ကံကောင်းခြင်း သင်္ကေတများနဲ့ လက္ခဏာများ (အပိုင်း ၃)

ကံကောင်းစေတဲ့ နိမိတ်လေးတွေ မင်းမြင်တွေ့ခဲ့ရဖူးလား။ ကံကောင်းခြင်းမှာ သင်္ကေတတွေ၊လက္ခဏာတွေရှိတတ်ပါတယ်။ အဲဒါက ပုံစံမျိုးစုံနဲ့ ကိုယ်အနားမှာ နိမိတ်ပြတတ်ပါတယ်။ကံကောင်းစေဖို့အတွက် ပထမဆုံးလုပ်ရမယ့်အချက်ကတော့ အဆိုးမြင်စိတ်တွေ၊အတွေးတွေကို ကိုယ့်စိတ်ထဲကနေ မောင်းထုတ်တာပါပဲ။ ကောင်းမွန်တဲ့အရာ၊ကံကောင်းခြင်းတွေ ကိုယ့်ဆီကိုလာနေပြီလို့ တွေးကြည့်ပါ။သ ဘာဝတရားတွေ၊ အပင်တွေ၊အင်ဆက်ပိုးမွှားတွေ၊ တိရစ္ဆာန်တွေစတဲ့အရာတွေကနေ ကံကောင်းခြင်းသင်္ကေတတွေတွေ့ရနိုင်ပါတယ်။ တချို့ကလည်း အရာဝတ္တုတွေ၊ နံပါတ်တွေ၊ အိပ်မက်တွေ၊သဘာဝဖြစ်ရပ်တွေ၊ အရောင်တွေနဲ့ တွေ့မြင်ရတတ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာတဝန်းကကံကောင်းစေတဲ့ နမိတ်လက္ခဏာတွေကို အပိုင်း (၃)အနေနဲ့ ပြောပြချင်ပါတယ်။နောက်အပိုင်းတွေမှာ ဘယ်အရာတွေက ကံကောင်းခြင်းနိမိတ်တွေဖြစ်မလဲဆိုတာဆက်ဖတ်ကြည့်ဖို့ မမေ့နဲ့နော်။

လင်းပိုင်

လင်းပိုင်တွေကိုတွေ့ရတာက အထူးကံကောင်းမှုလို့ဆိုကြပါတယ်။ ပင်လယ်ပြင်မှာရှေးခေတ်သင်္ဘောသားတွေက လင်းပိုင်များအနီးမှာကူးခတ်နေတယ်ဆိုရင် ကံကောင်းတယ်လို့ယူဆကြပါတယ်။ ပြီးတော့ လင်းပိုင်တွေက ငါးမန်းတွေကို မောင်းထုတ်နိုင်ပြီး ရေနစ်နေတဲ့
ရေလုပ်သားတွေကူညီပေးတာကြောင့် သူတို့ကိုကံကောင်းစေတယ်လို့သတ်မှတ်ကြပါတယ်။ပြီးတော့ လင်းပိုင်လေးတွေကိုအကာအ ကွယ်ပေးသူများလို့ ခေါ်ကြပါတယ်။

ဆင်များ

ဆင်များက အကြီးဆုံးကုန်းသတ္တဝါဖြစ်ပြီး နက်နဲသောအသိပညာ၊အာရုံခံနိုင်စွမ်းတွေရှိကြပါတယ်။ ဆင်များက ကံကောင်းခြင်း၊ ဉာဏ် ပညာနဲ့အကာအကွယ်တွေကို ကိုယ်စားပြုတယ်လို့ အယူအဆရှိကြပါတယ်။ အရှေ့တောင်အာရှမှာဆင်ဖြူတော်များကို ဘုန်းကံကြီးမားတယ်၊ ကံကောင်းတယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ဆင်များက အနုပညာနဲ့ ယဉ်ကျေးမှုများတွေမှာ အများဆုံးသရုပ်ဖော်ကြပြီးကံ ကောင်းခြင်းသင်္ကေတအဖြစ်သတ်မှတ်ကြပါတယ်။

ဖား

ဖားများကို စည်းစိမ်ဥစ္စာ၊ ချစ်ကြည်ရင်းနှီးမှုနဲ့ မွေးဖွားမှုတို့ကို ကိုယ်စားပြုတယ်လို့ယူဆကြပါတယ်။ ရောမလူမျိုးများက ဖားများကို အိမ်အတွက်ကံကောင်းစေတဲ့အဆောင်အဖြစ် အသုံးပြုကြပါတယ်။ ဖျားများက မွေးဖွားခြင်း၊ရှင်သန်ထမြောက်ခြင်းအတွက်သင်္ကေဖြစ်တယ်လို့ဆိုကြပါတယ်။ ကြွယ်ဝချမ်းသာမှုများကိုဆွဲဆောင်ရန်အတွက် အိမ်မှာ ပိုက်ဆံဖားများကို ထားရှိကြပါတယ်။မူလဩစတေးလျလူမျိုးများက ဖားများကို မိုးခြိမ်းခြင်းနဲ့ မိုးရွာခြင်းတို့ကိုယူဆောင်လာတယ်လို့ ယုံကြည်ကြပါတယ်။ ရှေးခေတ်အီဂျစ် Hekt က ဖားနတ်ဘုရားမဖြစ်ပြီးမွေးကင်းစကလေးများကို အကာအကွယ်ပေးခဲ့ပါတယ်။

