင်းဘဲထားတာကအချိန်ကြာလာတဲ့အမျှ အဆိပ်အတောက်တခုလုံးက အဖွဲ့အစည်းတခုလုံးကိုကူးစက်သွားစေနိုင်ပါတယ်။ ဒါကြောင့် မကျေနပ်ချက်တွေရှိလာတဲ့အခါ ကြားနာပြီးဖြေရှင်းချက်၊ တုံ့ပြန်ချက်ပေးသင့်ပါတယ်။လုပ်ငန်းခွင်အဆိပ်အတောက်တွေကို ဒီလိုနည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ဒီအချက်တွေက သင့်အတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်မျှော်လင့်ရင်းအဆိပ်အတောက်ကင်းတဲ့ လုပ်ငန်းခွင်တွေဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

MYit

zawgyi

အလုပ္မွာ သင္ေပ်ာ္႐ႊင္ရဲ႕လား။ လုပ္ငန္းခြင္အေၾကာင္းေတြးလိုက္တာနဲ႔ စိတ္ညစ္ညဴးၿပီးလုပ္ေဖာ္ကိုင္ဖက္နဲ႔ အထက္လူႀကီးကအစ အရာအားလုံးက သင့္အတြက္စိတ္ဖိစီးစရာ၊စိတ္ပ်က္စရာလို႔ ခံစားလာရၿပီဆိုရင္ေတာ့ သင္က Toxic ျဖစ္တဲ့ လုပ္ငန္းခြင္မွာ ေရာက္ေနပါၿပီ။
ဒီလိုအေျခအေနမွာ သင့္အေနနဲ႔ ဘယ္လိုမ်ိဳးေရွ႕ဆက္မလဲဆိုတဲ့အခ်က္ကစဥ္းစားစရာျဖစ္လာေနပါၿပီ။ ဒီလိုအေျခအေနမွာ သင့္အေနနဲ႔
လုပ္ေဆာင္ႏိုင္တဲ့နည္းလမ္းေတြရွိပါတယ္။

မတူကြဲျပားမႈနဲ႔ေပါင္းစည္းျခင္းဆိုင္ရာမူဝါဒကို ေတာင္းဆိုပါ

လုပ္ငန္းခြင္မွာ ခြဲျခားဆက္ဆံမႈေတြ၊ လုပ္ငန္းခြင္အႏိုင္က်င့္မႈေတြကို ေျဖရွင္းဖို႔အတြက္မတူကြဲျပားမႈနဲ႔ ေပါင္းစည္းျခင္းဆိုင္ရာ မူဝါဒရွိဖို႔လိုပါတယ္။ Diversity and Inclusion Policies ပဲျဖစ္ပါတယ္။ ဒီေပၚလစီက သင့္လုပ္ငန္းခြင္မွာ၊ သင့္အဖြဲ႕ထဲမွာ အျပန္အလွန္အက်ိဳးျဖစ္ေစမယ့္ေပၚလစီျဖစ္ၿပီး အျပန္အလွန္ထိန္းေက်ာင္းေပးႏိုင္ပါတယ္။

ကိုယ့္အတြက္ရွင္းလင္းတဲ့ boundary သတ္မွတ္ပါ

လုပ္ငန္းခြင္နဲ႔ ဘဝဟန္ခ်က္ညီညီသြားမွလည္း သင့္အေနနဲ႔ ေပ်ာ္႐ႊင္တဲ့ဘဝကိုပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ ကိုယ့္ရဲ႕ JD ေတြကိုေသေသခ်ာခ်ာရွင္းရွင္းလင္းလင္းသိဖို႔လိုပါတယ္။ မရွိေသးရင္လည္း ကိုယ့္ရာထူးနဲ႔ကိုက္ညီတဲ့အလုပ္တာဝန္ေတြကို သတ္မွတ္ေပးဖို႔ ေတာင္းဆိုပါ။ ဒါမွသာ ဘယ္အလုပ္ကေတာ့သင့္ရဲ႕ရာထူးေအာက္မွာ ရွိတယ္၊ ဘယ္အလုပ္ကေတာ့ သင့္အေနနဲ႔ လုပ္ေပးဖို႔တာဝန္မရွိဘူးလဲဆိုတာကို ရွင္းလင္းစြာသိႏိုင္မွာျဖစ္ပါတယ္။အလုပ္နဲ႔ဘဝဟန္ခ်က္ညီဖို႔အတြက္ ကိုယ့္အတြက္ဝန္ပိေစတဲ့ တခ်ိဳ႕အရာေတြကို
ပလပ္ျဖဳတ္ဖို႔ႀကိဳးစားပါ။

