ဇိမ်ခံကားအစီး ၁၅၀နဲ့ ကိုယ်ပိုင်ဂျက်လေယာဉ် ၁၂စင်းကို ဧည့်သည်တွေအတွက် စီစဉ်ပေးထားတဲ့ အန္ဒိယသန်းကြွယ်သူဌေးရဲ့သား အကြိုမင်္ဂလာပွဲ

အိန္ဒိယရဲ့သန်းကြွယ်သူဌေးကြီးရဲ့သားဖြစ်သူ မင်္ဂလာပွဲမှာ ဧည့်သည်တွေအတွက် ဇိမ်ခံကားအစီး ၁၅၀နဲ့ကိုယ်ပိုင်ဂျက်လေယာဉ် ၁၂စင်းကို စီစဉ်ပေးထားပါတယ်။ Anant Ambani နဲ့ Radhika Merchant တို့ရဲ့ မင်္ဂလာပွဲကို ပြင်သစ်ကဒေါ်လာသန်းပေါင်းများစွာတန်တဲ့ အပျော်စီးသင်္ဘောပေါ်မှာ ပါတီပွဲကျင်းပနေတာဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာပွဲက ဒါကဒုတိယအကြိမ်မြောက်လုပ်တဲ့ အကြိုမင်္ဂလာပွဲပဲဖြစ်ပါတဘ်။သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲကို ကမ္ဘာတဝန်းက အကျော်အမော်တွေနဲ့ နာမည်ကြီးတွေတက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုလည်း ဧည့်ပရိသတ်ပေါင်း ၈၀၀ကိုဖိတ်ကြားပြီး မင်္ဂလာပွဲအကြိုပြုလုပ်နေတာဖြစ်ပါတယ်။အိန္ဒိယသန်းကြွယ်သူဌေးကြီး အန်ဘာနီက သူ့သားရဲ့မင်္ဂလာပွဲမှာ ဇိမ်းခံပစ္စည်းများစွာကိုသုံးစွဲခဲ့ပါတဘ်။ အန်ဘာနီက ဘာစီလိုနာကိုရောက်ရှိနေတဲ့ ထိပ်တန်းကြယ်ပွင့်များနဲ့ဧည့်သည်တွေအတွက် စင်လုံးငှားလေယာဉ် ၁၀စင်းကို စီစဉ်ပေးခဲ့ပါတယ်။နာမည်ကြီးပုဂ္ဂိုလ်တွေ သက်သောင့်သက်သာခရီးဖြစ်ဖို့အ တွက် စီစဉ်ပေးတာဖြစ်တယ်လို့AajTak က အတည်ပြုပြောကြားခဲ့ပါတယ်။ဒါ့အပြင် ကိုယ်ပိုင်ဂျက်လေယာဉ် ၁၂စင်းကိုလည်း စီစဉ်ပေးခဲ့ပါသေးတယ်။ နောက်ပြီးဧည့်သည်တွေကို အထူးဇိမ်ခံကား ၁၅၀နဲ့ ကျွမ်းကျင်ယာဉ်မောင်းများကလိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။မင်္ဂလာမောင်နှံရဲ့ တကယ့်မင်္ဂလာပွဲက ဇူလိုင်လမှာကျင်းပမှာဖြစ်ပြီး အခုက အကြိုမင်္ဂလာပွဲကျင်းပနေတာဖြစ်ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*