လိပ်

လိပ်များကတော့ ကုန်းနေတွားသွားသတ္တဝါများဖြစ်ပြီး ယဉ်ကျေးမှုများစွာမှာအမှတ်အသားတခုဖြစ်ပါတယ်။ ဖားတွေကို ဖန်ဆင်းခြင်း၊ တည်ကြည်ခြင်း၊ ကမ္ဘာမြေ၊မသေနိုင်ခြင်းနဲ့ ဉာဏ်ပညာတို့ကို ကိုယ်စားပြုပါတယ်။ လိပ်များသည်ရှေးခေတ်အီဂျစ်အနုပညာလက်ရာများတွင် အတွေ့ရများပြီး နိုင်းမြစ်လိပ်များကိုကျန်းမာရေးနှင့် သာယာဝပြောမှုကို ကိုယ်စားပြုရန်အတွက် အဆောင်လက်ဖွဲ့များတွင်ထည့် သွင်းအသုံးပြုခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာတော့ လိပ်ခွံများနဲ့ ဗေဒင်တွက်လေ့ရှိပါတယ်။မြောက်အမေရိကဒဏ္ဍာရီမှာ ကမ္ဘာလိပ်က ကမ္ဘာမြေကို သူ့ရဲ့နောက်ကျောမှာထမ်းထားတယ်လို့ဆိုထားပါတယ်။နောက်အပိုင်းမှာရော ဘယ်တိရိစ္ဆာန်လေးတွေ အပင်တွေ၊သဘာ ဝတရားတွေကကံကောင်းခြင်းကိုဖြစ်စေသလဲဆိုတာ ဆက်ဖတ်ကြည့်ဖို့ မမေ့ပါနဲ့နော်။

MYit

zawgyi

ကံေကာင္းေစတဲ့ နိမိတ္ေလးေတြ မင္းျမင္ေတြ႕ခဲ့ရဖူးလား။ ကံေကာင္းျခင္းမွာ သေကၤတေတြ၊လကၡဏာေတြရွိတတ္ပါတယ္။ အဲဒါက ပုံစံမ်ိဳးစုံနဲ႔ ကိုယ္အနားမွာ နိမိတ္ျပတတ္ပါတယ္။ကံေကာင္းေစဖို႔အတြက္ ပထမဆုံးလုပ္ရမယ့္အခ်က္ကေတာ့ အဆိုးျမင္စိတ္ေတြ၊အေတြးေတြကို ကိုယ့္စိတ္ထဲကေန ေမာင္းထုတ္တာပါပဲ။ ေကာင္းမြန္တဲ့အရာ၊ကံေကာင္းျခင္းေတြ ကိုယ့္ဆီကိုလာေနၿပီလို႔ ေတြးၾကည့္ပါ။သ ဘာဝတရားေတြ၊ အပင္ေတြ၊အင္ဆက္ပိုးမႊားေတြ၊ တိရစာၦန္ေတြစတဲ့အရာေတြကေန ကံေကာင္းျခင္းသေကၤတေတြေတြ႕ရႏိုင္ပါတယ္။ တခ်ိဳ႕ကလည္း အရာဝတၱဳေတြ၊ နံပါတ္ေတြ၊ အိပ္မက္ေတြ၊သဘာဝျဖစ္ရပ္ေတြ၊ အေရာင္ေတြနဲ႔ ေတြ႕ျမင္ရတတ္ပါတယ္။ ဒီေန႔မွာေတာ့ ကမာၻတဝန္းကကံေကာင္းေစတဲ့ နမိတ္လကၡဏာေတြကို အပိုင္း (၃)အေနနဲ႔ ေျပာျပခ်င္ပါတယ္။ေနာက္အပိုင္းေတြမွာ ဘယ္အရာေတြက ကံေကာင္းျခင္းနိမိတ္ေတြျဖစ္မလဲဆိုတာဆက္ဖတ္ၾကည့္ဖို႔ မေမ့နဲ႔ေနာ္။

လင္းပိုင္

လင္းပိုင္ေတြကိုေတြ႕ရတာက အထူးကံေကာင္းမႈလို႔ဆိုၾကပါတယ္။ ပင္လယ္ျပင္မွာေရွးေခတ္သေဘၤာသားေတြက လင္းပိုင္မ်ားအနီးမွာကူးခတ္ေနတယ္ဆိုရင္ ကံေကာင္းတယ္လို႔ယူဆၾကပါတယ္။ ၿပီးေတာ့ လင္းပိုင္ေတြက ငါးမန္းေတြကို ေမာင္းထုတ္ႏိုင္ၿပီး ေရနစ္ေနတဲ့
ေရလုပ္သားေတြကူညီေပးတာေၾကာင့္ သူတို႔ကိုကံေကာင္းေစတယ္လို႔သတ္မွတ္ၾကပါတယ္။ၿပီးေတာ့ လင္းပိုင္ေလးေတြကိုအကာအ ကြယ္ေပးသူမ်ားလို႔ ေခၚၾကပါတယ္။