အသိအမွတ္ျပဳမႈကို ပိုမိုအားေပးပါ

အသိအမွတ္ျပဳမႈက အားလုံးအတြက္၊ ဘယ္လိုေနရာမ်ိဳးအတြက္မဆို အေရးႀကီးပါတယ္။ဥပမာသန႔္ရွင္းေရးအလုပ္သမားကိုေတာင္ … အခန္းသန႔္ရွင္းထားတာက ေတာ္လိုက္တာ၊ဖုန္တမႈံေတာင္ မေတြ႕ရဘူးဆိုတာမ်ိဳး ခ်ီးက်ဴးအသိအမွတ္ျပဳစကားကလည္းသူ႔အလုပ္ရဲ႕တန္ဖိုးကို ျမႇင့္တင္ေပးရာေရာက္ပါတယ္။ ဒီအလုပ္ကသူ႔အတြက္အေရးႀကီးတယ္ဆိုတာကို ထင္ျမင္လာေစဖို႔ဒီလိုအသိအမွတ္ျပဳမႈေသးေသးေလးေတြကလည္း လုပ္ငန္းခြင္မွာအေရးႀကီးပါတယ္။လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္းျဖစ္ေစ၊ ကိုယ့္ရဲ႕လက္ေအာက္က ဝန္ထမ္းကိုျဖစ္ေစ၊ကိုယ့္ရဲ႕ဂ်ဴနီယာေလးေတြကိုျဖစ္ေစ၊ ကိုယ့္ရဲ႕စီနီယာကိုျဖစ္ေစ အျပန္အလွန္အသိအမွတ္ျပဳမႈကတန္ဖိုးနဲ႔ယုံၾကည္မႈကို ျမႇင့္တင္ေပးရာေရာက္ပါတယ္။ဒီလိုအသိအမွတ္ျပဳမႈေသးေသးေလးေတြကလည္း ပိုက္ဆံမကုန္ဘဲ ဝန္ထမ္းေတြကိုခ်ီးေျမႇာက္တဲ့ နည္းလမ္းတခုပါပဲ။ ဒီလိုအသိအမွတ္ျပဳခံရတဲ့ ဝန္ထမ္းက ကိုယ့္ရဲ႕တန္ဖိုးကိုပိုမိုသိျမင္လာၿပီး ယုံၾကည္မႈလည္း ပိုတိုးလာေစတာေၾကာင့္ ကုန္ထုတ္လုပ္မႈလည္း
ျမင့္မားလာႏိုင္ပါတယ္။

ျပတ္သားတဲ့ ပန္းတိုင္နဲ႔ ခိုင္မာတဲ့ ဆက္သြယ္မႈမ်ားကိုတည္ေဆာက္ပါ

အဖြဲ႕အစည္းတခု၊ ကုမၸဏီတခုမွာအေရးအႀကီးဆုံးကေတာ့ ျပတ္သားတဲ့ ပန္းတိုင္ရွိဖို႔ပါပဲ။ဒီလိုမွမဟုတ္ရင္ ဟိုဟာလုပ္ရႏိုးႏိုး၊ ဒီဟာလုပ္ရႏိုးႏိုးနဲ႔ ေရွ႕ကိုသာခ်ီတက္ေနရတယ္ပန္းတိုင္ေပ်ာက္သလိုမ်ိဳး ခံစားရမွာပါ။ ေအာင္ျမင္တဲ့အဖြဲ႕အစည္းတခုျဖစ္ဖို႔ ျပတ္သတ္ားတဲ့ပန္းတိုင္နဲ႔ ခိုင္မာတဲ့ ဆက္သြယ္မႈမ်ားလိုအပ္ပါတယ္။ ဆက္သြယ္မႈအားနည္းတာေၾကာင့္လည္းလုပ္ငန္းခြင္မွာ အထင္အျမင္လြဲမ်ားမႈေတြ၊ အခ်င္း ခ်င္းအျမင္မၾကည္လင္မႈေတြ၊နားလည္မႈလြဲတာေတြျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ ခိုင္မာတဲ့ဆက္သြယ္ခ်ိတ္ဆက္မႈေတြရွိဖို႔လိုပါတယ္။

Complaint ေတြကိုအျမန္ေျဖရွင္းပါ

မေက်နပ္မႈတခုခုအတြက္ အျမန္ေျဖရွင္းတဲ့နည္းလမ္းက လုပ္ငန္းခြင္မွာအဆိပ္အေတာက္နည္းေစပါတယ္။ ျပႆနာတခုကို မေျဖရွင္းဘဲထားတာကအခ်ိန္ၾကာလာတဲ့အမွ် အဆိပ္အေတာက္တခုလုံးက အဖြဲ႕အစည္းတခုလုံးကိုကူးစက္သြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ မေက်နပ္ခ်က္ေတြရွိလာတဲ့အခါ ၾကားနာၿပီးေျဖရွင္းခ်က္၊ တုံ႔ျပန္ခ်က္ေပးသင့္ပါတယ္။လုပ္ငန္းခြင္အဆိပ္အေတာက္ေတြကို ဒီလိုနည္းလမ္းေတြနဲ႔ ကိုင္တြယ္ေျဖရွင္းႏိုင္ပါတယ္။ဒီအခ်က္ေတြက သင့္အတြက္ အေထာက္အကူျဖစ္ေစမယ္လို႔ ယုံၾကည္ေမွ်ာ္လင့္ရင္းအဆိပ္အေတာက္ကင္းတဲ့ လုပ္ငန္းခြင္ေတြျဖစ္ၾကပါေစလို႔ ဆႏၵျပဳလိုက္ရပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*