ဆင္မ်ား

ဆင္မ်ားက အႀကီးဆုံးကုန္းသတၱဝါျဖစ္ၿပီး နက္နဲေသာအသိပညာ၊အာ႐ုံခံႏိုင္စြမ္းေတြရွိၾကပါတယ္။ ဆင္မ်ားက ကံေကာင္းျခင္း၊ ဉာဏ္ ပညာနဲ႔အကာအကြယ္ေတြကို ကိုယ္စားျပဳတယ္လို႔ အယူအဆရွိၾကပါတယ္။ အေရွ႕ေတာင္အာရွမွာဆင္ျဖဴေတာ္မ်ားကို ဘုန္းကံႀကီးမားတယ္၊ ကံေကာင္းတယ္ဆိုၿပီး သတ္မွတ္ၾကပါတယ္။ဆင္မ်ားက အႏုပညာနဲ႔ ယဥ္ေက်းမႈမ်ားေတြမွာ အမ်ားဆုံးသ႐ုပ္ေဖာ္ၾကၿပီးကံ ေကာင္းျခင္းသေကၤတအျဖစ္သတ္မွတ္ၾကပါတယ္။

ဖား

ဖားမ်ားကို စည္းစိမ္ဥစၥာ၊ ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ ေမြးဖြားမႈတို႔ကို ကိုယ္စားျပဳတယ္လို႔ယူဆၾကပါတယ္။ ေရာမလူမ်ိဳးမ်ားက ဖားမ်ားကို အိမ္အတြက္ကံေကာင္းေစတဲ့အေဆာင္အျဖစ္ အသုံးျပဳၾကပါတယ္။ ဖ်ားမ်ားက ေမြးဖြားျခင္း၊ရွင္သန္ထေျမာက္ျခင္းအတြက္သေကၤျဖစ္တယ္လို႔ဆိုၾကပါတယ္။ ႂကြယ္ဝခ်မ္းသာမႈမ်ားကိုဆြဲေဆာင္ရန္အတြက္ အိမ္မွာ ပိုက္ဆံဖားမ်ားကို ထားရွိၾကပါတယ္။မူလဩစေတးလ်လူမ်ိဳးမ်ားက ဖားမ်ားကို မိုးၿခိမ္းျခင္းနဲ႔ မိုး႐ြာျခင္းတို႔ကိုယူေဆာင္လာတယ္လို႔ ယုံၾကည္ၾကပါတယ္။ ေရွးေခတ္အီဂ်စ္ Hekt က ဖားနတ္ဘုရားမျဖစ္ၿပီးေမြးကင္းစကေလးမ်ားကို အကာအကြယ္ေပးခဲ့ပါတယ္။

လိပ္

လိပ္မ်ားကေတာ့ ကုန္းေနတြားသြားသတၱဝါမ်ားျဖစ္ၿပီး ယဥ္ေက်းမႈမ်ားစြာမွာအမွတ္အသားတခုျဖစ္ပါတယ္။ ဖားေတြကို ဖန္ဆင္းျခင္း၊ တည္ၾကည္ျခင္း၊ ကမာၻေျမ၊မေသႏိုင္ျခင္းနဲ႔ ဉာဏ္ပညာတို႔ကို ကိုယ္စားျပဳပါတယ္။ လိပ္မ်ားသည္ေရွးေခတ္အီဂ်စ္အႏုပညာလက္ရာမ်ားတြင္ အေတြ႕ရမ်ားၿပီး ႏိုင္းျမစ္လိပ္မ်ားကိုက်န္းမာေရးႏွင့္ သာယာဝေျပာမႈကို ကိုယ္စားျပဳရန္အတြက္ အေဆာင္လက္ဖြဲ႕မ်ားတြင္ထည့္ သြင္းအသုံးျပဳခဲ့ၾကပါတယ္။ တ႐ုတ္ႏိုင္ငံမွာေတာ့ လိပ္ခြံမ်ားနဲ႔ ေဗဒင္တြက္ေလ့ရွိပါတယ္။ေျမာက္အေမရိကဒ႑ာရီမွာ ကမာၻလိပ္က ကမာၻေျမကို သူ႔ရဲ႕ေနာက္ေက်ာမွာထမ္းထားတယ္လို႔ဆိုထားပါတယ္။ေနာက္အပိုင္းမွာေရာ ဘယ္တိရိစာၦန္ေလးေတြ အပင္ေတြ၊သဘာ ဝတရားေတြကကံေကာင္းျခင္းကိုျဖစ္ေစသလဲဆိုတာ ဆက္ဖတ္ၾကည့္ဖို႔ မေမ့ပါနဲ႔ေနာ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*